May Honey Logo May Honey
Previous Next

၅။ ရှင်လောင်းချရဲလို့လား?

လုပ်ဖော်ကိုင်ဖက်မလေးက ကြောက်လန့်လွန်းပြီး အော်တာ မျက်ရည်တွေတောင်ကျတယ်။
“ကယ်ကြပါ! ကယ်ကြပါဦး! ကျွန်မ ရုပ်ပျက်ဆင်းပျက် မဖြစ်ချင်ဘူး။ ရှေ့နေကြီး . . .”

သူမနားက လုပ်ဖော်ကိုင်ဖက်တွေက ဒီလိုဖြစ်တာကို မယုံကြည်နိုင်ကြဘူး။ လူဝကြီးနောက်က သူ့မိသားစုဝင်တွေကတောင် ရှော့ရပြီးကြည့်နေမိတယ်။ ဆာလဖျူရစ်အက်စစ်ကို ဘယ်လိုရလာလဲ ဘယ်သူမှမစဉ်းစားတက်ဘူး။ လူတိုင်းက နားလည်နိုင်စွမ်းကို ကျော်လွန်ပြီး ဒီလူကြီးကို စိတ်လှုပ်ရှား ကြောက်ရွံစွာ ကြည့်နေကြတယ်။

သူအဖုံးဖွင့်လိုက်တဲ့အခါ လူတိုင်းက အသက်ရှုတောင် ရပ်မိကြတယ်။ အသည်းငယ်တဲ့ လုပ်ဖော်ကိုင်ဖက်မလေးတွေက ကြောက်လန့်တကြား အော်ကြတယ်။ သူက စိတ်အလွန်ကြွကာ ခြောက်ကပ်ကပ်ရယ်ရင်း သူ့ဟာသူတတွတ်တွတ်ပြောတယ်။
“ဒါကို ဘယ်နားလောင်းရင် ကောင်းမလဲ? မျက်လုံးလေးလား? နှုတ်ခမ်းလေးလား? ရှေ့နေကြီးက ဘာပြောဦးမလဲ? ခင်ဗျားက တော်တဲ့သူမလား?”

မိန်းကလေးက ဒါကိုကြားတော့ မျက်ရည်တွေကျလာပြန်တယ်။ သူမက အတင်းရုန်းကာ
“မဖြစ်ဘူး!. . . ကျေးဇူးပြုပြီး ကျွန်မကို ကယ်ပေးပါ . . . ရှေ့နေကြီး!”

လူဝကြီးက သူမလည်ပင်းကို ညှစ်လိုက်ကာ ခြောက်ကပ်ကပ်ရယ်ပြီး
“မလှုပ်နဲ့ အလှလေး! မင်းမျက်နှာလေး ပျက်စီးသွားမှာ ငါဂရုမစိုက်ဘူးနော်!”

မော့ဟန်က သူ့စိတ်ကို ကြိုးစားထိန်းလိုက်တယ်။ သူမတ်မတ်ရပ်ကာ စိတ်ဖောက်နေတဲ့သူနဲ့ စကားပြောလိုက်တယ်။
“ခင်ဗျားညီရဲ့ မတော်တဆမှုအတွက် လက်စားချေဖို့ ဒီကိုလာတာမလား? ဟုတ်ပြီ။ အရင်ထိုင်လိုက်။ ပြီးတော့ ကျွန်တော်တို့နှစ်ယောက် ဆွေးနွေးကြမယ်။ ကျွန်တော် လူသတ်သမားကို ကူရှာပေးဖို့ သဘောတူပါတယ်။ ဒါပင်မယ့် ကျေးဇူးပြုပြီး ကျွန်တော့်ဝန်ထမ်းကို ဘာမှမလုပ်ပါနဲ့။ ကျေးဇူးပြုပြီး လွှတ်ပေးလိုက်ပါဗျာ”

နောက်အတွေးတစ်ခု ဝင်လာပြီး သူထပ်ဖြည့်ပြောတယ်။
“ခင်ဗျားစိတ်ပူနေသေးရင် သူ့နေရာမှာ ကျွန်တော် ဓားစာခံလုပ်ပေးမယ်”

လူဝကြီးက ရူးသွပ်စွာ ရယ်ရင်း မော့ဟန်ကို တမင်ပြောတယ်။
“ရှေ့နေကြီး! ခင်ဗျားက အရမ်းတက်နိုင်တာပဲလား? အခုတော့ ငါ့ကိုနှိမ့်ချပြီး ဦးညွတ်နေရပြီမလား! ဒီမနက် တရားရုံထဲကပုံနဲ့ လုံးဝမတူပါလား!”

အခြေအနေတွေက ဆက်လက်ပြင်းထန်ဆဲဖြစ်ပြီး လူတိုင်းက လူဝကြီးကိုကြည့်လိုက် ရှေ့နေကြီးကိုကြည့်လိုက်နဲ့ မိန်းကလေးကို အက်စစ်နဲ့ပက်လိုက်မလား စိုးရိမ်ထိတ်လန့်နေကြတုန်းမှာပဲ အနောက်ကနေ အားနည်းလှတဲ့ မိန်းကလေးအသံလေး ထွက်လာတယ်။

“ရှင့်လက်ထဲကဟာက ဆာလဖျူရစ်အက်စစ်မဟုတ်ဘူး”
အသံလေးက နူးညံ့ပြီးပြုံးရွှင်နေတယ်။

ခေါင်းတွေက ဆေးရုံဝတ်စုံဝတ်ထားတဲ့ ဖြူဖျော့နေတဲ့ပိန်ပိန်ပါးပါး ကောင်မလေးကို တန်းလှည့်ကြည့်ကြတယ်။ သူမက ဧည့်ခန်းဝမှာရှိနေပင်မယ့်လည်း သူမမျက်နှာမှာ ဘာအမှုအယာမှမပေါ်ဘူး။ သူမက သာမန်အချက်တစ်ခုကို ပြောနေတဲ့ပုံတောင်ပေါ်နေတယ်။ သူမအသံက ပြတ်သားပြီး ရှင်းလင်းနေတယ်။

ခြောက်ကပ်ကပ် လှောင်ရယ်သံက လူဝကြီးဆီကနေ ထွက်လာတယ်။
“ကလေးမ ကျောင်းမှာ ဆာလဖျူရစ်အက်စစ်အကြောင်း မသင်ရဘူးလား? ဘာမှမသိရင်လည်း ပါးစပ်ပိတ်ထားစမ်းကွာ!”

သူမက သူ့ဆီကို အထင်သေးစွာ ကြည့်လျှောက်သွားတယ်။ ပြီးတော့ မျက်နှာမှာ မျက်ရည်တွေရွှဲနေတဲ့ မိန်းကလေးဆီ တစ်ချက်စွေကြည့်လိုက်ကာ
“ရှင်လောင်းချရဲလို့လား?”

လူတိုင်းက သူမစကားကြောင်း လန့်ကုန်ကြတယ်။ သူ့လိုလူဆိုးက ဘာမဆိုလုပ်ရဲတယ်။ လွန်ခဲ့တဲ့လတုန်းက တရားရုံးမှာ firmက သူနဲ့ တရားပြိုင်ခဲ့ရတာကြောင့် သူကဂိုဏ်းတွေနဲ့ ပတ်သက်မှန်း သူတို့သိခဲ့ကြတယ်။ အခုတော့ ဒီကောင်မလေးက သူ့စကားကို သွားမေးခွန်းထုတ်နေတယ်လား! ပုလင်းထဲမှာ ဆာလဖျူရစ်အက်စစ်ပါနေပြီး သူ့ကိုလောင်းချလိုက်ရင် ဘယ်လိုလုပ်ကြမလဲ?
မော့ဟန်လည်း ခေါင်းခါမိကာ ကာလို့ရမယ့်နေရာမှာ ကြိုနေရာယူထားလိုက်တယ်။

လူဝကြီးက ရယ်ပြောလိုက်တယ်။
“ငါဘယ်သူလဲ မင်းမသိဘူးမလား? သိတယ်ဆိုရင်တော့ မြန်မြန်လစ်တော့! ငါ့လမ်းကို ဝင်မလာနဲ့! မင်းကို အက်စစ်နဲ့ ပက်လိုက်မှ တကယ်ကြောက်လန့်ပြီး ငိုနေရမယ်”

“ဒါပင်မယ့် ဒါက ဆာလဖျူရစ်အက်စစ်မှ မဟုတ်တာ”
ကောင်မလေးက နောက်ဆုတ်မယ့်ပုံ မပေါ်ဘူး။ သူ့လက်ထဲက ပုလင်းကိုတောင် အတင်းဆွဲလုချင်နေသေးတယ်။

လူကြီးက ဒေါသထွက်သွားတယ်။ ဘယ်သူကမှ သူ့ကို အရင်က ဒီလိုမဆန့်ကျင်ဖူးဘူး။ သူဖမ်းထားတဲ့မိန်းကလေးကို လွှတ်လိုက်ကာ မခန့်လေးစားလုပ်နေတဲ့ ကောင်မလေးကို ကြမ်းပြင်ပေါ် ပိတ်ကန်လိုက်တယ်။
“Fxxk you! သေချင်နေတာလား? သေချင်တဲ့ဆန္ဒကို ဖြည့်စည်းပေးမယ်!”

ပုလင်းထဲက အရည်တွေကို သူမအပေါ်လောင်းချလိုက်တယ်။ Firmထဲကလူတွေက အော်ကုန်ကြတယ်။ အသည်းငယ်တဲ့သူတချို့က မေ့လဲကုန်တယ်။ ယောကျာၤးလေးတချို့က သူမကိုဆွဲထုတ်လိုက်ပင်မယ့် အချိန်မမှီလိုက်ဘူး။ သူမအပေါ်ကို အက်စစ်တွေ လောင်းချလိုက်တာကို မော့ဟန်မြင်တော့ အသက်ရှုတောင်ရပ်သွားပြီး ဒိန်းခနဲ ရင်တွေ စောင့်ခုန်သွားတယ်။ သူဒီလို မခံစားမိတာတောင် အတော်ကြာနေခဲ့ပြီ။

Previous Chapter 5 of 10 Next