May Honey Logo May Honey
Previous Next

၃၄။ ကိုကြီး အိပ်ချင်တယ်

“ထတော့ အပေါ်ထပ်ကိုသွားရအောင်”
မော့ဟန်က ကားပေါ်ကဆင်းကာ ရှုချင်းရီကထိုင်သည့်ဘက်ကို ကားတံခါးလာဖွင့်ရင်း ပြောသည်။ သူမထပ်အိပ်ပျော်သွားသည်ကိုမျင်သည့်အခါ သူရယ်ရအခက်ငိုရအခက်ဖြစ်သွားသည်။ သူက ကားမှန်တံခါးကို တဒေါက်ဒေါက်ခေါက်ရင်း
“ရှုချင်းရီ အခုထတော့!”

ရှုချင်းရီက လန့်နိုးလာသည်။ သူမကမျက်လုံးလေးဖွင့်ကာ ဒေါသထွက်နေပုံရသည့် မော့ဟန်ကို ကြည့်သည်။ ထို့နောက် သူမတစ်ကိုယ်လုံးမှာ သဲတောထဲကျသွားသလိုမျိုး နူးညံ့လွန်း၍ ဘာမှမခံစားနိုင်တော့ချေ။ အိပ်ချင်စိတ်က သူမကိုအကြီးအကျယ်နှိပ်စက်ပြီး သူမရောက်နေသည့် လက်ရှိအခြေအနေကိုမေ့သွားသည်။

“အိပ်ချင်တယ် ကိုကြီး။ ခနလေး အိပ်ပါရစေ”
အသံလေးမှာ အဝေးကြီးကထွက်လာသည့်အတိုင်း ကြားနိုင်ရုံမျှ တိုးတို့လေးဖြစ်သည်။

ရှုချင်းရီက ဒဏ်ရာမပျောက်သေးဘဲ တနေ့လုံးပင်ပန်းသွားမည်ကို တွေးမိသည့်အခါ မော့ဟန်စိတ်မှာ ပျော့သွားသည်။ ဒါတင်မကသေးဘူး။ သူ့ရုံးအထိလာပြီး သူ့ကိုဆယ်နာရီကျော်တဲ့အထိ စောင့်ပေးနေခဲ့သေးသည်။ သူမနိုးလာမည်မဟုတ်သေးဟု ကြိတ်မှိတ်ယုံကြည်ကာ သူမကိုမင်းသမီးလေးလိုမျိုး ပွေ့ချီလိုက်သည်။ ထို့နောက် သူမအပေါ်ပိုင်းကိုပွေ့ထားသည့်လက်ဖြင့် ကားတံခါးပိတ်လိုက်ကာ အိမ်ပေါ်သို့ သူမကိုသယ်သွားသည်။

သူမကတကယ်ပေါ့သည်။ ဒီကောင်မလေးက သူ့ပုခုံးကိုမှီရုံလောက်အထိ သေးသွယ်သည်။ သူပွေ့ထားစဉ် သူမကျောကုန်းမှ ပတ်တီးအထူကြီးကို ခံစားမိသည်။ သူ့လက်မောင်းပေါ်တွင်ပါလာသည့် သူမကိုယ်ပေါ့ပေါ့လေးက သူကြောင်လေးတစ်ကောင်ကိုသယ်လာရသလိုမျိုး ခံစားရစေသည်။

သူမဒီလိုဒဏ်ရာတွေ ဘယ်လိုလုပ်ရလာသလဲဆိုသည်ကို သူမပတ်တီးတွေကိုထိမိရင်း သူမတွေးဘဲ မနေနိုင်ခဲ့ပေ။
ဘယ်လိုလူက ဒီကောင်မလေးကို ဒီလောက်အထိ လုပ်ရက်ရတာလဲ? နောက်ဆုံးကျရင် ကောင်မလေးအတွက် အမှန်တရားကို ရှာပေးနိုင်လောက်မယ်မလား?

အခုမော့ဟန်တွင် ဥက္ကဋ္ဌကျန်းကိစ္စကို ဖြေရှင်းရန် အတွေးရခဲ့ပြီဖြစ်သည်။ ဥက္ကဋ္ဌကျန်းက ဘာလုပ်ခဲ့လုပ်ခဲ့ မောဝဟန်သိဖို့လိုအပ်သည်မှာ သူ့မိန်းမဟောင့်တင်ပြမည့် ဗီဒီယိုကအတုဆိုတာပင် ဖြစ်သည်။ ထို့ကြောင့် သူမတောင်းဆိုသည့် (၁၂)ရာခိုင်နှုန်းကို ရနိုင်မည်မဟုတ်တော့ချေ။

ဒီအမှု၏အခြားအပိုင်းများကတော့ ရှင်းရန်သိပ်မလိုအပ်ပေ။ တစ်ဖက်ရှေ့နေမှာ သူ့ခုခံချက်များကို အပြစ်ရှာကာ ပြောလိမ်မည်။ ဒီအမူဟာ စီးပွားရေးအမှုသာသာပင်။ သူက ကုမ္ပဏီရှယ်ယာများနှင့် ပတ်သက်၍ စီးပွားရေးဥပဒေနှင့်တစ်မျိုး လင်မယားကွာရှင်းခြင်းအတွက် ထိန်းမြားခြင်းဥပဒေအရတစ်ဖုံ လျှောက်ထားရုံသာဖြစ်သည်။

သူကရုံးကိုပြန်သွားကာ လိုသည်ပိုသည်များကို ၁နာရီမှ ၇နာရီအထိ အကောင်းဆုံး ပြင်ဆင်လိုက်သည်။

ရုံးချိန်းမှာ မနက်၉နာရီတွင်စတင်ပြီး နေ့လည်တွင်အပြီးသတ်သွားသည်။ စီရင်ချက်ကိုလည်း ချမှတ်လိုက်သည်။ ဥက္ကဋ္ဌကျန်း၏ မိန်းမဟောင်းတောင်းဆိုသည့် ရှယ်ယာ(၁၂)ရာခိုင်နှုန်းမှာ ငငြင်းပယ်ခံလိုက်ရပြီး မိန်းမတစ်ယောက်၏ ရပိုင်ခွင့်အတိုင်း ပစ္စည်းဥစ္စာတို့က ရယူရန် စီရင်ချက်ချလိုက်သည်။

“ရှေ့နေကြီးက တကယ်တော်တာပဲနော်! ဗီဒီယိုကိုအတုမှန်း ဘယ်လိုလုပ်သိတာလဲ?”
မော့ဟန်ရုံးကနေ အကူအဖြစ်လိုက်လာသော လီကျင်းကမေးသည်။

မော့ဟန်က တရားရုံးကထွက်လာရင်း ပြုံးရုံသာပြုံးလိုက်သည်။

“ရှေ့နေကြီးက ဂုဏ်နဲ့ရှင်သန်တာပဲ။ ဒီနေ့ရုံးချိန်းအတွက် မျှော်လင့်ချက်မရှိတော့ဘူးလို့ ကျွန်မထင်နေခဲ့တာသိလား။ မနေ့က ကျန်းရဲ့မိန်းမဟောင်းကြောင့်လေ သိတယ်မလား။ ဒါပင်မယ့် ရှေ့နေကြီးက သက်သေကိုရှာပြသွားတယ်တော့! တကယ့်ကိုအံ့သြစရာပဲ”
လီကျင်းက သူမဘေးမှ လျူဇီယွမ်ကို ခပ်တိုးတိုးလှမ်းပြောသည်။ သူမသည်မော့ဟန်အနောက်မှ အခြားလုပ်ဖော်ကိုင်ဖက်များနှင့်အတူ ဂုဏ်ယူဝင့်ကြွားစွာ တရာရုံးထဲက ထွက်လာကြသည်။

“ဆရာမော့ဟန်ရဲ့ အရည်အချင်းကို ဘယ်တော့မှ သံသယမဝင်နဲ့။ အရ်ကတည်းက သူက ငါတို့ကျောင်းရဲ့ နာမည်ကြီးပဲ!”
လျူဇီယွမ်က ပြောသည်။

“ဒါဆိုရင် သူ့မှာရည်စားရော ရှိလားဟင်?”
လီကျင်းက မော့ဟန်ကို အထင်ကြီးမှုများ ပိုခိုင်မာလာပြီး အရူးအမူးစွဲလမ်းမှုများဖြင့် စိတ်ကူးယဉ်မျှော်လင့်ကာ မေးသည်။

Previous Chapter 34 of 75 Next