May Honey Logo May Honey
Previous Next

၇၁။ ကျောင်းထွက်ချင်တယ်

ရှုချင်းရီစကားကိုကြားသောအခါ အခြားသူငယ်ချင်းများက သူမတို့၏ သူငယ်ချင်းဆိုသူကို မယုံနိုင်စွာ ကြည့်ကုန်ကြသည်။

“ငါဘာပြောနေလဲဆိုတာ နင်သေချာသိပါတယ်”
ရှုချင်းရီက ပြောသည်။

“ဒီအခြေအနေအထိ ရောက်လာမှတော့ ဖုံးကွယ်ပေးစရာ မလိုတော့ဘူး။ ငါနင့်ကိုစတွေ့တုန်းကလို နင်နေရင်ကောင်းမှာကို။ သူများရဲ့မိသားစုကို ဖျက်စီးနေတာက တခြားသူတွေသိသွားရင် ချက်ချင်းဖြေရှင်းဖို့ လွယ်မှာမဟုတ်ဘူးနော်”

ထိုကောင်မလေးမျက်နှာမှာ သူမစကားများကြောင့် ဖြူဖပ်သွားသည်။
“နင်ဘာမြင်လိုက်တာလဲ?”

“ဘာမှမဟုတ်ပါဘူး။ သူနင့်ကို ဝယ်ပေးတာလေးတင်ပါ”
ရှုချင်းရီက မူးလာသည့် သူမခေါင်းကိုထိန်းရင်း ထိုတစ်ယောက်၏ ဘေးကနေဖြတ်သွားလိုက်သည်။ ထို့နောက် သူမကိုမှီရင်း သူမကွဲအက်နေသောအသံကြီးဖြင့် ခပ်တိုးတိုးလှောင်လိုက်သည်။
“နောက်ဆိုရင် သေချာသိမ်းထားဖို့ မေ့မနေနဲ့”

ထို့နောက် ထိုတစ်ယောက်၏ ပျက်ယွင်းသွားသည့် မျက်နှာအမူအယာကို လျစ်လျူရှုကာ ခုနတုန်းက ကျသွားသည့် ဆေးများကိုကောက်ကာ ထွက်သွားသည်။

အခုအချိန်ကစပြီး သူတို့က သူမသူငယ်ချင်းတွေ မဟုတ်ကြတော့ဘူး။ နောက်ဆုံးမှာတော့ သူမဟာ တစ်ယောက်တည်း ဖြစ်သွားပြီ။

ရှုချင်းရီက ကျောင်းမှာ ကြာကြာမနေတော့ပေ။ ဒါက သူမအဖျားကြောင့်လား ခုနကအဖြစ်ကြောင့်လား သူမမသိပေ။ ဒါပင်မယ့် သူမကိုယ်ထဲတွင် အားမရှိတော့ပေ။ သူမလုပ်ချင်သည်ဟူ၍ ကောင်းကောင်းအိပ်ရမည့် နေရာတစ်ခုကို ရှာရန်သာဖြစ်သည်။ သူမကို လမ်းကို မူးမူးဖြင့် လျှောက်နေရင်းကနေ ဖုန်းထုတ်ကာ ကျောင်းကိုဆက်လိုက်သည်။

“ဟယ်လို? ဟယ်လို? ဆရာမ သမီးအတန်းဆက်မတက်နိုင်တော့ဘူးထင်တယ်”

“ဟင်?”
ဆရာမက ကြောင်သွားသည်။

“သမီးနားတော့မယ် ဒါမှမဟုတ်လည်း မေဂျာပြောင်းတော့မယ်။ မနက်ဖြန်ကျရင် လိုအပ်တာတွေကို လာဆွေးနွေးပါ့မယ်”

ဆရာမက ဘာဖြစ်နေသလဲဆိုသည်ကို နားမလည်သေးသောကြောင့် ငြိမ်ကာ ဆက်နားထောင်လိုက်သည်။

“ရှင်းမပြချင်တဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတစ်ခုကြောင့်ပါ။ အဆင်မပြေဖြစ်သွားရင် တောင်းပန်ပါတယ်နော်”

ဘာဖြစ်လို့လဲဟု မေးမလို့ ဆရာမက ပြင်ချင်တွင်ပဲ ရှုချင်းရီက
“ကျေးဇူးတင်ပါတယ်ဆရာမ။ သမီးဖုန်းချလိုက်ပြီနော်”

ရှုချင်းရီ ဖုန်းချသွားသည့်အခါ ဆရာမက ဖြစ်နိုင်ချေရှိသည်များကို တွေးကြည့်နေသည်။ ရှုချင်းရီက ဒီလိုပြောရသည့်အထိ ဘာတွေဖြစ်သွားသလဲဆိုသည်ကို သူမအမြန်စုံစမ်းရမည်ဖြစ်သည်။

တစ်နာရီလောက်ကြာသောအခါ ရှုချင်းရီက အတန်းထဲကသူတစ်ချို့နှင့် လမ်းပေါ်တွင် ရန်ဖြစ်ခဲ့ကြောင်း သူမသိလိုက်ရသည်။ သူတို့ရန်ဖြစ်ခဲ့သည်ပဲ သူမကြားရသော်လည်း ဘာကြောင့်ဖြစ်မှန်း သူမမသိရသေးပေ။

ရှုချင်းရီနှင့် ရန်ဖြစ်ခဲ့သည့်ကောင်မလေးမှာ မရပ်မနားငိုနေရင်းကနေ ရှုချင်းရီက သူမကိုရိုက်သွားသည်ကလွဲလို့ ကျန်တာကို ပြောပြချင်ပုံမရပေ။ သူမကလည်း ဘာမှမပြောသလို သူမသူငယ်ချင်းများကလည်း တစ်ခွန်းမှ မဟကြပေ။ ဆရာမက မေးသောအခါ သူတို့က ခေါင်းသာခါပြကြလေသည်။ အတင်းအကြပ်မေးသောအခါမှသာ ဒါကအချင်းချင်းမနာလိုတာကြောင့် ဖြစ်မည်ဟုသာ ပြောကြသည်။

ဆရာမက ဘာဖြစ်ခဲ့သလဲကို အတိအကျမသိရသောအခါ ဒေါသအတော်ထွက်လာသည်။ ယခုအဓိက ပြဿနာမှာ ဘယ်သူက ဖုန်းခေါ်ကြည့်ပါစေ ရှုချင်းရီကို ဖုန်းဆက်ကာ ဆက်သွယ်မရတော့ခြင်းဖြစ်သည်။ ရှုချင်းရီကို ဆက်သွယ်နိုင်မည့် တစ်ဦးတည်းသောသူဖြစ်သည့် မော့ဟန်ကို ဆရာမက ဖုန်းအမြန်ဆက်ရသည်။ သူမက ရှုချင်းရီမှာ စိတ်အခြေအနေမကောင်းသောကြောင့် တစ်ခုခုများဖြစ်သွားမလားဟု စိုးရိမ်နေခြင်းဖြစ်သည်။

ဆရာမက ဖုန်းခေါ်တုန်းက မော့ဟန်မှာ အစည်းအဝေးလုပ်နေခြင်းဖြစ်သည်။ အစည်းအဝေးပြီးသည့်နောက် သူဖုန်းကsilentကို ဖြေသည့်အခါမှသာ မြင်ခြင်းဖြစ်သည်။ အစက သူလျစ်လျူရှုရန် လုပ်လိုက်သော်လည်း မသိသည့်ဖုန်းနံပတ်တစ်ခုမှ ၅ခါလောက် သူ့ကိုခေါ်ထားသည်ကို တွေ့သောအခါ သူပြန်ခေါ်လိုက်သည်။

“ဟယ်လို ဒါရှုချင်းရီရဲ့အကို မော့ဟန်လားမသိဘူး?”

“ဟုတ်ပါတယ်”

ဆရာမက ပြောသည်။
“နှောက်ယှက်ရတာ တောင်းပန်ပါတယ် ရှေ့နေကြီး။ ဒါပင်မယ့် ရှင့်ညီမက ကျောင်းမှာ ပြဿနာဖြစ်လို့ပါ။ သူထွက်သွားပြီး ဘယ်ရောက်နေလဲ မသိဘူး။ အဲ့ဒါကြောင့် ခေါ်လိုက်တာပါ။ သူဘယ်မှာလဲဆိုတာ သိလား?”

မော့ဟန်က ရှုချင်းရီပြဿနာဖြစ်သည် ဆိုသည်ကိုသာ ရွေးကြားလိုက်သည်။ သူ့မျက်ခုံးနှစ်ဖက်က ထိမတက်ကျုံသွားကာ
“သူဘာဖြစ်တာလဲ?”

“ကျောင်းမှာ တခြားသူတစ်ယောက်နဲ့ ရန်ဖြစ်တာ။ ပြီးတော့ ကျွန်မကို ဖုန်းဆက်ပြီး သူကျောင်းထွက်တော့မယ် ပြောသွားတယ်”

Previous Chapter 71 of 75 Next