May Honey Logo May Honey
Previous Next

၃၉။ သူမကိုဖက်ထားခြင်း

မော့ဟန်က ဒီလိုတွယ်ကပ်လွန်းသော ကောင်မလေးကို မမြင်ဖူးချေ။ သူအခန်းထဲတွင် အဝတ်လဲပြီးသည်နှင့် အလုပ်လက်ကျန်များကိုလုပ်ရန် ထွက်သွားသည်။

သူတံခါးမပိတ်ခင်တွင် ကြမ်းပြင်ပေါ်မှ အိပ်ချင်မူးတူးလေသံလေး ထွက်လာသည်။

“မီးပိတ်ပေးခဲ့ပါဦး”

မော့ဟန်က ခေါင်းခါကာ အခန်းမီးကို ပိတ်ပေးခဲ့လိုက်သည်။

နာရီအနည်းငယ်လောက် သူစာကြည့်ခန်းထဲတွင် အလုပ်လုပ်ဆက်လုပ်ပြီးသည့်အခါ Shengda Shoping Centerအမှုနှင့် ပတ်သတ်၍ ရှယ်ယာများကို မည်ကဲ့သို့ ခွဲဝေသင့်ကြောင်း နိုင်ငံခြားမှ တချို့ရှေ့နေများနှင့် ဖုန်းဖြင့်အစည်းဝေးလုပ်သည်။ ဖုန်းပြောပြီးသည့်အခါ မော့ဟန်က နာရီကြည့်လိုက်တော့ ၁၁နာရီကျော်နေပြီ။ မော့ဟန်က မျက်ခုံဂစပ်ကို ပွတ်လိုက်ကာ သွားအိပ်တော့သည်။

သူအခန်းပြန်ရောက်၍ မီးဖွင့်လိုက်သောအခါ ကြမ်းပြင်ပေါ်တွင် စောင်လုံးလေးကို တွေ့လိုက်ရသောကြောင့် သူခနကြောင်သွားသည်။ နောက်မှ ရှုချင်းရီရှိသည်ကို သတိရတော့သည်။ သူမီးပြန်ပိတ်လိုက်ကာ ပြတင်းပေါက်မှ ဝင်လာသည့် မှိန်ပြပြလရောင်အောက်တွင် ကုတင်ပေါ်သို့တက်ကာ အိပ်တော့သည်။

ရှုချင်းရီအိပ်နေသည်က သူမအသက်ရှုသံဖျော့ဖျော့လေးအပြင် ဘာသံမှ မကြားရအောင် တိတ်ဆိတ်လွန်းသည်။ ထို့ကြောင့် ခနလေးအတွင်းမှာပဲ သူလည်းအိပ်ပျော်သွားတော့မည်ဟု ထင်လိုက်သည်။

သို့သော် ဒီတစ်ခေါက်တော့ မဟုတ်တော့ပေ။ သူအိပ်ပျော်တော့မည် အချိန်အတွင်းတင်ပဲ ရှိုက်သံတိုးတိုးလေးက ထွက်ပေါ်လာသည်။ မငိုမိအောင် ကြိုးစားထိန်းထားသောကြောင့် ထွက်လာသည့် ရှိုက်သံမျိုးလေး ဖြစ်သည်။ သူလျစ်လျူရှုထားလိုက်ပင်မယ့် ထိုရှိုက်သံလေးမှာ တဖြည်းဖြည်းကျယ်လာပြီး ငိုသံအဖြစ်သို့ ပြောင်းသွားတော့သည်။ မော့ဟန်သညည်လည်း အိပ်ချင်စိတ်ပျောကက်သွားလေပြီ။ ထိုအသံမှာ ကုတင်အောက်က ရှုချင်းရီဆီမှ ထွက်နေပုံရသည်။

သူအိပ်ရာပေါ်မှထကာ ဘေးကစားပွဲပေါ်မှမီးအိမ်ကို ဖွင့်လိုက်သည်။ မီးရောင်က အခန်းထဲတွင်လင်းလာသောကြောင့် မော့ဟန်မျက်လုံးက ထိုမီးရောင်နှင့် အသားကျအောင် အချိန်ခနယူကာ မျက်လုံးကိုကာလိုက်ရသည်။ ထို့နောက်တွင်တော့ မျက်လုံးကိုဖွင့်ကာ ကုတင်အောက်ကို ကြည့်လိုက်သည့်အခါ သူတစ်ဘဝလုံးအမှတ်ရသွားမည့် မြင်ကွင်းကို မြင်လိုက်ရသည်။

အခင်းနှင့်စောင်တို့မှာ ဘေးတစ်ဖက်တွင် ရှုပ်ပွစွာရှိနေပြီး ရှုချင်းရီက ညအိပ်ဝတ်စုံလေးကို ဝတ်ကာ ကွေးကွေးလေးအိပ်နေသည်။ သူမ၏လက်နှစ်ဖက်က သူမကိုယ်သူမဖက်ထားပြီး မျက်နှာနုနုလေးတွင် မျက်ရည်တို့က စီးကျနေသည်။ သူမကမျက်ခုံးနှစ်ဖက်ကို ထိလုမတက်တွန့်ကွေးနေရင်း ရှိုက်ကာငိုကျွေးနေသည်။ အခန်းထဲတွင် သူမရှိုက်သံလေးက ပဲ့တင်နေသည်။

မော့ဟန်က အံ့သြသွားသည်။ သူမဘေးတွင်ထိုင်ချကာ အိပ်ပျော်နေဆဲဖြစ်သည့် သူမကိုဖွဖွလေး လှုပ်နှိုးရင်း

“ဘာဖြစ်တာလဲ?”

ရှုချင်းရီက ဆက်ငိုနေဆဲဖြစ်သည်။ သူမကိုယ်လေးက တုန်လာကာ မျက်ရည်များ တသွင်သွင်စီးကျရင်း

“ကျေးဇူးပြုပြီး. . .ကျွန်မကို. . .လွှတ်ပေးပါ”

မော့ဟန်က သူမအိပ်မက်ဆိုးမက်ကာ ယောင်နေသည်ဟု သံသယရှိလာသည်။ ထို့ကြောင့် သူမကိုနိုးလာစေချင်သောကြောင့် သူမကိုဖက်လိုက်ကာ သူမနာမည်ကိုခေါ်ရင်း

“ရှုချင်းရီ ထတော့! ဒါအိပ်မက်တစ်ခုပဲ!”

သူမကငိုနေဆဲဖြစ်သည်။ သူမမျက်နှာလေးတွင် ချွေးများနှင့် မျက်ရည်များရောနေသည်။ တစ်ခုခုကနေ သူမကကိုယ်သူမကာကွယ်နေသလိုမျိုး သူမကိုယ်လေးကို သူမလက်နှစ်ဖက်က တင်းနေအောင်ဖက်ထားရင်း ရှိုက်ကာငိုနေဆဲ ဖြစ်သည်။ မော့ဟန်က သူမ၏ဒီလိုအခြေအနေကို စိုးရိမ်လာသည်။ သူမဒီလိုငိုနေတာမျိုး သူတစ်ခါမှ မမြင်ဖူးသလို သူမဒီလိုဖြစ်နေသည်က သူရင်ဘတ်ကို နာစေသည်။ ထို့ကြောင့် သူမကို ခပ်ကြမ်းကြမ်းလှုပ်နှိုးတော့သည်။

“ရှုချင်းရီ! ရှုချင်းရီ! ထတော့!”

ရှုချင်းရီက သူ့အသံကြားသွား၍ အသက်ရှုသံမှန်လာကာ မျက်လုံးပွင့်လာပြီး နိုးလာသည်။ သို့သော် သူမသည် ဘာဖြစ်နေမှန်းမသိသည့်ပုံပေါ်ကာ မော့ဟန်ကို မျက်ရည်အဝဲသားလေးဖြင့် ကြောင်ကြည့်နေသည်။ မော့ဟန်က သူမကို စိတ်ပူစွာကြည့်နေသလို သူပွေ့ဖက်ထားသောကြောင့် ထိုလူကြီး၏အနွေးဓာတ်ကို သူမခံစားမိသည်။

“ဘယ်လိုဖြစ်တာလဲ?”

မော့ဟန်က ဒီကောင်မလေးနိုးလာမှ သက်ပြင်းချနိုင်တော့သည်။

ရှုချင်းရီက မျက်ရည်ရွှဲနေသည့် သူမမျက်နှာလေးကို ကိုင်ကြည့်လိုက်သည်။ သူမလည်ချောင်းကလည်း ခြောက်ကပ်နေသည်။ ဘာဖြစ်လို့ ဒီလိုဖြစ်နေမှန်းကို သူမနားမလည်ပေ။ ထို့ကြောင့် အဖြေပြောပြပေးနိုင်မည့် မော့ဟန်ကိုသာ ငေးကြည့်လိုက်သည်။

“အိပ်မက်ဆိုးမက်တာလား?”

မော့ဟန်က သူမကိုလွှတ်ပေးလိုက်ကာ ကုတင်ပေါ်တွင် ထိုင်ရင်းမေးသည်။

ရှုချင်းရီက ပါးစပ်ဖွင့်လိုက်သည့်အခါ လည်ချောင်းက ကြမ်းရှရှဖြစ်နေသည်။

”. . .ဟုတ်မယ် . . .ထင်တယ် . . .”

Previous Chapter 39 of 75 Next