May Honey Logo May Honey
Previous Next

၉။ စားသောက်ဆိုင်

ကောင်တာကမိန်းမက စီးကရက်ကိုထုတ်ရင်း ပါးစပ်နေတဗြစ်တောက်တောက် ပြောနေတုန်းပဲ။
“ကောင်မလေး နင်ခနစောင့်။ နင့်ကိုရဲစခန်းမပို့ခင် စကားနည်းနည်းပြောရဦးမယ်”

“50 Yuanကျပါတယ်”

“ဒီကောင်မလေးဟာတွေကရော ဘယ်လောက်ကျလဲ? သူ့အတွက်လည်း ရှင်းပေးမလို့”
မော့ဟန်က တည်ငြိမ်စွာ ပိုက်ဆံအိတ်ကို ဖွင့်လိုက်တယ်။

ကောင်တာကမိန်းမက လန့်သွားပြီး ခနကြောင်သွားတယ်။ မကျေနပ်တဲ့ မျက်နှာနဲ့
“ဘာလဲ? အခက်အခဲဖြစ်နေတဲ့ ကောင်မလေးကို ကယ်နေတာလား? Sheeh~ အချိန်တွေ လာဖြုန်းနေကြတာပဲ။ သူ့ဟာတွေက 108 yuanကျတယ်”

မော့ဟန်က အိတ်တွေဆွဲပြီး လျှောက်လာတော့ ကောင်မလေးက သူ့နောက်ကနေ ခေါင်းလေးငုံကာ တိတ်တိတ်လေးလိုက်လာတယ်။

သူ့လမ်းမီးတိုင်ကိုမှီရပ်ကာ ကောင်မလေးကို မျက်နှာချင်းဆိုင်ပြီး မေးလိုက်တယ်။
“ရဲစခန်းသွားရမှာ ကြောက်တာလား?”

“ဟုတ်”
ကောင်မလေးက ခေါင်းမဖော်ဘဲ ပြန်ဖြေတယ်။

“ဒါဆို ဟို့နေ့က ရဲစခန်းသွားရမှာ ကြောက်လို့ ကားပေါ်က ဆင်းပြေးတာလား?”

“ဟုတ်”
ကောင်မလေးက ပြန်ဖြေတယ်။

“ဆိုင်ထဲက မုန့်တွေ ဘာလို့ခိုးတာလဲ?”

“ကျွန်မမခိုးပါဘူး။ သူ့ကိုပြောသားပဲ”
ကောင်မလေးက ပြန်ရှင်းပြဖို့ ကြိုးစားတယ်။

“ပိုက်ဆံမပေးရင် ဒီလိုလုပ်ဖို့ ဘယ်သူ့ကိုမှ ခွင့်မပြုထားဘူး။ ဥပဒေအရဆိုရင် ဒါခိုးမှုမြောက်တယ်”

ကောင်မလေးက ကြားရတယ်ဆိုရုံလောက် အသံလေးနဲ့
“ဗိုက်ဆာလို့”

မော့ဟန်က လမ်းမီးတိုင်ကိုမှီရင်း စီးကရက်ကိုလက်တစ်ဖက်ကကိုင်ကာ စီးကရက်ငွေ့တွေ မှုတ်ထုတ်လိုက်ရင်း ရယ်မိသွားတယ်။ မီးရောင်ဖျော့ဖျော့လေးအောက်မှာ စီးကရက်အငွေ့တွေနဲ့သူက တကယ်ကို ကြည့်ကောင်းနေတယ်။
“အခုဝတ်ထားတဲ့ အဝတ်တွေကရော ခိုးထားတာပဲလား?”

ကောင်မလေးက ခါးသီးစွာ ပြုံးကာ
“ထင်တာပါပဲ”

“မင်းကို မိသားစုတွေ သူငယ်ချင်းတွေ လာရှာသေးလား?”

“ဟင့်အင်း! ကျွန်မ အတိတ်မေ့နေတော့ သူတို့လာရှာလည်း သိမှာမဟုတ်ပါဘူး”

မော့ဟန်က စီးကရက်ကို ပြီးအောင်သောက်လိုက်ကာ မီးငြိမ်းလိုက်ပြီး နီးစပ်ရာ အမှိုက်ပုံးထဲကို ပစ်လိုက်တယ်။ ပြီးမှ သူက ကောင်မလေးကိုပြောတယ်။
“သွားရအောင်”

ကောင်မလေးက သူ့ကိုကြည့်ကာ
“ဘယ်ကိုလဲ?”

“စားဖို့”

ပထမတစ်ခါတွေ့ပြီးတည်းက နောက်တစ်ခေါက်ဆုံဖို့ သူမမတွေးမိခဲ့ဘူး။ မကြာခင်မှာ သူကသူမကို တနပ်စာဝယ်ကျွေးမယ်ဆိုပြီး သူ့ကားဆီကို သူလျှောက်သွားတာက သူမကိုရင်တလှပ်လှပ်ခုန်စေတယ်။ သူမက သူ့နောက်ကိုလိုက်ကာ ကားထဲဝင်လိုက်တယ်။

မော့ဟန်က ကောင်မလေးကို ခမ်းနားတဲ့ အနောက်တိုင်းစားသောက်ဆိုင်ကို ခေါ်သွားတယ်။ သူတို့စားသောက်ဆိုင်ထဲ ဝင်လိုက်တာနဲ့ မန်နေဂျာက မြန်မြန်ပြေးလာပြီး အပြုံးတစ်ပွင့်နဲ့ ကြိုဆိုတယ်။
“ရှေ့နေကြီး ဒီလိုနောက်ကျမှ ငါ့ဆိုင်လေးကို ဘာဖြစ်လို့ လာတာလဲ?”

ရှေ့နေကြီးက သူ့တည်ငြိမ်တဲ့အသံနဲ့ မြန်မြန်ပြောလိုက်တယ်။
“စားဖို့”

မန်နေဂျာက သူ့နောက်က ဆံပင်အတိုနဲ့ ကောင်မလေးကို မြင်လိုက်တယ်။ သူမက လူကြီးဝတ်မီးခိုးရောင်ဝတ်ရုံကြီးနဲ့ ဆေးရုံဘောင်းဘီကို ဝတ်ထားတယ်။ သူမက စားသောက်ဆိုင်ကို တအံ့တသြ ကျီးကန်းတောင်းမှောက်ကြည့်နေတယ်။ အမေရိကန်က သူ့ချစ်သူမိန်းကလေးအပြင် မော့ဟန်ကို သူ့စားသောက်ဆိုင်မှာ ဒီငယ်ငယ်ကောင်မလေးကလွဲရင် တခြားမိန်းကလေးတစ်ယောက်နဲ့ တွဲမတွေ့ဖူးဘူး။

သူက မော့ဟန်ပုခုံးကို ပုတ်လိုက်ကာ လူယုတ်မာအပြုံးနဲ့
“ဟေ့ကောင်! မင်းကြိတ်ပုန်းခုတ်နေတာလား? ဒီကောင်မလေးက . . . မင်းအသက်နဲ့ဆိုရင် အရမ်းငယ်တယ်နော်”

မော့ဟန်က သူ့ကိုအကြည့်စူးတစ်ချက်ပစ်လွှတ်လိုက်ကာ ပေါက်ကွဲတော့တယ်။
“ပိုင်ယု မင်းမှာစနောက်နေဖို့ အချိန်ရတယ်ဆိုရင် ငါ့ law firmမှာ တစ်နှစ်တစ်နှစ် ဘယ်လောက်အကြွေးလာတင်နေလဲ တွက်နေပါလား?”

ကြောက်ဖို့ကောင်းတဲ့ အရင်းရှင်ရှေ့နေကြီးလို့ ပိုင်ယုက သူ့ဟာသူတွေးနေမိတယ်။
“မင်းကိုစလို့တောင် မရဘူးလား အရေးကြီးပုဂ္ဂိုလ်ရှေ့နေကြီးရ! ဒါဆို ဘယ်မှာထိုင်မှာလဲ? ဘာစားမှာလဲ? အရင်လိုပဲလား?”

မော့ဟန်က အနားက ထိုင်ခုံမှာထိုင်လိုက်ပြီး သူ့ရှေ့မှာ ထိုင်နေတဲ့ ကောင်မလေးကို
“ဘာစားချင်လဲ?”

သူမက အစားအသောက်ကို ချေးမများတက်ပါဘူး။
“ကောင်းတာ ဘာပဲဖြစ်ဖြစ်။ စိတ်ကြိုက်မှာလေ”

မော့ဟန်က ပိုင်ယုကို လှည့်ပြောလိုက်တယ်။
“ပုံမှန်လိုပဲ။ နှစ်ပွဲလောက်”

Previous Chapter 9 of 10 Next