May Honey Logo May Honey
Previous Next

၅၅။ ငါမင်းကိုကုန်းပိုးခေါ်သွားမယ်

Law Firmတွင် သူလုပ်စရာရှိသည်များကိုလုပ်နေရင်းဖြင့် သူအလုပ်များသွားတော့သည်။ ထိပ်တန်းရှေ့နေများဆီမှ ရှုပ်ထွေးသည့်အမှုများတွင် အကူအညီပေးရန် သူ့ကိုတောင်းဆိုလာသည်များလည်းရှိသည်။ သူ့law firmကို ဂုဏ်သတင်းပိုကြီးလာပြီး နေရာပိုရလာရန် သူလုပ်ချင်သောကြောင့် သူ့တွင်လုပ်စရာတွေ အများကြီးရှိလေသည်။

သူ့တွင် ဝါသနာပါသည်ဟူ၍ မရှိပေ။ တသီးတသန့်နေလွန်းသည့်အကျင့်ကြောင့်လည်း သူငယ်ချင်းဟူ၍ ပိုင်ယုအပြင် မရှိပါ။ သူဘယ်လောက် အလုပ်များများ သူမမူဘဲလုပ်တက်ပင်မယ့်လည်း လူအများက သူ့ကိုအလုပ်ရူးဟုခေါ်ကာ လှောင်ပြောင်တက်ကြသည်။

သူ့အတွင်းရေးမှူးမက သူ့တံခါးကို ခေါက်ဝင်လာပြီး သူမပြန်တော့မည့်အကြောင်း သတင်းပို့သောအခါ ၁၀နာရီ ထိုးနေလေပြီ။ သူလည်းအလုပ်ဆင်းသင့်နေပင်မယ့် သူ့စိတ်ထဲတွင် သူအကောင်းဆုံး မလုပ်လိုက်ရသေးဘူးဟူ၍ ခံစားနေရသေးသည်။ သူဟာတကယ်ကို အလုပ်ရူးတစ်ယောက် ဖြစ်နေခဲ့သည်။

“အရင်ဆင်းနှင့်ကြ။ ငါလည်းဒီအလုပ်နည်းနည်းဖြတ်ပြီးရင် အလုပ်ဆင်းတော့မှာ”

အတွင်းရေးမှူးမက သူ့ကိုလည်းပြန်စေချင်သောကြောင့် တံခါးဝတွင်ရပ်ကာ မဝံ့မရဲဖြင့် ပြောသည်။
“ဘော့စ် လုပ်ရမယ့်အလုပ်ကတော့ အမြဲတမ်းရှိနေမှာပါ။ အဲ့ဒါကြောင့် ကျန်းမာရေးကို ဂရုစိုက်ပါဦး”

မော့ဟန်က ပြုံးပြကာ
“ငါသိပါတယ်”

အတွင်းရေးမှူးထွက်သွားသည့်အခါ နောက်ဆုံးအမှူကို လက်စသတ်ပြီးသည်နှင့် သူပြန်ရန် ပြင်ဆင်လိုက်သည်။ သူ့ဖုန်းကိုယူလိုက်ပြီး စက်ပြန်ဖွင့်လိုက်သည်။ ထို့ကြောင့် တနေ့လုံး တိတ်ဆိတ်နေခဲ့သည်။

မော့ဟန်ဖုန်းပွင့်လာသောအခါ ၁၁နာရီထိုးတော့မည်ဖြစ်ပြီး ရှုချင်းရီဖုန်းခေါ်ထားသည်များကိုလည်း တွေ့လိုက်ရသည်။ ရှုချင်းရီက အိမ်ပြန်လာတိုင်း သူ့ကိုဖုန်းဆက်ကာ ဘယ်အချိန်ပြန်မလာလဲဟု မေးလေ့ရှိသည်။ သို့သော် ဒီနေ့တွင် သူမကို သူအိမ်အပြန်နောက်ကျမည့်အကြောင်းကို ပြောပြဖို့ သူမေ့သွားခဲ့သည်။

မော့ဟန်က ရုံးခန်းမီးများကို ပိတ်ခဲ့ကာ အမှောင်ထဲတွင် လျှောက်နေရင်းကနေ ထိုကောင်မလေးကို ဖုန်းပြန်ခေါ်သင့် မခေါ်သင့်တွေးနေသည်။ ဒါပင်မယ့် ၁၁နာရီလောက် ရှိနေပြီဆိုတော့ သူမအိပ်နေလောက်ပြီ။ ထို့ကြောင့် မခေါ်တော့ဘဲ အိမ်ကိုသာ ကားအမြန်မောင်းလာသည်။

ညည့်နက်နေပြီဖြစ်သောကြောင့် လမ်းပေါ်တွင် ကားနည်းနည်းပဲရှိကာ သူ့အိမ်ကိုရောက်ဖို့ ၁၀မိနစ်လောက်သာ မောင်းလိုက်ရသည်။ သူကားကိုပါကင်တွင်ထိုးကာ သော့ကိုယူပြီး အိတ်ကိုသယ်ကာ လျှောက်လာသည့်အခါ သူထူးဆန်းသလို ခံစားရသည်။

သူ့အိမ်က ၁၂ထပ်မြောက်မှာဖြစ်ပင်မယ့် သူ့အဆောက်အဦး၏ အရေးပေါ်လှေကားနားတွင် လူတစ်ယောက်ရှိနေသည်။ သူအနားရောက်လာသောအခါ မျက်လုံးပြူးရလေပြီ။ ထိုသူမှာ ရှုချင်းရီပင်!

မော့ဟန်က အမြန်သွားကြည့်သည့်အခါ ရှုချင်းရီက လှေကားပေါ်တွင်ထိုင်နေကာ နံရံကိုမှီရင်း သူမခြေထောက်တွေကို စောင်ခြုံထားကာ မျက်လုံးလေးမှိတ်၍ ငုတ်တုပ်ကြီး အိပ်ပျော်နေသည်။

မော့ဟန်က သူမကို အမြန်နှိုးလိုက်ရသည်။
“ထတော့ ထ! ထ!”

ရှုချင်းရီက အိပ်ချင်မူးတူးဖြင့် သူ့ကိုမော့ကြည့်ကာ ချိုသာစွာ
“ကိုကြီးပြန်လာပြီပဲ”

“ဒီမှာ ညကြီးမိုးချုပ် ဘာဖြစ်လို့လာအိပ်နေတာလဲ?”
မော့ဟန်က ဒေါသနည်းနည်ထွက်နေသည်။

“စောင့်နေတာလေ”
ရှုချင်းရီက သူ့ကိုကြည့်ကာ ပြောသည်။

မော့ဟန်ရင်ထဲတွင် စိတ်မကောင်းဖြစ်သွားကာ
“ဘာဖြစ်လို့ အောက်ထပ်အထိ လာစောင့်နေရတာလဲကွာ?”

ရှုချင်းရီ အကြာကြီးထိုင်နေခဲ့တာဖြစ်သောကြောင့် သူမခြေကျင်နေပြီ။ သူမက ခြေထောက်ကို ဆန့်လိုက်ကာ နှိပ်နေရင်းကနေ
“အိမ်ပြန်ရောက်တော့ ကိုကြီးကို ဖုန်းခေါ်သေးတယ်။ ဒါပင်မယ့် ဖုန်းကပိတ်ထားတယ်တဲ့။ ညီမလေးလည်း စောစောမအိပ်ချင်သေးတာနဲ့ TV ကြည့်နေပါသေးတယ်။ နောက်တော့ ပျင်းလာတာနဲ့ လေကောင်းလေသန့်လည်းရှုရင်း ကိုကြီးကိုစောင့်ရအောင် စောင်ယူပြီးဆင်းလာတာ။ ဒီမှာထိုင်စောင့်နေတာ ကြာလာတော့ အိပ်ပျော်သွားရော”

“ဖုန်းကပိတ်ထားတာ။ ရုံးဖုန်းကိုဆက်ပြီး မေးလိုက်တာမဟုတ်ဘူး။ ပြီးတော့ မင်းအရင်အိပ်နှင့်ပါတော့လား”
သူမတစ်ယောက်တည်း ဒီလိုထွက်စောင့်နေသောကြောင့် မော့ဟန်က ဒေါသထွက်လာသည်။ သူ့လေသံက ဘယ်လောက်မာသွားသလဲ သူသတိမထားလိုက်မိပေ။

“စောင့်ချင်လွန်းလို့ စောင့်နေတာမဟုတ်ပါဘူး။ အိမ်မှာ တစ်ယောက်တည်းဆိုတော့ ပျင်းလာလို့။ ပြီးတော့ သူ့ဟာသူအိပ်ချင်စိတ်ကတားမရလို့ အိပ်ပျော်တာပဲဟာ”
ရှုချင်းရီက မော့ဟန်ဘာဖြစ်လို့ ဒေါသထွက်သွားမှန်း မသိပေ။ သူမက သူ့ကိုဒီလောက်စောင့်နေခဲ့ရသော်လည်း သူကတော့ သူမကို ဒေါသထွက်နေသည်။

“ဘာဖြစ်လို့ ဒီလောက်ရူးရတာလဲ!”
မော့ဟန်က လှေကားပေါ်တွင် ထိုင်နေသည့် ကောင်မလေးကို ဆူလိုက်ပြီးမှ သက်ပြင်းချကာ
“ဒီမှာဘာဖြစ်လို့ ဆက်ထိုင်နေတာလဲ? အိမ်ပြန်အိပ် လာ”

ရှုချင်းရီက နှုတ်ခမ်းလေးဆူကာ သူ့ကိုမော့ကြည့်သည်။ သူမလည်း ထဖို့လုပ်ပင်မယ့် ခြေကျင်နေသောကြောင့် ထမရခြင်းဖြစ်သည်။ ထို့ကြောင့် မျက်မှောင်ကျုံရင်း သူမခြေထောက်ကိုသာ ဆက်နှိပ်နေတော့သည်။

မော့ဟန်က သက်ပျင်းချကာ ကုန်းလိုက်ပြီး သူ့အသံကို ညင်ညင်သာသာဖြင့်
“လာ ကုန်းပိုးပေးမယ်”

Previous Chapter 55 of 75 Next