May Honey Logo May Honey
Previous Next

၇၃။ အိပ်ရာပေါ်မှာအိပ်

“ရှင်းပြစမ်းပါဦး”

ရှန်ယို့က တံခါးအကွယ်မှာ ရပ်နေရင်းကနေ သူတို့နှစ်ယောက် ပြောသည်များကို နားထောင်နေသည်။ မော့ဟန်က ဒီလိုဒေါသထွက်တာမျိုးကို သူမပထမဆုံး မြင်ဖူးတာ ဖြစ်သည်။ သူ့၏တည်တံ့နေသည့် မျက်နှာထားက လူတိုင်းကို ကြောက်လန့်သွားကို နောက်ကိုခြေတစ်လှမ်းဆုတ်စေနိုင်သည်။ ရှုချင်းရီကတော့ ဒါကိုမကြောက်မလန့်ဖြင့် သူမကိစ္စသူမဆက်လုပ်နေနိုင်သည့် တစ်ဦးတည်းသောသူ ဖြစ်လိမ့်မည်။

“ဘာမှမဟုတ်ပါဘူး။ နေသိပ်မကောင်းတော့ စိတ်ကလည်း ကြည်မနေဘူး။ ပြဿနာရှာမိတာက ညီမလေးပါ”

“အကြောင်းပြချက်ပေး”
မော့ဟန်က လေသံကို မြှင့်လိုက်သည်။

“အကြောင်းပြချက်မှ မရှိတာ”
ရှုချင်းရီကလည်း လေသံမြှင့်ကာ ပြန်အော်သည်။

မော့ဟန်က အသက်ဝဝရှုကာ စိတ်ထိန်းလိုက်သည်။
“ဒါဆိုရင် ကျောင်းထွက်ချင်ရတဲ့အကြောင်းအရင်းကိုပြော”

“ကျောင်းထွက်မယ်လို့ မပြောဖူးပါဘူး။ ဆရာမကို နားတော့မယ် မဟုတ်ရင်လည်း မေဂျာပြောင်းမယ်လို့ ပြောခဲ့ရုံတင်”
ရှုချင်းရီက မော့ဟန်ငြိမ်နေသော်လည်း ဒေါသထွက်နေသည်ကို ခံစားမိသည်။ သူဒီနေ့ပင်ပန်းလာပုံပေါ်သောကြောင့် ဒေါသထွက်တာက ပုံမှန်ပါပင်။ သူမက ကျောင်းကိုသွားမည့်အစား မသွားဘဲ ခနနားမယ်ဟု ပြောနေသေးသည်။ သူမလည်း သူ့နေရာမှာဆိုရင် ဒေါသထွက်မိမှာပင်။

“ကျောင်းမနားစေချင်ရင်လည်း မေဂျာပဲ ပြောင်းလိုက်ပါ့မယ်။ မနက်ဖြန်ကျရင် ကျောင်းသွားပြီး လိုအပ်တာတွေလုပ်လိုက်မယ်။ စိတ်ပူမနေပါနဲ့”
ရှုချင်းရီက တည်ငြိမ်စွာ ပြောပြီးသောအခါ စားပွဲပေါ်က ရေတစ်ဖန်ခွက်ကို ယူလိုက်သည်။ သူမလက်ထဲက ဆေးပုလင်းကို ဆေးသောက်ရန် ကြည့်နေစဉ် မော့ဟန်က သူမလက်ထဲက ရေခွက်ကို ဆွဲလုသည်။ ထိုအခါ ရေတွေက နည်းနည်းဖိတ်ကျသွားသည်။

မော့ဟန်က ဒေါသထွက်နေသည့် လေသံဖြင့်
“မင်းဘာတွေလုပ်နေတာလဲ?”

ရှုချင်းရီက သူ့ကိုစိတ်လွတ်နေသည့်ပုံဖြင့် မော့ကြည့်လာသည်။
“ဆေးသောက်မလို့လေ”

“ဒါက သောက်ဆေးလား?”
မော့ဟန်က သူမလက်ကောက်ဝတ်ကနေ လက်ကိုခပ်တင်းတင်းဆွဲကာ သူမလက်ထဲက ဆေးဘူးကို ကြည့်သည်။

“မင်း အသက်မရှင်ချင်တော့ဘူးလား?”
ရှုချင်းရီက ထိုအခါမှ အသိပြန်ဝင်လာကာ သူမလက်ထဲက ဆေးကိုကြည့်လိုက် ကြမ်းပြင်က ပုလင်းအလွတ်ကိုကြည့်လိုက် လုပ်တော့သည်။ အဖျားတက်နေသောကြောင့် သူမမှာ ဘယ်ဆေးကို သောက်ရမလဲ သူမမသိတော့သည့် အထိပင်။

ရှန်ယို့က ဒီနှစ်ယောက် ရန်ဖြစ်တော့မလားဟု စိုးရိမ်လာသည်။ သူမက ဝင်ပြောမလို့လုပ်လိုက်သော်လည်း အခန်းထဲကို ဝင်လာချိန်တွင် မော့ဟန်၏နောက်ကျောကို မြင်လိုက်ရသောအခါ သူမက ဘာမှဝင်မပြောသင့်ဟူသည့် အတွေးဝင်သွားသည်။ သူမလုပ်နိုင်သည်ဟူ၍ သူတိုနှစ်ယောက် ပြောနေသည်ကို တိတ်တဆိတ်ရပ်ကြည့်ရုံပင်။

ရှုချင်းရီက ခေါင်းပေါ်လက်တင်ရင်းဖြင့်
“တောင်းပန်ပါတယ်။ အရမ်းမူးနေတော့ သတိမထားမိလိုက်ဘူး”

မော့ဟန်က သူမကို သတိထားကြည့်လိုက်သည်။ ဒီကောင်မလေးမှာ ဘာအခင်းမှမရှိသည့် ကြမ်းပြင်ပေါ်တွင် ဒီတိုင်းထိုင်နေခြင်း ဖြစ်သည်။ ပြီးတော့လည်း အချိန်မရွေး ကြမ်းပြင်ပေါ်သို့ လဲကျတော့မည့်ပုံဖြင့် ဖြစ်သည်။ မနေ့က သူလာတုန်းကလည်း ဒီကောင်မလေးမှာ ဒီလိုပဲကြမ်းပြင်ပေါ်တွင် ထိုင်နေကြောင်းကို သတိရသွားသည်။

“ဒီကြမ်းပြင်ပေါ်မှာ အိပ်နေတာ ကြာပြီလား?”
ရှုချင်းရီက မှန်နေသောကြောင့် တိတ်နေသည်။

မော့ဟန်က နှုတ်ခမ်းများ တွန့်ကွေးသွားကာ
“ဪ ငါကတော့ ဘာဖြစ်လို့များ ဒီနေ့မှ ရုတ်တရပ်ကြီး ဖျားသွားတာလဲလို့?”

ရှုချင်းရီက ငြိမ်နေဆဲပင်။

“အိပ်ရာပေါ်မှာ ဘာဖြစ်လို့ မအိပ်တာလဲ?”
မော့ဟန်က ထိပ်ရောက်နေသည့် ဒေါသများကို ထိန်းကာ မေးသည်။ ရှုချင်းရီက သူ့ကိုမပြောဘဲထားသည့်အရာများကို အခုမှသိရလေသည်။ ရန်ဖြစ်တာ၊ မေဂျာပြောင်းချင်တာနှင့် အိပ်ရာပေါ်မှာ မအိပ်နိုင်ဘဲ ကြမ်းပြင်ပေါ်မှာ အိပ်တက်ခြင်းမျိုးတွေ အထိဖြစ်သည်။

“အိပ်ရာပေါ်မှာ မအိပ်နိုင်ဘူးဆိုတာကို အစောကြီးကတည်းက သိသင့်တာ”
ရှုချင်းရီက ပြောသည်။

“ဟိုတစ်ခေါက်တုန်းကရော? အခန်းထဲက ငါ့အိပ်ရာပေါ်မှာ အိပ်ရတာပဲမဟုတ်ဘူးလား?”

မော့ဟန်အနောက်တွင် ရပ်နေသည့် ရှန်ယို့မှာ ထိုစကားများကို ကြားသောအခါ အေးခဲသွားသည်။
‘ရှုချင်းရီက သူ့အိပ်ရာပေါ်မှာ အိပ်ဖူးတယ်ဆိုတာကို မော့ဟန်က ဘာဖြစ်လို့ ငါ့ကိုမပြောတာလဲ?
သူတို့နှစ်ယောက်အကြောင်း ငါမသိလိုက်တာ ဘာတွေများ ထပ်ရှိနေဦးမှာလဲ?’

“အဲ့အချိန်တုန်းက မနက်၄နာရီလောက်ကြီးမလို့ အိပ်ပျော်တာလေ”
ရှုချင်းရီက တည်တည်ငြိမ်ငြိမ်ပင် ပြန်ပြောသည်။

မော့ဟန်က အမြဲတမ်းထင်ခဲ့သည်မှာ ရှုချင်းရီက သူ့အခန်းထဲတွင် တစ်ယောက်တည်းမလို့ ကြောက်တက်၍ မအိပ်ရဲခြင်းဖြစ်မည် ဟူ၍ဖြစ်သည်။ ဒါပင်မယ့်လည်း သူအခုမှ သိရသည်မှာ သူမကကြမ်းပြင်ပေါ်မှ မဟုတ်ရင် မအိပ်တက်ခြင်းသာဖြစ်သည် ဟူ၍ဖြစ်နေသည်။ သူဒါကို ဘယ်တုန်းကမှ မသိခဲ့သည်မှာ အလွန်ဆိုးဝါးလွန်းသည်။

Previous Chapter 73 of 75 Next