၅၇။ ပြန်ရောက်လာခြင်း
ရှုချင်းရီက သူမဖုန်းကို အချိန်ကြာကြာကြည့်သော်လည်း မနက်ကလိုမျိုး သူမဘာမှမခံစားရပေ။ သူမဘာမှတ်ညဏ်မှ ပေါ်မလာသလို ထိုစာနှစ်လုံးကိုကြည့်သော်လည်း ဘယ်လိုမှမနေပေ။
ရှုချင်းရီက မနက်က မြင်တာကိုတောင် သူမစိတ်ကူးယဉ်မိတာလာဟု ထင်လာမိသည်။
“တစ်ခုခုမှတ်မိလာလား?”
“ဟင့်အင်း”
သူမခေါင်းခါပြလိုက်သည်။
“အဲ့ဒါဆိုရင်လည်း တွေးမနေနဲ့တော့။ သွားအိပ်။ နောက်ကျနေပြီ”
“ညီမလေး အကုန်မှတ်မိလာတဲ့နေ့ရောက်လာရင် ဘယ်လိုလုပ်ရမလဲ?”
မော့ဟန်က ခနလောက်အေးခဲသွားသည်။ ထို့နောက် ညင်သာစွာပြုံးပြကာ
“ဘာလုပ်နိုင်မှာမလို့လဲ? အကုန်မှတ်မိလာရင် မင်းဘဝအစစ်ထဲကို မင်းကိုပြန်သွားဖို့ ငါတို့သဘောတူထားတယ်မလား? ငါကလည်း မင်းအကိုအရင်းမှ မဟုတ်တာ”
ရှုချင်းရီ၏ စိတ်မချမ်းသာဖြစ်သွားသည့်မျက်နှာလေးကို မော့ဟန်က ရှင်းရှင်းလင်းလင်းမြင်လိုက်သော်လည်း သူ့ကိုယ်သူအတင်းပြုံးစေကာ
“နောက်ဆုံးကျရင် မင်းထွက်သွားရမှာက အမှန်တရားပဲလေ”
ရှုချင်းရီကလည်း ဘာမှမဖြစ်သလိုမျက်နှာထားလေး ပြန်ပြောင်းသွားကာ မော့ဟန်ကို မော့ကြည့်ပြီး
“ညီမလေး အိပ်တော့မယ်။ ကိုကြီးလည်း စောစောအိပ်သင့်တယ်နော်”
အရာအားလုံးသာ ချောမွေ့ခဲ့ပါက မှတ်ညဏ်တွေ ပြန်ရသည်နှင့် ရှုချင်းရီက သူမအိမ်သူမပြန်သွားမည် ဖြစ်သည်။ မော့ဟန်ကလည်း သူမကို စောင့်ရှောက်ထားရသည့် အဖိုးအခကို ပြန်ရမည်ဖြစ်ကာ သူတို့ကြားတွင် ဒီလိုထူးဆန်းသည့် မွေးစားမောင်နှမဆိုသည့် ပတ်သတ်မှုမျိုးလည်း ဆက်ရှိမှာ မဟုတ်တော့ပါ။ သူက အေးစက်သည့် အလုပ်ရူးတစ်ယောက်ဖြစ်သောကြောင့် သူမထွက်သွားသည့်အခါ အရာအားလုံးမှာ အရင်လိုပြန်ဖြစ်သွားမည် ဖြစ်သည်။
ဒါပင်မယ့်လည်း အနာဂတ်ဆိုတာ ဘယ်သူကမှ ကြိုခန့်မှန်းနိုင်သည့် အရာမျိုးမဟုတ်ခဲ့သည်ပဲ။ ရှုချင်းရီက သူမအတိတ်ကို ပြန်မှတ်မိသွားခြင်းက မော့ဟန်အတွက် ဘယ်လိုအဓိပ္ပာယ်ဖြစ်လာမလဲဆိုသည်ကို ဒီအချိန်တုန်းက သူကိုယ်တိုင်လည်း မသိခဲ့ခြင်းဖြစ်သည်။ အရာအားလုံးက ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
မော့ဟန်နဲ့ဖုန်းပြောပြီးသည့်အခါ ရှန်ယို့က တရုတ်ပြည်ကိုပြန်လာဖို့ ရုတ်တရပ် ဆုံးဖြတ်ချက်ချလိုက်သည်။ မော့ဟန်နှင့်သူမ မတွေ့ခဲ့ရသည်မှာ ၃လကြာပြီဖြစ်သည်။ နောက်ဆုံးအကြိမ် သူနှင့်သူမတွေ့ခဲ့တုန်းက မော့ဟန်ကိုယ်တိုင် နိုင်ငံခြားအထိလာရှင်းရန်လိုသည့် အမှုကိစ္စရှိသောကြောင့် သူမနှင့် အမေရိကတွင် တွေ့ခဲ့ကြခြင်းဖြစ်သည်။ လွန်ခဲ့သည့်နှစ်က သူမဒီနိုင်ငံကနေ ထွက်သွားကတည်းက သူတို့နှစ်ယောက် ၃လထက်ပင်ပိုသော တစ်ယောက်ကိုတစ်ယောက် မတွေ့ရသည့်အချိန်များကို ဖြတ်ကျော်ခဲ့ရသည်။ ဒါပင်မယ့်လည်း ဒီတစ်ခေါက်ဖုန်းပြောပြီးသည့်အခါ ရှန်ယို့မှာ သူမမဖြစ်မနေပြန်ရမည်ဟု ဘာအကြောင်းကြောင့်မှန်းမသိ အမြန်ဆုံးဖြတ်ချက်ချခဲ့ခြင်းဖြစ်သည်။
မော့ဟန်က အနည်းငယ်ပြောင်းလဲသွားသည်ဟု သူမခံစားရသည်။ ထိုအရာက သူမအတွက် ကောင်းမည်လား ဆိုးမည်လားတော့ သူမသေချာမသိသေးရုံပဲရှိသည်။
မော့ဟန်ကိုလွမ်းနေရခြင်း၏ အဓိကအချက်မှာ သူနှင့်သူမ အချိန်တူတူကုန်ဆုံးချင်၍ ဖြစ်သည်။ ထို့ကြောင့် သူမအလုပ်ရှင်ကတားနေသော်လည် သူမခွင့်တစ်လယူကာ တရုတ်ပြည်ကို ပြန်လာခဲ့သည်။
သူမလေဆိပ်ကိုရောက်သည့်အခါ ည၇နာရီရှိပြီ ဖြစ်သည်။ အစက သူမကိုလာကြိုဖို့ မော့ဟန်ကို ဖုန်းဆက်ဖို့ တွေးမိပင်မယ့် ဒီအချိန်တွင် သူအလုပ်လုပ်နေလောက်သေးကာ သူ့အလုပ်ကိုနှောင့်ယှက်သည်ကိုလည်း မကြိုက်ပေ။ သူမတွင်လည်း အိမ်သော့ရှိနေသောကြောင့် အိမ်ကိုပြန်စောင့်နေကာ သူပြန်ရောက်မှ surpriseလုပ်တော့မည်။ ထို့ကြောင့် သူမဖုန်းကို အိတ်ထဲပြန်ထည့်ကာ luggageကိုဆွဲရင်း မော့ဟန်၏အိမ်ကိုသွားရန် Taxiငှားလိုက်သည်။ မော့ဟန်က အိမ်ပြန်ရောက်သည့်အခါ သူမကိုတွေ့လျှင် ပျော်သွားလိမ့်မည်။
ရှန်ယို့က သူမluggageကို ဧည့်ခန်းထဲတွင် ချပြီးသောအခါ တစ်ခုခုက ထူးဆန်းနေသလို သူမခံစားရသည်။
‘တစ်ခုခုတော့ လွဲနေပြီ!’
သူမပတ်ဝန်းကျင်ကို စူးစမ်းကြည့်သောအခါ စားပွဲပေါ်က လန်းဆန်းနေသေးသည့်ပန်းများဖြင့် အလှဆင်ထားသည့် ပန်းအိုးကိုတွေ့သည်။ ပြီးတော့ ဒီမနက်ပိုင်းလေးမှ မီးဖိုချောင်ကို ဝင်ထွက်ထားသည့် လက္ခဏာများလည် ရှိသည်။ ပန်းပွင့်ပုံတွေနှင့် ချည်သားကူရှင်တစ်ခုက မီးခိုးရောင်အခင်းပေါ်တွင် ထင်းထင်းကြီးရှိနေကာ သူမခြေထောက်ဆိုဒ်ထက်သေးသည့် ဖိနပ်တစ်ရံတောင်ရှိနေသေးသည်။
‘လွဲနေပြီ! လွဲနေပြီ! အကုန်လုံက မှားနေတယ်!’
မော့ဟန်က အိမ်ထဲတွင် ဒီလိုပန်းအိုးမျိုးကို ဂရုမစိုက်နိုင်သလို မီးဖိုချောင်ကိုလည်း ဝင်ခဲလေသည်။ ဒီလိုခုံမျိုးဝယ်မှာလည်း မဟုတ်သလို ဒီဖိနပ်ကလည်း သူ့ဟာမဟုတ်ပေ။ ဒီအိမ်မှာ တခြားတစ်ယောက်က နေနေတယ်။ ဒါကလည်း မိန်းကလေးဖြစ်ရမည်။ ပြီးတော့လည်း ဒီမှာနေတာ ကြာပုံပေါ်သည်။