May Honey Logo May Honey
Previous Next

၄၇။ အရည်အချင်းရှိသူ

“မနက်ကတစ်ယောက်ကလည်း ကျောင်းကတစ်ယောက်လိုပဲ သေသွားတာလား?”

“အင်း. . . နှစ်ယောက်လုံးက လည်ပင်းဖြတ်ခံရပြီးတော့ သွေးထွက်လွန်ပြီး သေသွားတာ”

“ပုံတွေကြည့်လို့ရမလား?”
ရှုချင်းရီက မေးလိုက်သည်။

ကျန်းယန်က ခနတွေဝေသွားသော်လည်း ပုံတွေတွဲထားသည့် ဖိုင်ကို သူမအား ပြလိုက်သည်။

ရှုချင်းရီက ပုံတွေကို သေချာကြည့်လိုက်သည်။ အရင်အမှုလိုပဲ သွေးများက နေရာအနှံပင်။ လည်ပင်းကိုလည်း ဖြတ်ခံထားရသည်။ သေဆုံးသူ၏ အဝတ်များမှာ ပျက်စီးနေပြီး သူမအသက်ရှင်နေစဉ်တုန်းက စော်ကားခံထားရပုံရသည်။

“ပုံတွေကြောင့် လန့်မသွားဘူးလား?”
ကျန်းယန်က ရှုချင်းရီ၏ ပြောင်းလဲမသွားသည့် အမူအယာကို ကြည့်ရင်းမေးသည်။ ထိုကောင်မလေးက စိတ်ဝင်စားမှုအပြည့်ဖြင့် ပုံတွေကို သေချာကြည့်နေသည်။ ရဲဖြစ်နေသည်တောင် အခင်းပုံတွေကိုမြင်သောအခါ အဆင်မပြေဖြစ်သွားကြသည့်သူများ ရှိသောကြောင့် ဒီကောင်မလေးကို သူအံ့သြသွားသည်။ သူကိုယ်တိုင်လည်း လူသတ်မှုများကို စစုံစမ်းရသောအခါ ဒီလိုမြင်ကွင်းများနှင့် အသားကျဖို့ သူအချိန်အတော်ကြာကြာယူခဲ့ရသည်။

ရှုချင်းရီက သူ့ကို ပြုံးကြည့်ကာ
“ဘာကြောက်စရာရှိလို့လဲ။ လူသေပဲဟာ”

ကျန်းယန်က ပါးစပ်ပိတ်သွားသည်။ သူက ထိုကောင်မလေး ပုံတွေကို ထပ်ခါထပ်ခါလှန်ကြည့်နေသည်ကို ကြည့်နေသည်။ သူ့ဆရာပြောခဲ့သည့် ကြည့်လိုက်ရုံနဲ့တင် ဘာလုပ်ရမလဲဆိုတာသိတဲ့သူတွေရှိသည် ဆိုသည်ကို သူကြားယောင်လာသည်။ ဒီလိုလူတွေက သာမန်မဟုတ်သည့် အရည်အချင်းများကို ပြသနိုင်စွမ်းရှိသည်။ အခြားသူတွေမလုပ်နိုင်သည်များက ဒီလိုလူများအတွက်တော့ လုပ်နိုင်နေတက်သည်။

“ပုံကိုကြည့်ပြီး ဘာပြောနိုင်လဲ?”
ကျန်းယန်က မေးလိုက်သည်။

ရှုချင်းရီက ပုံတွေကိုချလိုက်ကာ စားပွဲပေါ်က ကော်ဖီခွက်ကို ယူသောက်လိုက်ပြီးမှ ကျန်းယန်၏ စိတ်အားထက်သန်နေသည့် မျက်လုံးများကို စေ့စေ့ကြည့်ပြီး
“ဘာမှမတွေ့ဘူး”

ကျန်းယန်က သူမကို ဆွံအစွာကြည့်ပြီးကာမှ
“ဒီလောက်အကြာကြီး ဒီပုံတွေကို ကြည့်ပြီးကာမှ ဘာမှမတွေ့ဘူးလား?”

ရှုချင်းရီက ပခုံးလေးတွန့်ကာ
“ဟင့်အင်း။ ဒီပုံတွေက ကျောင်းမှာဖြစ်တုန်းကနဲ့ သိပ်မကွာဘူး။ ကွာတာဆိုလို့ အခင်းနေရာပဲ”

“အဲ့ဒါအသိသာကြီးပဲလေ”
ကျန်းယန်က စိတ်လေစွာပြောသည်။

သူကဓာတ်ပုံတွေကို စိတ်ညစ်စွာ ပြန်သိမ်းလိုက်သည်။ သူက ဒီကောင်မလေးတစ်ခုခုကို ထောက်ပြနိုင်မည်ဟု မျှော်လင့်ခဲ့တာဖြစ်သည်။ အခုတော့ သူ့အထင်က မှားသွားပြီ။

“လူသတ်မှုနှစ်ခုကြားမှာ ဘာဖြစ်လို့ တစ်ပတ်လောက် ခြားနေရတာလဲ? လူသတ်သမားက အရင်အမှုကလူတစ်ယောက်တည်းဆိုရင် စိတ်မရှည်ဖြစ်နေသလိုပဲ”
ရှုချင်းရီက သူမဟာသူမရေရွတ်နေသည်။

ကျန်းယန်က သူ့နာရီကို ကြည့်လိုက်သည်။ ရဲစခန်းက အစည်းအဝေးလုပ်ချိန် ကပ်နေပြီဖြစ်သည်။ သူထသွားရုံရှိသေးသည်။ ရှုချင်းရီက လှမ်းအော်ပြောသည်။
“သတိထားကြည့်။ ကျွန်မအထင်အရဆိုရင် . . .ဒီလိုအမှုထပ်ဖြစ်လိမ့်မယ်”

ကျန်းယန်က
“ဘယ်လိုလုပ်သိလဲ?”

“မသိဘူး။ ရှင့်အမှုကို ရှင်ပဲရှင်းပေါ့။ ဒါပင်မယ့် ပုံတွေအရဆိုရင် လူသတ်သမားက စိတ်ဝေဒနာရှိနေလို့ ခံစားမိတယ်။ သူက မိန်းမတွေကို မုန်းတယ်။ အထူးသဖြင့် ငယ်ပြီးလှတဲ့သူမျိုးတွေပေါ့။ သူက စိတ်မရှည်တော့ဘဲ ထပ်ခါထပ်ခါလုပ်နေပုံရတယ်”

ကျန်းယန်က သူမကို သံသယဖြင့်
“တကယ်လား?”

“၈၀ရာခိုင်နှုန်းလောက် ဖြစ်နိုင်တယ်”

“တခြားအထင်ရော?”
ကျန်းယန်က မေးလိုက်သည်။

“ဆေးရုံတွေကို သတိထားပြီး စုံစမ်းကြည့်”

ကျန်းယန်က ရှုချင်းရီကို ထပ်မေးဖို့ လုပ်ပင်မယ့် သူမဖုန်းက မြည်လာသည်။ သူမက ထလိုက်ကာ သူမပြန်တော့မည့်အကြောင်း လက်ဟန်ခြေဟန်ပြသွားသည်။ ထို့ကြောင့် ကျန်းယန်ကလည်း သူ့စာအုပ်ဖြင့် ရဲစခန်းကိုပဲ ပြန်လိုက်ရတော့သည်။

ဖုန်းခေါ်သူမှာ မော့ဟန်ဖြစ်သည်။ ရှုချင်းရီက လမ်းလျှောက်ရင်း ဖုန်းကိုကိုင်လိုက်ကာ
“ဘာဖြစ်လို့လဲ?”

“အခုဘယ်မှာလဲ?”

“အပြင်မှာ။ ဟိုနေ့ကရဲက အမှုကိစ္စအကြောင်း လာစုံစမ်းလို့”

Previous Chapter 47 of 75 Next