May Honey Logo May Honey
Previous Next

၃၈။ ဒီမှာထပ်မအိပ်နဲ့တော

ရုံးခန်းထဲတွင် မော့ဟန်က အချိန်အတော်ကြာအောင် အလုပ်လုပ်ပြီးကာမှ ရှုချင်းရီအခန်းထဲတွင် မရှိတော့သည်ကို သတိရတော့သည်။ သူမကို သူနောက်ဆုံးလှည့်ကြည့်လိုက်တုန်းက ထိုကောင်မလေးသည် သူမအတွက် တစ်လုံးမှ နားမလည်နိုင်မည့် စာအုပ်ကိုကိုင်ကာ ဆိုဖာပေါ်တွင် ဖတ်နေသည်။

မော့ဟန်က စာရွက်စာတမ်းများကိုချကာ မတ်တပ်ထရပ်လိုက်ပြီး ရှုချင်းရီကို ထွက်ရှာသည်။ သူအခန်းထဲက ထွက်ထွက်ချင်း ရှုချင်းရီသည် လီကျင်းဘေးတွင်ထိုင်ကာ အခြားအမျိုးသား လုပ်ဖော်ကိုင်ဖက်တစ်ယောက်နှင့်အတူ စကားပြောရင်း တောက်ပစွာ ရယ်မောနေလေသည်။

သူမျက်မှောင်ကျုံမိသွားသည်။ ထိုအမျိုးသားသည် မော့ဟန်ကိုမြင်သည်နှင့် ထနှုတ်ဆက်လိုက်ကာ စာရွက်စာတမ်းများကိုသိမ်းပြီး ထွက်ပြေးသွားလေသည်။

“ဘာဖြစ်လို့ ထွက်သွားတာလဲ?”

မော့ဟန်က မေးသည်၊

ရှုချင်းရီက သူမနှင့် စကားပြောနေသောသူသည် မော့ဟန်ကိုတွေ့သည်နှင့် ထွက်ပြေးသွားသောကြောင့် စိတ်မကောင်းဖြစ်သွားပြီး

“အထဲမှာ မွန်းကြပ်လာလို့ အပြင်ကိုလေကောင်းလေသန့်လာရှူတာ”

“သူများတွေ အလုပ်လုပ်နေတာကို မနှောင့်ယှက်ပါနဲ့လို့ မှာထားတယ်မလား?”

“မနှောင့်ယှက်ပါဘူး။ ဖြတ်သွားဖြတ်လာတွေနဲ့ စားတစ်ခွန်းစ နှစ်ခွန်းစ ပြောရုံတင်ပါ။ အလုပ်ကိုရပ်ပြီးပြောနေကြတာမှ မဟုတ်တာ”

ရှုချင်းရီက သူမအကိုစကားကို တစ်ခွန်းမခံ ပြန်ပြောသည်။

“ဒီလိုမျိုးလျှောက်သွားမနေနဲ့။ အပြင်ထွက်မယ်ဆိုရင်လည်း ငါ့ကိုပြောသွား”

“ရုံးခန်းထဲက ထွက်သွားတာလေးလောက်ကို ကိုကြီးကို ပြောပြနေရမှာလား? ညီမလေးပြောလိုက်ရင်လည်း ကိုကြီးအလုပ်လုပ်နေတာကို နှောင့်ယှက်သလို ဖြစ်သွားမှာပေါ့”

လီကျင်းက ရှုချင်းရီဘေးကနေ သူတို့နှစ်ယောက်စကားများကို ကြောက်လန့်တကြားနားထောင်နေသည်။ သူမကို မော့ဟန်ကို ဒီလိုငြင်းဆိုတဲ့သူမျိုး တစ်ခါမှ မမြင်ဖူးလေဘူး။

မော့ဟန်ကလည်း ရုတ်တရပ်ရလိုက်သည့် ဒီညီမဆိုသည့် တစ်ယောက်ကိုကြည့်ကာ စိတ်ရှုပ်ထွေးမှုက မျက်နှာတွင် အထင်းသားဖြစ်သည်။
‘ငါလိုတရားရုံးမှာ အလျှောက်ကောင်းတဲ့ ရှေ့တစ်ယောက်က ဒီကောင်မလေးနဲ့တွေ့မှ ဘာပြန်ပြောရမှန်းတောင် မသိတော့ဘူးလား?’

“ကိုကြီး အိမ်ပြန်ချင်တယ်”
ရှုချင်းရီက မော့ဟန်နှင့် ဆက်မငြင်းချင်တော့သည့်နောက် သနားစဖွယ် မျက်လုံးလေးများဖြင့်ကြည့်ကာ ပြောသည်။ ဒီနည်းလမ်းက မော့ဟန်နှင့်ဆက်ဆံရာတွင် အသုံးဝင်ကြောင်း သူမသိလေသည်။

ထင်သည့်အတိုင်းပင် မော့ဟန်က သူမကိုကြည့်ပြီး သက်ပြင်းချကာ
“နောက်ကျနေပြီဆိုတော့ ပြန်လိုက်ပို့ပေးမယ်”

“ကိုကြီးရုံးကို ပြန်လာဦးမလို့လား?”

မော့ဟန်က လတ်ပတ်နာရီကိုကြည့်လိုက်တော့ ၈နာရီထိုးနေသည်။
“ပြန်မလာတော့ဘူး။ ရုံးဆင်းချိန်ကျော်နေပြီပဲ”

မော့ဟန်စကားများကိုကြားသည့်အခါ တစ်ရုံးလုံး၏ အာရုံသည် မော့ဟန်ဆီသို့ ရောက်လာသည်။
‘နားမလည်နိုင်ဘူး။ ဒီနေ့ငါတို့ ၉နာရီအထိ အချိန်ပိုဆင်းရမှာ မဟုတ်ဘူးလား? ရှေ့နေကြီးက ဒီအချိန်ကြီးပြန်တော့မလို့လား? သူလိုအမြဲတမ်း လူတိုင်းနောက်မှ အလုပ်ဆင်းတဲ့သူကလေ. . .’

မော့ဟန်က သူ့ရုံးထဲမှ ဝန်ထမ်းများအား
“ဒီနေ့အမှုအတွက် လူတိုင်းကြိုးစားပေးခဲ့ကြတာပဲ။ နောက်ကျတဲ့အထိ အချိန်ပိုဆင်းစရာ မလိုတောဘူး။ အိမ်စောစောပြန်ကြပါ”

လူတိုင်းက မျက်လုံးပြူးသွားကြသည်။
‘၈နာရီနဲ့အလုပ်ဆင်းလို့ရပြီတဲ့လား? ဒါမော့ဟန်ပုံစံမှ မဟုတ်တာ’

ရှေ့နေကြီးကတော့ သူ့ဝန်ထမ်းတွေရဲ့ အမှုအယာတွေကိုတောင် သတိမပြုမိတော့ဘဲ သူ့ရုံးခန်းထဲဝင်ကာ ပစ္စည်းများကို သိမ်းသည်။ ထို့နောက် အိတ်ကိုဆွဲ၍ ကားသော့ကိုကိုင်ကာ ရှုချင်းရီနှင့်အတူ ပြန်သွားတော့သည်။

ဒါပင်မယ့်လည်း အကျင့်ဟောင်းတွေကတော့ သေသည်ဘယ်ရှိမလဲ။ သူမပြန်ခင်တွင် လျူဇီယွမ်ကို Shengda Shoping Centerအမှုနှင့် ပတ်သတ်သည့် အချက်အလက်များကို အီးမေးပို့ခိုင်းထားလိုက်သည်။

အိမ်ပြန်ရောက်သည့်အခါ ရှုချင်းရီက ခြေလက်မျက်နှာသစ်ပြီးသည်နှင့် သူမ၏စောင်ပါးလေးကိုယူကာ မော့ဟန်အခန်းထဲသို့ တန်းဝင်လာပြီး သူမနေရာလေးတွင် နေရာယူလိုက်သည်။

“အခန်းထဲပြန်သွားအိပ်”

မော့ဟန်က ခြေလက်မျက်နှာသစ်ပြီး အဝတ်လဲအိပ်ရန် အခန်းထဲသို့ ဝင်လာသည့်အခါတွင် ရှုချင်းရီက အိပ်ရာဘေးက အခင်းပေါ်တွင် စောင်လေးခြုံကာ မျက်စိမှိတ်အိပ်နေလေသည်။

“ဒီနေ့က မိုးလည်းမရွာဘူး။ သိပ်လည်းမမှောင်သေးတာကို ငါ့အခန်းထဲက ဒီအခင်းမှာ ဘာဖြစ်လို့လာအိပ်ပြန်တာလဲ?”

မော့ဟန်က မျက်မှောင်ကျုံကာ အိပ်ရာနားသို့ လျှောက်လာရင်း ပြောသည်။

ရှုချင်းရီက မျက်လုံးမှိတ်ကာ ငြိမ်ငြိမ်လေးလှဲနေသော်လည်း သူမကိုယ်က တောင့်နေသည်။ မော့ဟန်က သူမကို အခန်းအပြင်သို့ ဆွဲထုတ်တော့မလားဟု လန့်နေတာဖြစ်သည်။

ဒီကောင်မလေး မအိပ်သေးမှန်းကိုသိသည့် မော့ဟန်သည် အနားသို့လာကာ ကူကယ်ရာမဲ့စွာဖြင့်

“ငါပြောမယ် ဒါကနောက်ဆုံးပဲနော်။ မနက်ဖြန် ဒါမျိုးအခင်းဝယ်ပြီး မင်းအခန်းထဲ လာထားတော့မှာ။ ကျေးဇူးပြုပြီး ဒီမှာထပ်မအိပ်ပါနဲ့တော့ကွာ”

ရှုချင်းရီက သက်ပြင်းချလိုက်ပြီး သူမကိုယ်ကို လျှော့လိုက်ပြီး နှုတ်ခမ်းမှာ အပေါ်သို့ တွန့်ကွေးသွားတော့သည်။ ဒီမှာတစ်ညလောက်အိပ်ရလည်း သူမပျော်ပါသည်။ ဘာကြောင့်မှန်းတော့မသိပင်မယ့် ဒီလူကြီးအနားတွင်အိပ်ရသည်မှာ လုံခြုံမှုရှိပြီး သက်တောင့်သက်ရှိသည်ဟု သူမခံစားရသည်။

Previous Chapter 38 of 75 Next