May Honey Logo May Honey
Previous Next

၇။ ဗိုက်ကဒဏ်ရာ

W မြို့တော်အမှုတွဲနဲ့ ပတ်သတ်ပြီး မော့ဟန်က ရုတ်တရပ် အစည်းအဝေး ကျင်းပဖို့ လိုနေတယ်။ ဒီအခြေအနေကို ရင်ဆိုင်ရမယ့် ဗျူဟာစဉ်းစားပြီးတဲ့နောက်မှာ အစည်းအဝေးအခန်းကို သူလျှောက်သွားတယ်။ အစကတော့ သူ့အလုပ်တွေကို ဖြတ်ကာ ရဲစခန်းသွားတော့မလို့ပဲ။ ဒီကအရာရှိတချို့နဲ့ သူရင်းနှီးတယ်။ မမျှော်လင့်တဲ့ဧည့်သည်လေးနဲ့ ပတ်သတ်ပြီး အခြေအနေကို သူမေးချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါက တစ်စုံတစ်ယောက်အကြောင်းကို မဆိုသလောက်လေးပဲ သိလိုက်ရတာက ပထမဆုံးအကြိမ်ဖြစ်နေလို့ပဲ။

ရှေ့နေတစ်ယောက်အနေနဲ့ နှစ်ပေါင်းများစွာ အလုပ်လုပ်ပြီးတဲ့အခါမှာ တစ်စုံတစ်ယောက်က သူဘာတွေးနေတာလဲဆိုတာကို စောင့်စရာမလိုပဲ သူတန်းသိတယ်။ ဒါပင်မယ့် အခုအချိန်မှာတော့ ဒီကောင်မလေးက ဒီလောက်မလွယ်မှန်း သူသိခဲ့တယ်။

ဒါပင်မယ့်လည်း သူရုံးကမထွက်ခင် တချို့အချက်အလက်တွေကို တွေးတောချင့်ချိန်နေတုန်းမှာပဲ လျူဇီယွမ်က ပြန်ရောက်လာတယ်။

မော့ဟန်က မျက်ခုံးကျုပ်လိုက်ရင်း စားပွဲပေါ်ကထကာ
“မင်းဘာလို့မြန်မြန်ပြန်လာတာလဲ?”

လျူဇီယွမ်က သူ့ boss သူ့ဆီလာတာမြင်တော့ ရိုရိုသေသေရပ်လိုက်တယ်။
“ရှေ့နေကြီး ရဲစခန်းမရောက်ခင် အဲ့ဒီကောင်မလေးက ထွက်ပြေးသွားတယ်”

“ထွက်ပြေးတယ်?”

“ကားထွက်ပြီးလို့ သိပ်မကြာဘူး။ အဲ့ဒီကောင်မလေးက ဗိုက်ရစ်လာလို့ အိမ်သာကို ပို့ခိုင်းတယ်”
လျူဇီယွမ်က သူ့ boss စိတ်တိုနေတာကို မကြည့်ရဲဘဲ တိုးတိုးပြောတယ်။
“ဟန်ဆောင်နေတဲ့ပုံမပေါ်တော့ ကျွန်တော်လည်းအနီးဆုံးသန့်စင်ခန်းကို မောင်းပြီး အပြင်ကစောင့်နေလိုက်တာ”

“အကြာကြီးစောင့်နေပင်မယ့် ပေါ်မလာတော့ဘူး။ အနားကလူတွေကိုမေးကြည့်တော့ သန့်စင်ခန်းထဲမှာ ဘယ်သူမှမရှိဘူးတဲ့”
သူ့ bossရဲ့ မကျေနပ်မှုက တဖြည်းဖြည်းတိုးတိုးလာတော့ သူ့အသံကလည်း ဖျော့ဖျော့ပဲရှိတော့တယ်။

မော့ဟန်က အေးတိအေးစက် ပြောတယ်။
“အဲ့ဒါနဲ့ မင်းက တစ်ယောက်တည်း ပြန်လာရောလား?”

ဒီအမှုအယာက တရားရုံးထဲမှာ အခက်တွေ့နေချိန်တိုင်း ဖြစ်တက်တဲ့ အတိတ်နမိတ်မကောင်းတဲ့ပုံမျိုးပဲ။ သူခေါင်းကိုငုံကာ အသံခပ်တိုးတိုးနဲ့
“တောင်းပန်ပါတယ် . . .”

“ရတယ်။ မင်းအလုပ်သာ မင်းဆက်လုပ်”
မော့ဟန်က အေးတိအေးစက် ဖြေတယ်။

နားလည်ရခက်တဲ့ ကောင်မလေးက ရုတ်တရတ်ပေါ်လာပြီး ဘယ်မှာမှန်းမသိ ရုတ်တရပ် ပျောက်ကွယ်သွားတယ်။ သူနဲ့ဘာမှမဆိုင်ပင်မယ့် တာဝန်ယူသင့်တာထက်ပိုပြီး ဆေးဖိုးတွေရှင်းပေးခဲ့တယ်။ သူ့မိသားစုကတော့ သူမကို လုံးဝလာရှာပြီး အိမ်တော့ပြန်ခေါ်သွားမှာပါ။ သူမက ကျောင်းသူအရွယ်လေးပဲ ရှိလောက်သေးတော့ စာပြန်လုပ်ရမယ်။

သူဒါကိုတွေးနေမိတာကြောင့် သူ့ကိုယ်သူလှောင်ရယ်မိတယ်။ ဒါတွေက ငါနဲ့ ဘာဆိုင်တာမလို့လဲ? ငါတို့ ဘယ်တော့မှ ထပ်မတွေ့တာလည်း ဖြစ်နိုင်တာပဲ။ သူ့ရုံးခန်းထဲသူဝင်လိုက်ပြီး နောက်အမှုတစ်ခုကို ကြည့်နေလိုက်တယ်။

🌊 🌊 🌊 🌊 🌊 🌊 🌊

သန့်စင်ခန်းထဲက ထွက်ပြေးပြီးတဲ့အခါမှာ ကောင်မလေးက အချိန်အကြာကြီး လမ်းလျှောက်နေခဲ့တယ်။ လျူဇီယွမ်က သူမအနားမှာမရှိတော့တာ သေချာတော့မှ ရပ်ရဲတယ်။ ဒါပင်မယ့် သူမအဲ့ဒီလို လုပ်ပြီးတဲ့အခါမှာ မရင်းနှီးတဲ့ပတ်ဝန်းကျင်ကို ရောက်သွားတာ သူမသိလိုက်ရတယ်။

လူတွေက ဦးတည်ချက်အမျိုးမျိုးနဲ့ သူမဘေးက ဖြတ်လျှောက်သွားကြတယ်။ ဒါပင်မယ့် သူမတစ်ယောက်မှ မသိဘူး။ သူတို့တွေက တခြားသူတွေနဲ့ ပြုံးရွှင်ကာ စကားပြောရင်း သူမကိုတိုက်သွားကြတယ်။ အဲ့ဒီအချိန်မှာ သူမက ဒီကမ္ဘာကြီးနဲ့ မသက်ဆိုင်တဲ့ ကိုယ်ပျောက်လူသားလိုပဲ။ သူမဘယ်သူလဲဆိုတာ ကိုယ့်ဟာကိုယ်မသိဘူး။ သူမနဲ့ အဆက်အသွယ်ရှိတဲ့ တစ်ယောက်လောက်ကိုတောင် မမှတ်မိဘူး။

ခုနတုန်းက သူကဟိုလူကြီးကို သူမကိုခေါ်ထားပေးဖို့ ပြောမိလိုက်တာ ကိုယ့်ဟာကိုယ်တောင် လန့်သွားတယ်။ ဆေးရုံကထွက်လာပြီးတော့ သူမနဲ့ ပတ်သတ်တဲ့ တစ်ဦးတည်းသောသူက အဲ့ဒီလူကြီးပဲ။ သေချာတာတစ်ခုကတော့ သူက သူမကို ကယ်ခဲ့တယ်။ ဒါပင်မယ့်လည်း သူကအရမ်းအေးစက်တယ်။ သူက သူစိမ်းတွေနဲ့ အဆက်အဆံမလုပ်ချင်ဘူး။ ဆေးရုံစရိတ်တွေ ရှင်းပေးတဲ့အကြောင်းကလည်း သူ့မှာရွေးချယ်စရာ မရှိလို့ပဲ။ သူ့လိုလူမျိုးက သူမလိုသူစိမ်းကို ခေါ်ထားဖို့ဆိုတာ မဖြစ်နိုင်မှန်း သူမသိပါတယ်။

သူမအနီးအနားမှာ လျှောက်သွားနေတုန်း ဗိုက်အောင့်လာတယ်။ သူမခေါင်းငုံကြည့်လိုက်တော့ သူမအဝတ်မှာ သွေးတွေစိုနေတယ်။ ဟိုလူဝကြီး သူမကို ကန်လိုက်တုန်းက ဒဏ်ရာက ပြန်ပွင့်သွားတယ် ထင်တယ်။ နာကျင်မှုက ပိုပိုဆိုးလာတော့ ကြိတ်မှိတ်ကာ သည်းခံနေရတယ်။ သူမအဝတ်အသစ်လဲပြီး ဒဏ်ရာကို ဂရုစိုက်ဖို့လိုနေပြီ။ ပြီးတော့လည်း ဆေးရုံဝတ်စုံကြီးနဲ့ လျှောက်သွားနေတာက မလိုလားအပ်တဲ့ အန္တာရာယ်တွေကို ဖိတ်ခေါ်နေသလို ဖြစ်လိမ့်မယ်။

ဒါပင်မယ့် ငါ့မှာ ပိုက်ဆံမှ မရှိတာ။ အဝတ်ဘယ်လိုဝယ်ရမှာလဲ? ဘယ်ကိုသွားရမှာလဲ?

သူမမျက်လုံးတွေက ပတ်ဝန်းကျင်ကို စူးစမ်းကြည့်လိုက်တယ်။ စီးပွားရေး ကုမ္ပဏီကြီးတစ်ခုကို တွေ့လိုက်တယ်။ သန့်စင်ခန်းထဲမှာတော့ ဝန်ထမ်းတွေ ရှိမှာပဲ။ ငါဒီကိုသွားလို့ရလောက်တယ်။

Previous Chapter 7 of 10 Next