May Honey Logo May Honey
Previous Next

၂။ ဝတ်လုံတော်ရရှေ့နေ မော့ဟန်

တရားရုံးအဝင်ဝမှာ အုံလိုက်ကျင်းလိုက် သတင်းထောက်တွေက မော့ဟန်ထွက်လာတာမြင်တာနဲ့ သူ့ဆီတန်းပြေးလာကြတယ်။ သူ့နောက်က တစ်ကောက်ကောက်လိုက်ကာ မေးခွန်းတွေ မေးကြတယ်။

“ပြိုင်ဘက်ရှေ့နေကြီးက ရှေ့နေကြီးမှာ သက်သေမပြည့်စုံဘူးလို့ ပြောတယ်။ ဘာများပြန်ပြောလိုလဲ”

“ရှေ့နေကြီးရဲ့ အမူသည်က အပြစ်ရှိတယ်လို့ လူတိုင်းက ထင်နေကြတယ်။ တရားသူကြီးက ရှေ့နေကြီးရဲ့အမူသည်အတွက် တရားသေလွှတ်ပေးတာနဲ့ ပတ်သတ်ပြီး လာဘ်ပေးလာဘ်ယူရှိတယ်လို့ ထင်လား? ဒီအမူနိုင်ဖို့ တရားသူကြီးကို ဘယ်လောက်ပေးခဲ့ရလဲ?

မော့ဟန်က ဘာခံစားချက်မှ မပေါ်လွင်ဘဲ ရှေ့ကိုသာ ဆက်လျှောက်နေတယ်။ နောက်ဆုံးတစ်ကြောင်းကြားလိုက်တော့ အမူအယာနည်းနည်းပြောင်းသွားတယ်။ ရန်လိုနေတဲ့ သတင်းထောက်ရှေ့မှာ ရပ်ပြီးတော့ သူပြန်ပြောလိုက်တယ်။
“တစ်ယောက်ယောက်ကို အပြစ်ရှိတယ်လို့ ခင်ဗျားထင်ရုံနဲ့ သူကအပြစ်တန်းရှိသွားတာ မဟုတ်ဘူးဗျ။ တရားရုံးမှာ အမှန်တရားတစ်ခုလုံး ကျွန်တော်တို့တင်ပြပြီးပြီ။ မီဒီယာတွေက အပြစ်ရှိတယ်လို့ ထင်နေသေးရင် ရုံးချိန်းဗီဒီယို ပြန်ကြည့်ပါလို့ ကျွန်တော်တိုက်တွန်းချင်ပါတယ်။ အဖြေကို အဲ့ဒီမှာ ရှာတွေ့မှာပါ။ ရှာမတွေ့ရင်တော့ . . .”
ကင်မရာမီးတွေက တဖျက်ဖျက်လတ်ကာ ရိုက်နေတုန်းပဲ။ မော့ဟန်က ပေါ့ပေါ့ပါးပါးရယ်ကာ
“ခင်ဗျားတို့တုံးနေလို့ပဲလို့ ကျွန်တော်ပြောချင်ပါတယ်”

မျက်လုံးအပြူးသား လူတစ်စုကို ကျောခိုင်းကာ သူရှေ့ဆက်လျှောက်သွားတယ်။ မော့ဟန်က ကားထဲရောက်တော့ သူ့နက်ကတိုင်ကို ဖြေပြီး သက်ပြင်းကြီးတစ်ချက်ချလိုက်တယ်။

ကားရှေ့ခန်းက လျူဇီယွမ်က စိတ်လှုပ်ရှားစွာ လက်ခုပ်တီးရင်း ပြောတယ်။
“ရှေ့နေကြီး ဘယ်လောက်ကောင်းတဲ့ တရားခွင်လဲ! တစ်လလောက်ပဲ ရှိသေးတယ်။ ကျွန်တော်တို့ လိုချင်တဲ့ရလဒ်ရပြီ။ တစ်ဖက်ရှေ့နေကြီးရဲ့ ဒေါသတကြီးအကြည့်တွေ မြင်တယ်မလား? ရှေ့နေကြီးက သူတို့ရင်ဆိုင်နိုင်တာထက် ပိုသာတယ်”

“ဟုတ်တယ်! ကျွန်တော်တို့ ရှေ့နေကြီးက တကယ့်ကို အဆိပ်ပြင်းတဲ့လျှာနဲ့ပဲ။ လွန်ခဲ့တဲ့ငါးနှစ်တည်းက အမှုတစ်ခုကိုမှ မရံှုးသေးတဲ့စံချိန်ကို ထိန်းလာခဲ့တာ”
ဘေးမှာထိုင်နေတဲ့ ရှန်လေးက ထောက်ခံပြောတယ်။

နောက်မှာ ပင်ပန်းစွာ ထိုင်နေတဲ့ မော့ဟန်က မျက်ခုံးကိုပွတ်ရင်း ပြောတယ်။
“ရုံးကိုပြန်သွားရအောင်”

“မင်းပြန်ဦးမလို့လား! ရှေ့နေကြီး မင်းမအိပ်ရတာ နှစ်ရက်ရှိနေပြီ! မင်းအမှုနိုင်သွားပြီပဲကွာ။ အိမ်ပြန်ပြီးနားပါတော့လား။ အားမွေးစမ်းပါ။ Firmမှာငါတို့ ရှိပါတယ်ကွ”

“ဟုတ်တယ်။ Firmကကောင်မလေးတွေလည်း ရှေ့နေကြီးရဲ့ အင်အားအပြည့်အဆူခံဖို့ စောင့်နေတယ်!”
ရှောင်လေးက ရွဲ့ပြောပြီး စလိုက်တယ်။

ဒီနယ်ပယ်ကသူတိုင်း မော့ဟန်ဆိုတာက ဥပဒေရေးရာမှာ နာမည်ကြီးဆိုတာကို သိကြတယ်။ တရားခွင်ထဲစဝင်ပြီး သုံးနှစ်အတွင်းမှာပဲ သူကဒီနယ်ပယ်မှာ ခေါင်းဆောင်တစ်ယောက် ဖြစ်လာတယ်။ ဘယ်အမှုကိုမှ မရံှုးဖူးဘူးဆိုတာ ပြောစရာတောင်မလိုဘူး။ သူ့ရဲ့ရည်ရည်ဟာဆိုရင်လည်း အသက်၃၀အရွယ် ယောကျာၤးတစ်ယောက်ရဲ့ ရင့်ကျက်ပြီး အားကိုးချင်စရာမျိုးပဲ။ သူတစ်ချက်ကြည့်လိုက်ရုံနဲ့ အမျိုးသမီးတိုင်း သူ့ရုပ်ရည်မှာ ဖမ်းစားခံလိုက်ရတယ်။ ဒါက သူ့firmမှာ လက်ရှိsingleမလေးတွေ များနေရတဲ့ အကြောင်းအရင်းပဲ။

“Firmမှာအလုပ်တွေ အများကြီးရှိသေးတယ်။ မင်းနားမလည်ဘူးလား။ ငါ့ကားကလည်း အဲ့ဒီမှာပဲ။ အဲ့ဒါကြောင့် အိမ်မပြန်ခင် ဝင်ယူရမှာ”
မော့ဟန်က နောက်ခုံကို မှီထိုင်နေတယ်။ သူဒီအမှုကို နိုင်လာတယ်ဆိုပင်မယ့် အားတော်တော်ကုန်သွားခဲ့ပြီ။

လျူဇီယွမ်က ကားစက်ကိုပဲ နှိုးလိုက်တော့တယ်။ နောက်ကြည့်မှန်ကနေ ရှေ့နေကြီးရဲ့ ပင်ပန်းနေတဲ့မျက်နှာကို မြင်နေရတော့သူက အိမ်ပြန်နားဖို့ တိုက်တွန်းချင်တယ်။ ဒါပင်မယ့်လည်း ဒီအလုပ်ရူးကို ပြောနေတာက သဲထဲရေသွန်ဖြစ်မယ်ဆိုတာ သူသိတယ်။ ကားထဲမှာပဲ သူ့ကိုနားနေခိုင်းလိုက်တာက ပိုကောင်းတယ်။ ဒါကြောင့် အလုပ်ရှင်သဘောအတိုင်း ရုံးကိုပဲပြန်ပို့နေလိုက်တယ်။

သူရောက်တဲ့အခါမှာ မော့ဟန်က နက်ကတိုင်ကို ပြန်စီးကာ အကျႌကို သပ်သပ်ရပ်ရပ်ပြန်လုပ်လိုက်ပြီး စာရွက်စာတမ်းအိတ်ကိုယူလိုက်တယ်။ အခုသူက ခုနအပြင်ဘက်ကလိုမျိုး တက်ကြွသွက်လက်စွာ ဝင်သွားတယ်။ သူ့နောက်မှာတော့ လျူဇီယွမ်နဲ့ ရှန်လေးတို့က ကပ်လိုက်လာကြတယ်။

အခန်းထဲကိုဝင်သွားတော့ မော့ဟန်က မသင်္ကာစရာအခြေအနေကို သတိထားမိတယ်။

သူဆက်လျှောက်ဝင်သွားလေလေ လူတွေက ဧည့်ခန်းထဲကို ကြည့်နေကြလေလေပဲ။

“ရှေ့နေကြီး . . . နောက်ဆုံးတော့ ပြန်လာပြီပဲ”
သူ့အတွင်းရေးမှူးAnnaက သူ့ဆီကို အမောတကော ပြေးလာတယ်။

“ဘာဖြစ်တာလဲ?”
မော့ဟန်က ပဟေဠိဖြစ်စွာ ခပ်မြန်မြန် မေးတယ်။

“ရှေ့နေကြီးကို စောင့်နေတဲ့သူရှိတယ်။ မနက်တရားရုံးကို ရှေ့နေကြီးသွားကတည်းက စောင့်နေတာ”

မော့ဟန်က အေးဆေးတည်ငြိမ်စွာ အထဲကိုကြည့်လိုက်ပြီး ပြန်ပြောတယ်။
“ဒါပင်မယ့် ဒီနေ့ရုံးမှာ ဘယ်အမှုသည်ကိုမှ ကြိုချိန်းမထားပါဘူး”

Previous Chapter 2 of 10 Next