May Honey Logo May Honey
Previous Next

၆။ အက်စစ်ရဲ့လျှို့ဝှက်ချက်

အဖြစ်အပျက်က ၂စက္ကန့်လောက် ဇဝေဇဝါဖြစ်သွားစေတယ်။ သူတို့အလန့်ပြေသွားတဲ့အချိန်မှ သေချာကြည့်မိတော့ ကောင်မလေးက လုံးဝအကောင်းကြီးပဲ။ သူမက မတ်တပ်ထရပ်ကာ ပြုံလိုက်ပင်မယ့် ဘာစကားတစ်ခွန်းမှတော့ မပြောဘူး။

လူဝကြီးက သူမအဆင်ပြေနေမှန်း မြင်လိုက်ရတဲ့အခါ အံ့သြကာ စိတ်ပျက်သွားမိတယ်။ သူ့လက်ထဲက ဆေးပုလင်းကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေတယ်။
“မဖြစ်နိုင်ဘူး! ဒါမဖြစ်နိုင်ဘူး!”
ကောင်မလေးကို ကန်ပစ်လိုက်ချင်တာကြောင့် ခြေထောက် မြှောက်လိုက်ရုံပဲ ရှိသေးတယ်။ သူ့ကို တစ်စုံတစ်ယောက်က တွန်းထုတ်လိုက်ကာ ကောင်မလေးကို အချိန်မှီ ကာကွယ်လိုက်တယ်။

ဝန်ထမ်းတွေက သူတို့ boss ရှေ့နေကြီးက ကောင်မလေးကို ဘေးဘက်မဆွဲခင် ကြည့်ကောင်းလွန်းတဲ့ ကန်ချက်တစ်ခုပစ်သွင်းလိုက်တာ မြင်လိုက်ရပြီး လူဝကြီးက ကြမ်းပြင်ပေါ်ကို လဲကျသွားတယ်။ သူက အလျှင်အမြန်ပဲ လူဝကြီးပေါ်ကို တက်ဖိကာ ချုပ်ထားလိုက်တယ်။ သူ့ခန္တာကိုယ်တစ်ခုလုံးကို ရုန်းနေတဲ့သူ ရပ်သွားတဲ့အချိန်အထိ အားသုံးကာဖိထားတယ်။

“Security! ဒီကိုလာ။ ကျန်တဲ့ကိစ္စတွေကို မင်းတို့လက်ထဲအပ်လိုက်ပြီ”
မော့ဟန်က မတ်တပ်ရပ်ကာ သူ့လက်ကောက်ဝတ်ကို နှိပ်နေရင်း ထူးမခြားနား ပြောလိုက်တယ်။

ပရမ်းပတာဖြစ်နေတဲ့ အေုခအနေက ခနတဖြုတ်လောက် တည်ငြိမ်သွားတယ်။ လူတိုင်းက ခုနစကားပြောလိုက်တဲ့ ကောင်မလေးကို ကြည့်နေကြတယ်။ အစကတည်းက နာကျင်နေပုံရပြီး လူဝကြီးကလည်း သူမကိုတွန်းချလိုက်တော့ မျက်နှာလေးက ပိုတောင်ဖြူဖျော့သွားတယ်။ ရှုပ်ပွနေတဲ့ ကြမ်းပြင်ကို ငုံကြည့်နေတဲ့ အပြုအမှုကတော့ မပြောင်းမလဲပါပဲ။

“မင်း! ငါ့နောက်လိုက်ခဲ့။ ကျန်တဲ့လူတွေ အကုန်လုံး ကျေးဇူးပြုပြီး ရုံးခန်းကို ပြန်ရှင်းပေးကြပါ”
မော့ဟန်က ကောင်မလေးကို ကြည့်လိုက်ပြီး ဧည့်ခန်းထဲကို ဝင်သွားတယ်။

သူမက ဝင်လာပြီး တံခါးနားမှာ ရပ်လိုက်တယ်။ မော့ဟန်က အခန်းအလည်က ထိုင်ခုံမှာထိုင်လိုက်ပြီး နက်ကတိုင်ကို ဖြေလျှော့လိုက်ကာ မေးတယ်။
“ကဲ အခု ဘာဖြစ်သွားတာလဲ?”

ကောင်မလေးက သူ့ကို ဇဝေဇဝါနဲ့ ကြည့်ကာ
“ဘာဖြစ်သွားတာလဲဆိုတာက ဘာကိုဆိုလိုချင်တာလဲ?”

“ဆာလဖျူရစ် အက်စစ်မဟုတ်မှန်း ဘယ်လိုလုပ်သိတာလဲ?”
မော့ဟန်က စိတ်ရှည်ရှည်ထားပြီး မေးလိုက်တယ်။

“မှန်းလိုက်တာလေ”
သူမက သာမန်လိုပဲ ဖြေတယ်။

မော့ဟန်က ပြုံးလိုက်ပြီး အကြောက်အလန့်မရှိတဲ့ ကောင်မလေးကို
“ဒါဆိုရင်တော့ တော်တော်လေး သတ္တိရှိတာပဲ”
ပြီးတော့ သူ့အပြုံးက ပျောက်သွားပြီး သားကောင်စောင့်ဖမ်းတဲ့ ခင်္သြေ့လို စားပွဲကို သူ့လက်ချောင်းတွေနဲ့ တတောက်တောက်ခေါက်ကာ
“ငါ့ကိုလိမ်မနေနဲ့။ အဲ့ဒါက ဆာလဖျူရစ်အက်စစ် မဟုတ်မှန်း ဘယ်လိုလုပ်သိတာလဲ?”

သူလေသံက ပုံမှန်ဖြစ်နေပင်မယ့်လည်း တစ်ဖက်သားကို ခြိမ်းခြောက်ခံရစေတယ်။ ဒါက ဖော်ပြရခက်တဲ့ စိုးရိမ်ကြောင့်ကျရမှုပဲ။ တရားရုံးထဲမှာ တဖက်သားကို ရံှုးသွားစေတဲ့ သူ့အရည်အချင်း ဖြစ်လိမ့်မယ်။

ကောင်မလေးက သူ့တတောက်တောက်ခေါက်နေတဲ့ လက်ချောင်းတွေကို ကြည့်ကာ လေသံပျော့ပျော့လေးနဲ့ ဖြေတယ်။
“ဟုတ် ဆာလဖျူရစ်အက်စစ်က တကယ်တော့ ဆီလိုမျိုးဆိုပင်မယ့် အရောင်အဆင်းမရှိတာကို ကျွန်မသိတယ်လေ။ သူကိုင်ထားတာက ရေလိုပဲ မတူဘူး”

“ဒါပဲလား?”
မော့ဟန်က ပြန်မေးတယ်။

“ဆာလဖျူရစ်အက်စစ်ပြင်းက သုံးခဲတော့ အဖုံးမှာ ဖုန်တွေရှိတယ်။ တစ်ချက်ကြည့်ရုံနဲ့ ဒီပုလင်းက ခနခနသုံးထားမှန်း တန်းပြောရတယ်။ သူဆေးရုံမှာတုန်းက ပုလင်းမှားပြီး ယူလာခဲ့တာနဲ့တူတယ်”

“ဘယ်လိုလုပ်သိလဲ?”

ကောင်မလေးက ခေါင်းခါလိုက်တယ်။
“ကျွန်မ မသိဘူး . . . ရှင့်ကို ပြောပြီးပြီပဲ . . . အတိတ်မေ့နေတယ်လို့။ ကျွန်မနားမလည်နိုင်တဲ့ကိစ္စတွေ အများကြီးပဲရှိတယ်”

မော့ဟန်က ထိုင်ခုံနောက်မှီကိုမှီကာ စားပွဲခေါက်ရင်း တိတ်ဆိတ်နေတယ်။ ခင်္သြေ့က သားကောင်ကို ခုန်အုပ်တော့မယ့် အခြေအနေလိုပဲ။ ဒါက လျစ်လျူရှုရခက်တယ်။ အခန်းထဲက အခြေအနေက တင်းမာနေပြီး နာရီတချက်ချက်မြည်သံကို ကြားရလောက်တဲ့အထိကို တိတ်ဆိတ်နေတယ်။

“ရှေ့နေကြီး ဒါကိုတချက်ကြည့်ပေးပါဦး။ ရှေ့နေကြီးကိုင်ရမယ့် W မြို့တော်နဲ့ ပတ်သတ်တဲ့ အမှုတွဲပဲ”
လျူဇီယွမ်က တံခါးကိုဖွင့်ပြီး စိတ်လှုပ်ရှားစွာ ပြောတယ်။

မော့ဟန်က တံခါးဆီ လျှောက်သွားယူကာ လျူဇီယွမ်ကို ပြောတယ်။
“ဒီကောင်မလေးကို ရဲစခန်းပို့လိုက်။ သူကအတိတ်မေ့နေတယ်။ သူဘယ်သူလဲဆိုတာ ရှာထားလိုက်။ ဒီကအလုပ်တွေပြီးတာနဲ့ အဲ့ဒီကိုငါလာခဲ့မယ်”

လျူဇီယွမ်က သူ့အလုပ်ရှင် ပြောတဲ့အတိုင်း ကောင်မလေးကို အခန်းအပြင်ထွက်ဖို့ လက်ဟန်ပြလိုက်တယ်။ ကောင်မလေးက အကြာကြီးတွေဝေနေကာ မော့ဟန်ကို ထွက်မသွားချင်တဲ့ အကြည့်လေးနဲ့ စောင်းကြည့်နေတယ်။ ဒါပင်မယ့်လည်း တွေဝေပြီးတဲ့နောက်ဆုံးမှာ လျူဇီယွမ်နောက်က လိုက်သွားတယ်။

Previous Chapter 6 of 10 Next