May Honey Logo May Honey
Previous Next

၄၁။ အကျီပေါ်သွားသည့်အခါ

မော့ဟန်က မျက်လုံးမှိတ်လိုက်ပြီး
“လေကန်မနေနဲ့တော့။ မီးပိတ်လာပြီး အိပ်တော့”

ရှုချင်းရီ မီးပိတ်ကာ ကုတင်ပေါ်တက်အိပ်လိုက်သည်။ မော့ဟန်ကုတင်ပေါ်မှာ အိပ်ရတာဖြစ်သောကြောင့် သူမစိတ်ငြိမ်သွားသည်။ မသေချာသည်များကို သူမစဉ်းစားချင်တော့ပေ။ ဖြစ်လာကာမှ အကောင်းဆုံးဖြေရှင်းတော့မည်။ အခုတော့ သူမလက်ရှိအချိန်ကို တန်ဖိုးထားကာ ပျော်ပျော်နေတော့မည်။

နောက်နေ့မနက်မှာတော့ သူမက ထုံးစံအတိုင်း မော့ဟန်နှိုးမှ နိုးလာသည်။ သူမမျက်လုံးပွင့်လာသည့်အချိန်တွင် မော့ဟန်က ဝတ်စုံအပြည့်ဝတ်ပြီးသားဖြစ်သည်။ မော့ဟန်က စားပွဲဘေးတွင်ရပ်ကာ စာရွက်စာတမ်းများကို ကြည့်နေသည်။

“နိုးနေရင်လည်း မြန်မြန်ထတော့။ ထမင်းစားခန်းထဲက စားပွဲပေါ်မှာ မနက်စာပြင်ထားပြီးသား”

“ဟုတ်ကဲ့ . . .ဒါနဲ့ ဘယ်နှစ်နာရီရှိပြီလဲ?’
ရှုချင်းရီက မျက်လုံးပွင့်မလာသေးဘဲ အိပ်ချင်မူးတူးဖြင့် မေးသည်။

“၈နာရီထိုးနေပြီ။ အတန်းမရှိဘူးလား?”

ရှုချင်းရီ၏ အိပ်ချင်မှုများမှာ အစအနတန်းပျောက်သွားသည်။ သူမက ရေပက်ကာ နှိုးခံလိုက်ရသည့်သူလို တန်းထကာ
“အာ. . .မဖြစ်ဘူး! အတန်းရှိတယ်! ဘယ်လိုလုပ်ရပါ့!”

“ခနနေရင် လိုက်ပို့ပေးမယ်”
မော့ဟန်က သူ့နက်ကတိုင်ကို အမြန်ချည်ပြီးသည့်အခါ နာရီကိုကြည့်ရင်းပြောသည်။

မော့ဟန်လိုက်ပို့ခြင်းက လိုင်းကားစီးရမည်ထက် ပိုမြန်မည်ကို တွေးမိသောအခါ ရှုချင်းရီက အပျင်းကြီးစွာ အိပ်ရာပေါ်သို့ ခနမှေးအိပ်ရန် စောင်ခြုံကာ ပြန်လှဲသွားသည်။

ထမည့်ပုံမရှိသည့် ရှုချင်းရီကိုမြင်သည့်အခါ မော့ဟန်က စောင်ကိုဆွဲခွာရင်း ဆူတော့သည်။
“ထတော့! အတန်းနောက်ကျမှ ကိုကြီးကြောင့်ဆိုပြီး လာမလုပ်နဲ့”

ရှုချင်းရီက နှုတ်ခမ်းလေးကိုဆူကာ လည်ပင်းလေးကို ပွတ်ရင်း ထလာသည်။ သက်သောင့်သက်သာရှိလွန်းသည့် မော့ဟန်အိပ်ရာကြောင့် သူမက ကောင်းကောင်းအိပ်ပျော်ခဲ့သည်။ သူမဆံပင်တွေက ငှက်သိုက်လိုပွနေကာ အကြောဆန့်ပြီး သန်းဝေကာ ရေချိုးခန်းသို့ သွားသည်။

မော့ဟန်က သူ့ဘေးက ထွက်သွားသည့် ရှုချင်းရီကို အမှတ်တမဲ့ ငုံကြည့်လိုက်ရာ ထိုကောင်မလေး၏ ရင်ဘတ်ကြားကို သူမ၏ပွယောင်းသည့် ညဝတ်အကျီအောက်မှ မြင်လိုက်သည်။ သူကဘာမှမမြင်လိုက်သလို ခေါင်းကိုချက်ချင်းမော့လိုက်သည်။ အခုတော့ ဟိုတနေ့ညက ရှုချင်းရီပြောခဲ့သည့် ကလေးမဟုတ်တော့ဘူး။ အရွယ်ရောက်နေပြီဆိုသည်ကို သူယုံသွားပြီ။

ဘာမှသတိမထားမိသည့် ရှုချင်းရီကတော့ အိပ်ချင်မူးတူးဖြင့် ရေချိုးခန်းထဲ ဝင်သွားသည်။ မျက်နှာသစ်ပြီးထွက်လာသော်လည်း သူမမျက်လုံးတွေက အိပ်ချင်စုံမွှားဖြစ်နေဆဲပင်။ သူမအဝတ်တွေက ပွနေကာ အပေါ်ဆုံးကြယ်သီးတစ်လုံးမှာလည်း ပြုတ်နေပြီး သူမရင်ညွန့်က အသားဖွေးဖွေးလေးမှာ ပေါ်နေသည်။ မော့ဟန်က သူမကိုလှမ်းကြည့်လိုက်သောအခါ မရည်ရွယ်ဘဲ ထိုအရာကို ထပ်မြင်ပြန်သည်။

မော့ဟန်က မျက်မှောင်ကျုံကာ
“မြန်မြန် အဝတ်သွားလဲစမ်းပါကွာ”

ရှုချင်းရီက မော့ဟန်ကို ခေါင်းငြိမ့်ပြလိုက်သော်လည်း သူမအခန်းထဲကို အေးအေးဆေးဆေးဝင်သွားကာ လဲပြီးမှထွက်လာသည်။

ရှုချင်းရီက မော့ဟန်ကားထဲရောက်သောအခါ ခေါင်းကမူးရိပ်မူးရိပ်ဖြစ်နေသောကြောင့် သူမအိတ်ကို ပိုက်ထားကာ ကားမှန်ကိုမှီကာ လမ်းဘေးဝဲယာကိုကြည့်ရင်း လိုက်လာသည်။

မော့ဟန်က ရှုချင်းရီကျောင်းတက်ရသည်ကို စိတ်ဝင်စားမှုမရှိမှန်း သိသော်လည်း သူမကိုယ်တိုင်က တက်ပါမယ် ပြောထားသောကြောင့် စိတ်သိပ်မပူတော့ပေ။ သို့သော်လည်း မော့ဟန်က သတိပေးလိုက်သည်။
“ကျောင်းမှာ နိုင်သလောက် စာကိုသင်လာခဲ့။ ဒါတွေက နောင်တစ်ချိန် အလုပ်ခွင်ထဲရောက်ရင် အသုံးဝင်လာလိမ့်မယ်”

ရှုချင်းရီက မော့ဟန်ကို ဘာမှပြန်မပြောပေ။ ဘာကြောင့်လဲ သူမမသိပင်မယ့် ကျောင်းတက်နေရတာက သူမပုံစံမဟုတ်ဘူးဟု ခံစားနေရသည်။ ကျောင်းတွင်သင်နေမျှက သူမအတွက် ပျင်းဖို့ကောင်းလွန်းသည်။ ကျောင်းသားအများစုက တက္ကသိုလ်တွင် ဉီးနှောက်ကိုဘယ်လိုဖြစ်ညှစ်လုပ်လို့ အမှတ်ကောင်းတွေရနေမှန်း သူမဘယ်လိုမှ နားမလည်ပေ။

“အတန်းပြီးတာနဲ့အိမ်ပြန်။ Law firmမှာ ရှင်းစရာကိစ္စတွေ များနေလို့။ အိမ်ကိုပြန်တက်တယ်မလား?”
မော့ဟန်က ကားကိုဂရုတစိုက်မောင်းနေရင်းက ပြောသည်။

“အင်း ပြန်တက်ပါတယ်။ အလုပ်ပဲ အာရုံစိုက်လုပ်လေ”

“ပျင်းရင်တော့ ရုံးလာလေ”

ရှုချင်းရီက ရယ်ရင်းခေါင်းခါသည်။
“တော်ပါပြီ။ ကိုကြီးရုံးက ပိုပျင်းဖို့ကောင်းတယ်။ အိမ်ပဲပြန်လိုက်မယ်”

Previous Chapter 41 of 75 Next