May Honey Logo May Honey
Previous Next

၃၁။ လင်ငယ်

မုန့်ရောက်လာသည်နှင့် ရှုချင်းရီမှာ အားရပါးရစားသည်။ ထို့နောက် ပါးစပ်လေးသုတ်ကာ ဆိုဖာပေါ်တွင် ကျေနပ်သွာ မှီထိုင်နေပြီး မော့ဟန်ကို ငေးကြည်နေတော့သည်။ မော့ဟန်က သူ့ရှေ့နေတွင်ရှိသည့် စာရွက်စာတမ်းကို လေ့လာနေသည်ပုံပေါက်ကာ လက်တစ်ထက်က မေးထောက်ရင်း သေချာစဉ်းစားနေသည်။ နောက်လက်တစ်ဖက်က ဘောပင်ကိုကိုင်ကာ သူ့ထိုင်ခုံတွင် မလှုပ်မရှားထိုင်နေသည်။

ရှုချင်းရီက သူ့ကိုသေချာငေးနေစဉ်တွင် အခန်းတံခါးကို လာခေါက်သည်။

“ဝင်ခဲ့”
မော့ဟန်က ပြောလိုက်ပြီး သူ့လက်ထဲက စာရွက်စာတမ်းတွေကို ချလိုက်သည်။

“ဆရာတောင်းထားတဲ့ ဥက္ကဋ္ဌကျန်းရဲ့ မိန့်မဟောင်းနဲ့ ပတ်သတ်တဲ့ အချက်အလက်တွေ”
လျူဇီယွမ်က အခန်းထဲကိုဝင်လာသောအခါ ရှုချင်းရီကို လှမ်းမကြည့်ဘဲမနေနိုင်ပေ။

“ဘာတွေအသစ်ထပ်တွေ့သေးလဲ?”
မော့ဟန်က ကျန်း၏မိန်းမဟောင်းပြသွားသည့် တိတ်ခွေအကြောင်းတွေးမိကာ မျက်မှောင်ကျုံလိုက်သည်။ နေ့လည်တုန်းက ထိုမိန်းမပြန်သွားသည်အခါ ဥက္ကဌကျန်းကို ထိုဗီဒီယိုအခွေအကြောင်း ဖုန်းဆက်မေးလိုက်သည်။ ထိုအခါ သူက ကျွက်စိကျွတ်စိပြောတော့သည်။ ထိုကြောင့် မော့ဟန်လို ရှေ့နေတွေ ဘာမှမသိသည့်အကြောင့်အရာရှိမည်ကို ရိပ်မိလိုက်သည်။

ကျန်း၏မိန်းမဟောင်း တောင်းဆိုသည်မှာ သူ့ယောင်္ကျားဟောင်း လက်မခံနိုင်မည့်အချက်ဖြစ်သည့် ကျန်းကုမ္ပဏီ၏ ရှယ်ယာ(၁၂)ရာခိုင်နှုန်းဖြစ်သည်။ ဘယ်ယောင်္ကျားကမှ ဘာမှမပြောဘဲ သူ့ကြိုးစားရှာထားရသည့် ရှယ်ယာတွေကို မယားဟောင်းသို့ ပေးမည်မဟုတ်ပေ။ ဥက္ကဋ္ဌကျန်းကလည်း မပေးချင်သောကြောင့် သူ့မိန်းမမှာ ဖိအားပေးနေခြင်းဖြစ်သည်။ အခုအခြေအနေမှာ ဥက္ကဋ္ဌကျန်းအတွက် အကျိုးနည်းစရာတွေကြီး ဖြစ်သည်။ အဖြေမရှာနိုင်ဘဲ ဒီလိုဆက်သွားနေရင် မနက်ဖြန်ရုံးချိန်းတွင် အခြေအနေဆိုးဝါးသွားနိုင်သည်။

“မတွေ့ဘူး။ ကျွန်တော် ဒီမိန်းမရဲ့ ကိုယ်ရေးကိုယ်တာတွေကိုပါ ရှာကြည့်တယ်။ ဆိုရှယ်မီဒီယာအကောင့်က ပုံတွေကို မသင်္ကာပင်မယ့် အကုန်လုံးက သိပ်အသုံးမဝင်တဲ့ နေထိုင်မှုပုံစံတွေကြီးပဲ။

မော့ဟန်က ကျေနပ်ပုံမရဘူး။ ဒါပင်မယ့်လည်း သူလေသံကိုလျှော့ပြီး
“ဟုတ်ပြီ။ မင်းသွားလို့ရပြီ”

ဧည့်ခန်းတွင်ထိုင်နေရသည့် ရှုချင်းရီက ဒီအမူအကြောင်းကို ဘာမှမသိလေဘူး။ လျူဇီယွမ်ထွက်သွားသည့်အခါ မော့ဟန်မျက်နှာမကောင်းသောကြောင့် သူ့စားပွဲသို့လျှောက်သွားကာ မေးသည်။
“ကိုကြီး အဆင်ပြေရဲ့လား?”

“အင်း ပြေပါတယ်”
မော့ဟန်က ခေါင်းကိုငုံကာ ခုနကလာပေးသွားသည့် စာရွက်စာတမ်းများကို ဖတ်ကြည့်နေသည်။

စားပွဲပေါ်တွင် ကျန်း၏မိန်းမဟောင်းပုံများက ပြန့်ကျဲနေသည်။ ရှုချင်းရီက တစ်ပုံကောက်ယူကာ သေချာကြည့်သည်။ မိတ်ကပ်ကို အပြစ်မရှိအောင်လိမ်းထားကာ သေသပ်သည့်ဆံပင်ပုံစံဖြင့် မျက်နှာထားတည်ကြည်သည့် မိန်းမတစ်ယောက်ပုံဖြစ်သည်။ ဒီပုံတွင် စိန်နားကပ်အရောင်ဖြင့်ပါးပြောင်နေသော သူဌေးမတစ်ယောက်၏ အဝတ်အစား၊ အသုံးအဆောင်နှင့် ဖိနပ်တို့ကိုပါ ပြသထားသည်။

ရေချိုးခန်းဝတ်စုံဖြင့် ရေချိုးခန်းတွင် ရိုက်ထားသော ပုံလည်းပါသည်။ သူမစိတ်ထဲတွင်ထူးဆန်းသလို ခံစားရပြီး ရှုချင်းရီက ပုံတွေက သေချာစူးစမ်းကြည့်တော့သည်။

“ဥက္ကဋ္ဌကျန်းက အသက်ဘယ်လောက်လဲ?”
ရှုချင်းရီက ရုတ်တရတ်မေးသည်။

မော့ဟန်က သူမဘာကြောင့်ထမေးသလဲ နားမလည်သော်လည်း ဖြေလိုက်သည်။
“၄၅နှစ်ဝန်းကျင်”

ရှုချင်းရီက ပုံကိုသေချာထပ်စူးစမ်းကြည့်သောအခါ တစ်စုံတစ်ခုကို သေချာသွားပြီး မော့ဟန်ကို ပုံကိုပြကာ သေချာကြည့်ခိုင်းလေသည်။ မော့ဟန်က သူမလက်ထဲကပုံကိုယူကြည့်ပြီးနောက် မယုံကြည်စွာ
“ဘာများထူးနေလို့လဲ?”

“မှန်အနောက်က စင်ပေါ်ကို သေချာကြည့်။ အပေါ်ဆုံးအထပ်က အလှကုန်ပစ္စည်းတွေ”

မော့ဟန်က ကြည့်လိုက်သောအခါ လိုးရှင်းနှင့်တခြားဘူးများကို စီထားသည်ကို မြင်ပြီး ထူးဆန်းတာ မတွေ့သောကြောင့်
“ဘာဖြစ်လို့လဲ? ဒီတံဆိပ်တွေကို မှတ်မိလို့လား?”

“အာ အဲ့ဒါမဟုတ်ဘူး။ တိုနာဘူးအဖြူရောင်လေးကိုကြည့်။ အဲ့ဒါယောင်္ကျားသုံး။ ဒီတံဆိပ်က အသက်၂၀ကျော် ယောင်္ကျားလေးတွေအတွက် ထုတ်ပေးတာ”

“ပြောချင်တာက . . .”
မော့ဟန်က အတွေးတစ်ခုပေါ်လာပြီး မျက်လုံးတွေ တောက်သွားသည်။

“ဒီပုံကိုရိုက်ထားတာ လွန်ခဲ့တဲ့တစ်နှစ်လောက်ကတည်းကဆိုတော့ သူအိမ်ထောင်မကွဲခင် ကျန်းရဲ့မိန်းမဟောင်းမှာ လင်ငယ်ရှိနေတာ။ ဒါကိုကြည့်ရုံနဲ့ သူတို့ဆက်ဆံရေးက ကြာနေပြီ”

Previous Chapter 31 of 75 Next