May Honey Logo May Honey
Previous Next

၄၉။ သုံးယောက်မြောက်သားကောင်

ရှုချင်းရီက နားထောင်လေလေ သူမစိတ်လှုပ်ရှားလာလေလေပဲ။ သူမက ရုတ်တရပ် အေးခဲသွားကာ မတ်တပ်ထရပ်လိုက်မိသည်။
‘ကျစ်! အရေးကြီးတာတစ်ခုခုကို ငါလွတ်သွားခဲ့တာပဲ!’

ပထမတစ်ယောက်က ကျောင်းသူဆိုပင်မယ့် ခိုးဝှက်ကာ ပြည့်တန်ဆာလုပ်နေခဲ့သည်။ ဒုတိယတစ်ယောက်ကလည်း အရည်အချင်းရှိသည့် အလုပ်သမားဆိုပင်မယ့် သူမဖုံးကွယ်ထားတာရှိမည်။ သူတို့နှစ်ယောက်၏ ဖုံးကွယ်မှုတွေက လူသတ်သမားနှင့် ပတ်သတ်မှုရှိသောကြောင့် အသတ်ခံရခြင်းဖြစ်မည်။

သူမက ပုံတွေကို ပြန်တွေးကြည့်လိုက်သည်။ လမ်းလည်ခေါင်မှာ သွေးအိုင်ထဲတွင် လဲနေသည့် အမျိုးသမီးမှာ အဝတ်အစားရှိနေသေးသည်။
‘အဲ့အချိန်တုန်းက ဘာဝတ်ထားတာလဲ?’

အထပ်များပါသည့် အဝါရောင်အကျီ၊ စကတ်အတိုလေးနှင့် ဒေါက်မြင့်စီးထားသည်။ ပြီးတော့ မိတ်ကပ်တွေ ပြာနေအောင်ကို လိမ်းထားသည်။ အလုပ်ပြီးတဲ့အချိန်မှာ သူကအိမ်အပြန်ဘဲ မိတ်ကပ်အထူကြီးလိမ်းပြီး လူရှုပ်တဲ့လမ်းကို သွားသည်။ သေဆုံးချိန်ကလည်း ညသန်းခေါင်လောက်ကိုမှ ရုန်းကန်ထားတဲ့ လက္ခဏာလည်းမရှိပင်။ လူသတ်သမားက အရမ်းမြန်လွန်းတော့ အော်ချိန်မရဘဲ လည်ပင်းကိုဖြတ်ခံလိုက်ရပြီး သွေးထွက်လွန်သေသွားသည်။
‘အဲ့ဒီတော့ သူလည်းပြည့်တန်ဆာပဲပေါ့!’
ထိုကဲ့သို့ အတွေးများက ရှုချင်းရီဆီကို ချက်ချင်းရောက်လာသည်။

ချက်ချင်းပဲ သူမအတွေးများမှာ ရှင်းလင်းသွားသည်။ ထိုအရာက အမှန်သာဖြစ်ခဲ့လျှင် လူသတ်သမား၏ နောက်ထပ်သားကောင်မှာ လူများသည့်နေရာတွင် ခန္ဓာကိုယ်ရောင်းစားမည့် မိန်းကလေးတစ်ယောက်ပင် ဖြစ်မည်။

ရှုချင်းရီက ကျန်းယန်ကို ဆက်သွယ်ကာ သူမအမြင်ကို ပြောပြရန်လုပ်သည်။ သူမအိတ်ထဲတွင် ရှာကြည့်သောအခါ ကျန်းယန်ပေးထားသည့် ဆက်သွယ်ရန် လိပ်စာကဒ်ကိုတွေ့သည်။

သူမဖုန်းကိုသူကိုင်လိုက်စဉ်တွင် ကျန်းယန်က သူ့ဘေးကလူကို လှမ်းပြောနေသည်။
“အခြားရဲတွေထက် orderအရင်ထုတ်ရမယ်။ ဘယ်သူ့ကိုမှ အဝင်မခံနဲ့ ပြီးတော့ ပြည်သူတွေကို ဓာတ်ပုံရိုက်ခွင့်မပေးနဲ့ မီဒီယာတွေလည်း အဝင်မခံနဲ့”

“ကျန်းယန်. . .ဘာတွေဖြစ်နေတာလဲ?”
ရှုချင်းရီက မေးလိုက်သည်။

ကျန်းယန်က ဖုန်းဆက်နေသည့်သူမှာ ရှုချင်းရီမှန်း သိသွားသည့်အခါ လေးလံစွာဖြင့်
“နောက်တစ်ယောက်သေပြန်ပြီ”

ရှုချင်းရီမှာ ရင်တွေတဒိန်းဒိန်းခုန်သွားသည်။ ကျန်းယန်၏ ဖုန်းထဲက ထွက်လာသည့်အသံမှာ စိတ်တိုနေပုံရပြီး အေးစက်နေသည်။
“သေဆုံးသူက ဆရာမ။ ကျောင်းဝင်းထဲမှာ လည်ပင်းဖြတ်ခံရပြီး သေနေတာကို တွေ့တဲ့သူက အကြောင်းကြားလာတာ။ မင်းပြောတာဟုတ်တယ်။ သေဆုံးချိန်က တစ်ခုနဲ့တစ်ခုကြား ပိုမြန်လာတယ်။ ၃ရက်တောင်မရှိသေးဘူး။ နောက်တစ်မှုထပ်ဖြစ်ပြီ”

“ဘာတွေ့ထားလဲ?”
ရှုချင်းရီက မေးလိုက်သည်။

“ဘာမှသိပ်မထူးလာဘူး။ အစည်းအဝေးလုပ်တိုင်း ငါတို့မှာ အကောခံနေရတယ်”

ကျန်းယန်က ဒီလိုကွင်းဆက်လူသတ်မှုကို မလိုက်ဖူးတော့ သူတို့မှာ သံသယရှိသူကို မရှာနိုင်သေးသဖြင့် အထက်လူကြီးများဆီမှ ဖိအားကပိုတိုးလာခြင်းဖြစ်သည်။

“အရင်အမှုတွေက သေဆုံးသူတွေက ပြည့်တန်ဆာတွေ။ တကယ်လို့ ဒီနည်းသာမှန်တယ်ဆိုရင် ဒီတစ်ခါလည်း ပြည့်တန်ဆာပဲ”

ကျန်းယန်က မျက်မှောင်ကျုံလိုက်သည်။
“ပြည့်တန်ဆာလား?”

“ဟိုလိုမျိုးကြီးတော့မဟုတ်ပင်မယ့် ခန္ဓာကိုယ်ကို ငွေကြေးအတွက် ရောင်းချနေတဲ့သူတွေဆို ပိုမှန်လိမ့်မယ်”

ကျန်းယန်က သက်ပြင်းချလိုက်သည်။
“သူတို့က ပြည့်တန်ဆာမှန်း သိတော့ရော ဘာထူးလဲ? လူသတ်သမားကို ရှာနိုင်သေးတာမှ မဟုတ်တာ။ လူ၃ယောက်သေပြီးတာတောင် ငါတို့အခုအထိ အသုံးဝင်တဲ့ အချက်အလက်မရသေးဘူး”

တစ်လတောင် မပြည့်သေးပင်မယ့် မုဒိန်းနှင့်လူသတ်မှုက ၃ခါဖြစ်ပြီးသွားပြီ။ သူတို့က လူသသတ်သမားကို မရှာနိုင်သေးသလို CCT Vကင်မရာများတွင်လည်း ဘာမှဖမ်းမမိထားပေ။ မီဒီယာမှ ဖိအားများလည်း အဆက်မပြတ်များလာသောကြောင့် ရဲမှူးများကလည်း အကူညီပေးနိုင်မည့်လူများကို ကူညီရန်ခွင့်ပြုထားသော်လည်း ဘာမှမသိသာလာပေ။

ဖုန်းထဲမှအသံမှာတိတ်သွားသော်လည်း ဖုန်းမျက်နှာပြင်က လင်းနေဆဲဖြစ်သောကြောင့် ကျန်းယန်က
“ဟယ်လို? ဟယ်လို? ကိုင်ထားသေးလား?”

ရှုချင်းရီ၏ အသံလေးမှာ ထွက်ပေါ်လာသည်။
“လူသတ်သမားက အခင်းနေရာကို ပြန်လာကြည့်လိမ့်မယ်”

Previous Chapter 49 of 75 Next