May Honey Logo May Honey
Previous Next

၅၆။ စောစောပြန်ခဲ့မယ်

ရှုချင်းရီက မလှုပ်မယှက် သူ့ကိုဆက်ကြည့်နေဆဲပင်။

“အရူးလိုဒီမှာဆက်နေမလို့လား။ အပေါ်ထပ်မှာ ပြန်မအိပ်ချင်ဘူးလား!”

ထိုအခါမှသာ ရှုချင်းရီက သူ့အပေါ်တက်လာပြီး သူမကိုယ်သူမ ဘောလုံးလေးတစ်လုံးလို ကွေးထားပြီး သူမမျက်လုံးတွေက သူ့ခေါင်းကိုပဲကြည့်နေသည်။

မော့ဟန်က သူမကိုပိုးကာ ထလိုက်ကာမှ သူမဘယ်လောက်ပေါ့သလဲကို သိတော့သည်။ သူမခြေထောက်အောက်မှ သူ့လက်များမှနေ သူမဘယ်လောက်ပိန်ကြောင်း ခံစားရသည်။ ထိုကောင်မလေးက သူ့လည်ပင်းကို သိုင်းဖက်မထားသောကြောင့် သူသတိထားကာ သယ်လာရသည်။

“ဒီနေ့ရုံးကပြန်လာတာ အရမ်းနောက်ကျသွားတယ်”
မော့ဟန်က ပြောသည်။

“သိပါတယ်”

“နောက်ဆိုရင် စောင့်မနေနဲ့တော့။ TVကြည့်ရတာ ပျင်းလာရင်လည်း ကိုယ့်ဟာကိုယ် အရင်ဝင်အိပ်နှင့်”

“အင်း”

မော့ဟန်က ခလုတ်နှိပ်လိုက်ကာ ဓာတ်လှေကားထဲကို ဝင်လိုက်သည်။ ရှုချင်းရီက
“ညီမလေးခြေထောက်တွေ မကျဥ်တော့ဘူး။ အခုချပေးလို့ရပြီ”

မော့ဟန်က ထိုင်ချလိုက်ကာ သူမကို ဆင်းစေသည်။ ရှုချင်းရီက စောင်လေးကိုပိုက်ကာ ဓာတ်လှေကားနံရံကို နောက်တွင်မှီနေရင်း တစ်ထပ်ပြီးတစ်ထပ်တက်လာသည့် နံပတ်များကို ကြည့်နေသည်။

“နောက်ဆိုရင် စောစောပြန်ခဲ့မယ်”
မော့ဟန်က ဖြည်းညင်းစွာ ပြောသည်။

ရှုချင်းရီက သူ့ကိုလှမ်းကြည့်ကာ
“အင်း”

တစ်စုံတစ်ယောက်က သူအလုပ်ကပြန်လာမည်ကို လှေကားရင်းတွင် ထိုင်ကာ စောင့်နေရင်း အိပ်ပျော်သွားမည်ဟု သူဘယ်တုန်းကကမှ မတွေးခဲ့ပေ။ အရင်တုန်းကလည်း ဘယ်သူကမှ အဲ့ဒီလို မလုပ်ခဲ့ဖူးပေ။ ရှန်ယို့နဲ့နေလာခဲ့ပင်မယ့် သူတို့မှာ စားသောက်ဆိုင်သို့သွားကာ စားသောက်ခဲ့သည်ပဲ ရှိသည်။ ရှန်ယို့နဲ့သူ့ရဲ့ အလုပ်လုပ်ချိန်ကလည်း မတိကျသောကြောင့် သူတို့တစ်ယောက်ကိုတစ်ယောက် စောင့်သည်ဟူ၍ မရှိပေ။

တက္ကသိုလ်တက်တုန်းက တချို့ကောင်မလေးတွေက လှေကားတွင် ဘာမှမလုပ်ဘဲ ထိုင်နေကာ သူတို့ကောင်လေးပြန်အလာကို စောင့်နေတက်သည်ကို မြင်ဖူးခဲ့ပင်မယ့် ရူးကြောင်ကြောင်လုပ်နေသည်ဟုပဲ သူထင်ခဲ့သည်။

ဘယ်အချိန်ပြန်လာမလဲမသိသည့်သူကို စောင့်နေရသည်မှာ အချိန်ကို အကျိုးမရှိစွာ ဖြုန်းတီးခြင်း တစ်မျိုးပဲမလား?

သို့သော် ဒီနေ့တွင် ရှုချင်းရီက သူ့ကိုအိပ်ပျော်သည့်အထိ စောင့်နေသည်ကို မြင်လိုက်ရသည့်အခါမှာတော့ သူ့ခံစားချက်များမှာ ရောထွေးကုန်တော့သည်။

မကြိုက်ကာ ပျော်သွားခြင်းမရှိပင်မယ့်လည်း သူ့ဒေါသမီးတွေက ဘာဖြစ်လို့ ငြိမ်းသွားရတာလဲ?

ရှုချင်းရီက သူ့ကိုမော့ကြည့်ကာ စောင့်နေတာဟု ဖြေတုန်းက သူ့ရင်ထဲတွင် ဘာကြောင့်မှန်းမသိ ကြည်နူးမိသွားသည်။ ကောင်လေးတွေက သူတို့ကိုစောင့်နေသည့် ကောင်မလေးတွေဆီကို ပျော်ရွှင်စွာ ပြေးသွားရခြင်းကို သူနားလည်လုနီးပါး ဖြစ်သွားလေပြီ။

ကိုယ့်ကိုစောင့်ဆိုင်းနေသည့် တစ်စုံတစ်ယောက်ရှိခြင်းကို တွေးကြည့်ရုံဖြင့်ပင် လူကိုပျော်ရွှင်စေသည်။

ရှုချင်းရီက အိမ်ကိုပြန်ရောက်သောအခါ အပြင်ဘက်တွင် အကြာကြီးအိပ်ခဲ့သောကြောင့် မအိပ်ချင်တော့ပေ။ သူမနိုးကြားနေသောကြောင့် မနက်က သူမနောက်ကျောက တက်တူးကို မော့ဟန်ဓာတ်ပုံရိုက်ပေးမည်ပြောသည်ကို သတိရသွားသည်။

“ဓာတ်ပုံကူရိုက်ပေး”
ရှုချင်းရီက မော့ဟန်အနားကို ပြေးလာသည်။

“ဘာပုံလဲ?”
မော့ဟန်က သူ့ကုတ်အကျီကိုချွတ်ကာ ဆိုဖာပေါ်တွင်ထိုင်ရင်း နားနေသည်။

“မနက်တုန်းက ညီမလေးနောက်ကျောက တက်တူးကို ဓာတ်ပုံရိုက်ပေးမယ် ပြောတယ်လေ”
ရှုချင်းရီက သူမဖုန်းကိုပေးကာ ပြောသည်။

ထိုအခါ မော့ဟန်လည်း မှတ်မိသွားသည်။ သူမဖုန်းကို ယူလိုက်ကာ ထလိုကက်ပြီး ပုံရှင်းရှင်းရရန် သူမကိုအနားကို လက်ပြခေါ်လိုက်သည်။

ရှုချင်းရီက သူ့အနားကိုရောက်လာကာ ကျောပေးရပ်သည်။ သူက သူမအဝတ်ကို ခါးပေါ်အောင်မလိုက်ကာ စကတ်ကိုနည်းနည်းဆွဲချလိုက်ပြီး ထိုတက်တူးကို ထပ်ကြည့်သည်။ ထိုအရာမှာ ယောက်ျားတစ်ယောက်၏ နောက်ကျောအပေါ်ပိုင်းပုံဖြစ်သည်။

ထိုတက်တူးမှာ ပုံကြမ်းတစ်ခုသာ ဖြစ်သည်။ ထိုပုံကြမ်းကို စုတ်ချက်နည်းနည်းဖြင့်ထိုးထားသော်လည်း ထိုပုံကိုကြည့်ရုံဖြင့် ထိုပုံထဲကလူမှာ သန်မာလူတစ်ယောက်မှန်း ပြောနိုင်သည်။ ထိုပုံတွင် အကွန့်အညွန့်များ သိပ်မပါဘဲ ရိုးရှင်းလှသော်လည်း အရည်အချင်းရှိသည့်တက်တူးပညာရှင်တစ်ယောက်လက်ရာနှင့် တူသည်။

Previous Chapter 56 of 75 Next