၅၁။ အရင်အိပ်ယာဝင်နှင့်မယ်
“ပြီးခါနီးနေပြီ။ ဒီကအလုပ်တွေကို နည်းနည်းလက်စသတ်ဖို့လိုနေလို့”
မော့ဟန်က ပြောသည်။
“ဘာစားချင်လဲ?”
“ဘာပဲဖြစ်ဖြစ်။ အစပ်မဟုတ်တဲ့ဟာမျိုး”
မော့ဟန်အိမ်ကို ပြန်ရောက်သည့်အခါ ၁၀နာရီဖြစ်နေပြီး သူ့ရုံးအနားက ဆိုင်မှမုန့်လည်း ဝယ်လာခဲ့သည်။ အစက ရှုချင်းရီအတွက်ပဲ စွပ်ပြုပ်ဝယ်ဖို့ ရည်ရွယ်ထားပင်မယ့် ထိုကောင်မလေးရှိနေတည်းက သူ့၏အစားစားချင်စိတ်လည်း ပြန်အလုပ်လုပ်လာသောကြောင့် သူ့အတွက်ပါ နှစ်ပွဲဝယ်လာဖြစ်ခဲ့တော့သည်။
သူ့ဖိနပ်လဲပြီး ဧည့်ခန်းထဲကို ဝင်လာသောအခါ ရှုချင်းရီက ကြမ်းပြင်ပေါ်တွင် တင်ပလ္လင်ခွေထိုင်ရင်း ဆိုဖာကိုမှီကာ သူမခြေထောက်သွယ်သွယ်လေးတွင် ပေါ်နေသည်ကို သတိမထားမိဘဲ TVကြည့်နေလေသည်။
“ကြမ်းပြင်ပေါ်မှာ မအေးဘူးလား?”
မော့ဟန်က စားပွဲပေါ်တွင် မုန့်ထုပ်တွေကိုချရင်းမေးသည်။
ရှုချင်းရီ၏ မျက်လုံးများမှာ မုန့်ကိုမြင်သည်နှင့် တောက်ပလာသည်။
“မအေးပါဘူး။ ထိုင်ကောင်းပါတယ်”
ရှုချင်းရီက စားပွဲပေါ်က မုန့်ထုပ်များကို လာဖွင့်ရင်း
“ဝယ်လာတာက များမနေဘူးလား?”
“ငါလည်းစားမှာ”
ရှုချင်းရီက သူ့ကိုမော့ကြည့်ကာ သွားပေါ်အောင်ရယ်ပြရင်း
“ကောင်းတာပေါ့။ အဖော်ရပြီ။ အတူတူစားကြမယ်နော်”
မော့ဟန်က လက်တစ်ဖက်ဖြင့် နက်ကတိုင်ကိုဖြေရင်း နောက်တစ်ဖက်ဖြင့် သူ့ခါးပေါ်က အကျီကြယ်သီးကို ဖြုတ်ကာ အခန်းထဲကို ဝင်သွားရင်း
“ခနစောင့်ဦး။ မုန့်တွေကို ထမင်းစားခန်းက စားပွဲပေါ်မှာထားလိုက်။ မစားခင် အရင်အဝတ်သွားလဲလိုက်မယ်”
ရှုချင်းရီက စားပွဲပေါ်က မုန့်များကို ငမ်းနေရင်းကနေ
“မြန်မြန်လဲနော်!”
မော့ဟန်က အိမ်နေရင်း အဝတ်ကိုလဲလိုက်ပြီးသွားချိန်မှာတော့ ရှုချင်းရီက ထမင်းစားခန်းက စားပွဲဘေးတွင် တူတစ်စုံကိုင်ကာ ကျကျနနထိုင်နေရင်း မုန့်ကိုပဲ ကြည့်နေသည်။
“ကဲ စားကြတာပေါ့”
မော့ဟန်စကားမဆုံးခင်တွင်ပဲ ရှုချင်းရီက သူမအတွက်ထည့်ကာ စစားတော့သည်။
မော့ဟန်ကတော့ ဒီလိုအရမ်းဆာနေပုံရသည့် ကောင်မလေးကိုကြည့်ကာ ရယ်မိတော့သည်။ ထို့နောက် သူလည်းတူတစ်စုံကိုင်ကာ သူမနှင့်အတူစားလေသည်။
ရှုချင်းရီက အစားစားနေချိန်တွင် ဘယ်သူ့ကိုမှ ကြည့်မနေကာ ဘယ်သူနဲ့မှလည်း စကားမပြောတက်ပေ။ မျက်လုံးအပြူးသားလေးဖြင့် ပါးစပ်အပြည့် မုန့်များသွပ်ကာ ငတ်နေသည့်အကောင်လေးလို စားလေ့ရှိသည်။
“ဖြည်းဖြည်းစား။ ဒီမှာလုစားမယ့်သူ မရှိပါဘူး”
“ညနေစာမစားရသေးဘူး။ ပြီးတော့ နေ့ခင်းလောက်ကတည်းက ဆာနေတာ”
ရှုချင်းရီက နှုတ်ခမ်းလေးဆူကာ ပြောသည်။
“ညနေစာက ဘာဖြစ်လို့ မစားတာလဲ?”
“ကျောင်းမှာဖြစ်တဲ့ လူသတ်မှုလေ။ ညီမလေးက တိုင်တဲ့သူဆိုတော့ ရဲတွေက တစ်ယောက်ပြီးတစ်ယောက် ခနခနလာမေးနေကြတာ။ အဲ့ဒါနဲ့ပဲ အစားစာချိန်က ကျော်ကုန်ရော”
“သိသလောက် ပြောပြထားပြီးသားပဲကွာ။ ဒီကရဲအရာရှိတွေကိုငါသိတယ်။ အဲ့ဒါကြောင့် အရမ်းအဆင်မပြေဖြစ်လာရင်ပြော။ ကိုကြီးအရမ်းမေးမနေဖို့ ပြောပေးထားမယ်”
ရပါတယ်။ အမှုက မကြာခင်ပေါ်တော့မှာပဲဟာ
မော့ဟန်က မုန့်ကိုပဲ လောဘတကြီးကြည့်ကာစားနေသည့် ကောင်မလေးကို မျက်လုံးစွေကြည့်ကာ
ဘယ်လိုဖြစ်လို့လဲ?
ရှုချင်းရီက သူ့ကိုတည်တည်ငြိမ်ငြိမ်ပင် ပြန်ကြည့်ကာ
ပြီးတော့မှာပါ။ အခုတလော ရဲတွေကလည်း ကြိုးကြိုးစားစား အလုပ်လုပ်နေကြတာပဲကိုး
မော့ဟန်က ဒီကောင်မလေးကို ထပ်မေးချင်သောလည်း သူမအာရုံမှာ မုန့်အပေါ်တွင်သာ ရှိနေသောကြောင့် သူလည်းခေါင်းပြန်ငုံကာ ဆက်စားလိုက်သည်။
သူတို့နှစ်ယောက်စားပြီးသည့်အခါ ရှုချင်းရီက ဆေးကြောပြီးသည်နှင့် မော့ဟန်အခန်းထဲက သူမနေရာတွင် နေရာယူရန် ပြင်နေစဉ် မော့ဟန်ကတော့ စာကြည့်ခန်းထဲတွင် မပြီးသေးသည့်အလုပ်များကို သူ့ကွန်ပျူတာဖြင့် လုပ်နေသည်။
ကိုကြီးရေ ညီမလေး အရင်အိပ်ရာဝင်နှင့်မယ်နော်
ရှုချင်းရီက အိပ်ခန်းအပေါက်ဝကနေ လှမ်းအော်ပြောသည်။
မော့ဟန်ကတော့ ဘာမှပြန်မပြောပေ။ သူ့အခန်းထဲက အခင်းပေါ်တွင် လာအိပ်နေတက်သည့် သူမအကျင့်ကိုပြင်ရန် ဘာနည်းမှမရှိတော့ဘူးဆိုသည်ကို သူနားလည်သွားခဲ့ပြီ။ ထိုကောင်မလေးမှာ သူ့အခန်းထဲတွင် အိပ်ရရေးအတွက် ဆင်ခြေမျိုးစုံ အမြဲတမ်းရှာကာ လာနေသည်ဖြစ်သည်။ ပြီးတော့လည်း မော့ဟန်ကိုယ်တိုင်လည်း သူမ၏ထူးဆန်းသည့် ဒီအကျင့်ကို တဖြည်းဖြည်းချင်း လက်ခံလာနိုင်ပြီ ဖြစ်သည်။