May Honey Logo May Honey
Previous Next

၄။ ငါ့လက်ထဲမှာ ဆာလဖျူရစ်အက်စစ်အပြင်းစား ရှိတယ်

သူတို့ဘေးမှာ ကောင်မလေးက ငြိမ်ငြိမ်လေး ထိုင်နေတုန်းပဲ။ သူတို့ပြောသမျှကို ငြိမ်သက်စွာ နားထောင်နေခဲ့တယ်။

မော့ဟန်က ဆေးရုံဝတ်စုံဝတ်ထားတဲ့ ဒီဖြူဖျော့နေတဲ့မိန်းကလေးကို ကြည့်မိတယ်။ သူမက ဆေးရုံကနေ ထွက်ပြေးလာတာ အရှင်းကြီးပါပဲ။ လိမ္မာပါးနပ်စွာ သူမကို သူပြုံးပြလိုက်ကာ
“မိန်းကလေး မင်းလည်းအခု အမှန်တရားကို သိပြီပဲ။ ငါ့ဝန်ထမ်းတွေ သတိမထားမိတာကြောင့်လို့ ပြောလို့ရပင်မယ့်လည်း ငါတကယ်ကို တောင်းပန်ပါတယ်။ ငါမင်းကို တကယ်မသိဘူး”

“မင်းမိသားစုက ဘယ်မှာလဲ? ဖုန်းခေါ်ပေးရမလား? ဒါမှမဟုတ် ငါမင်းကို ပြန်လိုက်ပို့ပေးမယ် လိပ်စာပေး”
မော့ဟန်က သူမရဲ့ ဖြူဖျော့နေတဲ့မျက်နှာလေးနဲ့ ကိုယ်ပိန်ပိန်လေးကို ကြည့်လိုက်တယ်။ သူမကို သူသနားမိတယ်။ သူမက ကျောင်းသူအရွယ်လောက်ပဲ ရှိလောက်သေးတယ်။

ကောင်မလေးက ပြန်ဖြေတယ်။
“ကျွန်မ အတိတ်မေ့နေတယ်။ ဆေးရုံမှာ သတိရလာတော့ ဘာမှမသိတော့ဘူး။ ကျွန်မ နာစ်မတွေကို မေးပါသေးတယ်။ ဒါပင်မယ့် သူတို့က ကျွန်မနဲ့ပတ်သတ်ပြီး ဆေးရုံက အဆက်အသွယ်ရှိတာ ရှင်ပဲတဲ့”
သူမက ခပ်တိုးတိုးလေးနဲ့ အမြန်ပြောတယ်။ သူမဒါကို ပြောနေတဲ့အချိန်မှာ သူမမျက်နှာကို တည်ငြိမ်နေပြီး ဘာအမူအယာမှမရှိဘူး။

သူမကို သိနိုင်မယ့်သူက ဘာမှမသိတဲ့အချက်ကြောင့် ဒီလိုမျိုးငြိမ်ပြီး တိတ်ဆိတ်သွားခဲ့တာ ဖြစ်မယ်။

မော့ဟန်က သဘောထားနည်းနည်း ပြောင်းသွားတယ်။ သူမအကြောင်း သိချင်လာတာကို သူတားမရဘူး။ တံခါးဝမှာ မူးနောက်စွာရပ်နေတဲ့ လျူဇီယွမ်ကို လက်ညှိုုးထိုးပြကာ
“ခနနေရင် မင်းသူ့ကို ရဲစခန်းလိုက်ပို့ခိုင်းလိုက်။ ရဲတွေက မင်းမိသားစုကို ကူရှာပေးလိမ့်မယ်”

“မင်းက အတော်ငယ်သေးပုံပေါ်လို့ ငါကတော့ ကျောင်းသူလို့ပဲ ထင်တယ်။ ဒီမြို့ထဲက အထက်တန်းကျောင်းတွေ တက္ကသိုလ်တွေကို ငါတို့စစ်ပေးမယ်။ မင်းဘယ်သူလဲဆိုတာ ငါတို့ရှာပေးနိုင်မှာပါ”

မော့ဟန်စကားကို ဖြတ်လိုက်ပြီး
“ကျွန်မ ရဲစခန်းကို မသွားချင်ဘူး။ ရှင်ခနလောက် . . . ကျွန်မကို ခေါ်ထားပေးပါလား?”

သူရော လျူဇီယွမ်ရော ကြောင်သွားတယ်။ လျူဇီယွမ်ကလည်း သူမရှိသလိုမျိုး ပုန်းဖို့လုပ်နေတယ်။ သူတို့နှစ်ယောက်လုံး ဒီကောင်မလေးကို ရှော့ရကာ ကြည့်နေမိတယ်။

ငါကြားလိုက်တာ မှန်တယ်မလား? ဒီကလေးမလေးက အဆိပ်ပြင်းလျှာပိုင်ရှင် ရှေ့နေကြီးကို သူ့ကိုခေါ်ထားဖို့ ပြောလိုက်တာမလား? ငါ့ bossက ဘယ်တုန်းက ကြင်နာသွားတက်တာလဲ!
သူထင်သလိုပါပဲ။ မော့ဟန်က ရယ်ပြီး သူမကို ပြောလိုက်တယ်။
“တောင်းပန်ပါတယ် မိန်းကလေး။ ငါနဲ့ဘာမှမဆိုင်တဲ့ သူစိမ်းကိုခေါ်ထားရလောက်တဲ့ စိတ်ထားမျိုး ငါ့မှာမရှိဘူး”

သူ့အေးတိအေးစက်ပုံစံ ပြန်ဖြစ်သွားပြီး ကြောင်အနေသေးတဲ့ လျူဇီယွမ်ကို
“လျူ ဒီမိန်းကလေးကို လိုက်ပို့ပေးလိုက်ပါဦး။ ငါတို့အလုပ်လုပ်စရာ ရှိသေးတယ်”

လျူဇီယွမ်က ဘာမှန်းမသိတဲ့ ကောင်မလေးကို လိုက်ပို့မလို့ လုပ်နေတုန်းမှာပဲ အခန်းအပြင်ဘက်မှာ ရုတ်တရပ်ပွတ်လောရိုက်ကုန်တယ်။ လူတွေက ကြောက်လန့်တကြား အုတ်အော်သောင်းနင်း ဖြစ်နေပုံရတယ်။ မော့ဟန်က Annaရဲ့ စိတ်လှုပ်ရှားနေတဲ့အသံကို ကြားလိုက်တယ်။

“ဒီလိုလုပ်လို့ မရဘူး! ဒါကျွန်မတို့ အလုပ်လုပ်တဲ့နေရာပါ။ စိတ်လျှော့ပြီးတော့ စကားပြောရအောင်!”

“ရှေ့နေကြီးကို အခုထွက်လာခိုင်းလိုက်!”
ဒေါသထွက်နေတဲ့ လူကြီးတစ်ယောက်အသံ နောက်ထွက်လာတယ်။

“အား!!!”
Annaအသံက စူးစူးက စားပွဲတွေ ကုလားထိုင်တွေ လဲကျသွားတဲ့အသံနဲ့အတူ ထွက်လာတယ်။

မော့ဟန် အပြင်ကို ထွက်လာတော့ Annaက ကြမ်းပြင်ပေါ်မှာ လဲကျသွားတာကို မြင်လိုက်တယ်။ လူတွေက သူမကိုသွားထူပေးကြတယ်။ ကြမ်းပြင်ပေါ်မှာ စာရွက်စာတမ်းတွေက ရှုပ်ပွနေတယ်။ စားပွဲတွေ ကုလားထိုင်တွေကလည်း ဖရိုဖရဲဖြစ်နေတယ်။

မော့ဟန်က တရားရုံးမှာ ခုနကတွေ့ခဲ့တဲ့သူတွေဆိုတာကို တန်းမှတ်မိလိုက်တယ်။ သူတို့က တစ်ဖက်မိသားစုတွေပဲ။ သူတို့ကို ရက်စက်တဲ့မျက်နှာနဲ့ အကျႌမပါတဲ့ တက်ထိုးအပြည့်လက်မှာထိုးထားတဲ့သူက ဦးဆောင်လာတယ်။ ဒါက တစ်ဖက်အမှုသည်ရဲ့အကိုပဲ။ အမှုရံှုးသွားလို့ သူဒီကိုရောက်လာတာ ဖြစ်မယ်။

မော့ဟန်က ရှေ့ကိုထွက်လိုက်တယ်။ အဲ့ဒီလူကို သူအေးတိအေးစက်ကြည့်လိုက်တယ်။ သူ့အသံက လျစ်လျူရှုလို့မရဘူး။
“ကျေးဇူးပြုပြီး သတိထားပေးပါ။ ဒါကအလုပ်ခွင်ဗျ။ ကျွန်တော့်ဝန်ထမ်းတွေကို စိတ်အနှောင့်အယှက် ဖြစ်ရုံတင်မကဘူး။ ကျွန်တော်တို့ အလုပ်ကိုပါ နှောင့်ယှက်နေတာပဲ”

လူဝကြီးက အတိအလင်းပြန်ပြောတယ်။
“မော့ဟန်! ကျေးဇူးပြုပြီး လူမှန်ကြီးလို ဟန်ဆောင်မနေစမ်းပါနဲ့ကွာ။ အစိုးရရှေ့နေအိုကြီးကို မင်းပေးလိုက်တယ်မလား? မဟုတ်ရင် မင်းအမှုသည်က အပြစ်ကင်းကြောင်း စီရင်ချက်ကျမလား? သက်သေမခိုင်လုံဘူးလို့ သူပြောနေတာပဲဟာ! အဓိပ္ပာယ်ကိုမရှိဘူး!”

“ဥပဒေကို ခင်ဗျားသေချာမသိဘဲ လျှောက်ဆုံးဖြတ်မနေစမ်းပါနဲ့ဗျာ”
မော့ဟန်က ခပ်ဖွဖွရယ်ရင်း သူ့မျက်လုံးကို စိုက်ကြည့်ကာ
“အမှန်တရားက ပေါ်လာပြီပဲ။ မင်းညီသေသွားတာက ငါ့အမှုသည်နဲ့ မဆိုင်ဘူး။ လူသတ်သမားက တခြားတစ်ယောက်ပဲ။ ရဲတွေကို ဒီအကြောင်း သွားမေးသင့်တယ်။ ငါ့အလုပ်ကို လာမနှောင့်ယှက်နဲ့!”

မော့ဟန်က လေသံပြင်းပြင်းနဲ့ ဆက်ပြောတယ်။ ရက်စက်တဲ့မျက်လုံးတွေနဲ့လူဝကြီးကို သူတချက်ကြည့်ကာ
“Security! မင်းတို့ဘာကိုစောင့်နေတာလဲ? လုံခြုံရေးဝန်ထမ်းကို တစ်ယောက်ယောက်သွားခေါ်ပြီး ဒီလူတွေကို ဆွဲထုတ်သွားခိုင်းလိုက်။ ရှက်စရာကောင်းတာတွေ ဒီမှာမဖြစ်စေနဲ့!”

လူကြီးက ဒေါသထွက်ကာ အော်လိုက်တယ်။
“ငါ့ညီက သေသွားပြီ! လူသတ်သမားကို ရှာတွေ့ပင်မယ့် မင်းလာဘ်ထိုးလိုက်တာကြောင့် လွတ်သွားပြီကွ။ မင်းတို့တွေအကုန်လုံး လူသတ်သမားနဲ့အတူ ငရဲသွားလိုက်ကြတော့!”

ရုတ်တရပ် ဆေးရုံမှာသုံးတဲ့ ဆေးပုလင်းတစ်ခုကို ဆွဲထုတ်ကာ ရက်စက်စွာ ရယ်လိုက်တယ်။ ပုလင်းကို လှုပ်ကာ သူထပ်ရယ်လိုက်ရင်း
“ခွေးကောင်တွေ! ဒါဘာလဲဆိုတာ မင်းတို့သိကြလား?”

လူတိုင်းက လန့်ပြီးကြောင်သွားတဲ့အချိန်မှာ သူနဲ့အနီးဆုံးက မိန်းကလေးတစ်ယောက်ကို ဆွဲဖမ်းလိုက်တယ်။ သူမလည်ပင်းကို ညှစ်ထားပြီး ပြောလိုက်တယ်။
“ဒါက ဆာလဖျူရစ်အက်စစ်ပြင်းစားပဲ။ တစ်စက်လောက်နဲ့တင်. . . ဟား ဟား . . . မင်းမျက်နှာလေး ရုပ်ပျက်ဆင်းပျက်ဖြစ်သွားမယ်။ သနားဖို့ကောင်းလိုက်တာ! မျက်နှာလှလှလေးပဲ။ သေရင်တောင်သေသွားနိုင်တယ်”

Previous Chapter 4 of 10 Next