၃၂။ ချောလိုက်တဲ့မျက်နှာ
ရှုချင်းရီက ဆက်သုံးသပ်သည်။
“ကျန်းနဲ့ သူ့မိန်းမဆက်ဆံရေး မကောင်းတော့တာအတော်ကြာနေပြီကို။ သူ့မိန်းမကတော့အရင်ကတည်းက သူ့ကိုကွာချင်နေမှာပဲ။ ဒါပေမယ့် ဘာဖြစ်လို့အခုမှ ကျန်းကသဘောတူလိုက်ရတာလဲ? သူ့မိန်းမက ထူးခြားတဲ့သူ ဒါမှမဟုတ် အာဏာရှိတဲ့သူလည်း မဟုတ်ဘူး။ ဒါဆိုရင် ကွာလိုက်ဖို့က အလွယ်လေးပဲလေ”
မော့ဟန်က သူမစကားကို ထပ်ဖြည့်ပြောလိုက်သည်။
“သူ့အပေါ်မှာ တစ်ခုခုမရှိရင် . . .”
“တစ်ခုခု”က ဘာလဲဆိုသည်ကို ရှာဖွေရတော့မည်။ သေချာတာတစ်ခုက ကျန်းရဲ့မိန်းမဟောင်းမှာ ဗီဒိုယိုရိုက်သည့်သူ မဟုတ်ပေ။ ဒီဗီဒီယိုက သူတို့ကွာရှင်းပြီးသည့်နောက်မှ ထွက်လာသည်ဖြစ်သည်။ သူ့မိန်းမကတော့ ဒီဗီဒီယိုနဲ့ ခြိမ်းခြောက်မှာ မဟုတ်ဘူး။ ဒီအခွေနဲ့ပတ်သတ်ပြီး သူတို့ဘာများထပ်တွေ့နိုင်သေးသလဲဟု တွေးမိသည်။ သူကခွေကိုရှာကာ ရှုချင်းရီကိုပေးလိုက်သည်။
“ဒီအခွေမှာ ဘယ်နေရာမှားနေတယ် ထင်လဲ?”
ဗီဒီယိုမှာ တစ်မိနစ်ခွဲလောက်ပဲရှိသည့် တိုတိုလေးဖြစ်သည်။ ဗီဒီယိုကို စားပွဲထောင့်ကနေရိုက်ထားပုံရပြီး ကျန်း၏မျက်နှာအမူအယာနှင့် လှုပ်ရှားမှုများကို ပြတ်ပြတ်သားသားမြင်ရသည်။ သူ့ဘေးတွေ သူ့လက်ထောက်ချောမောသည့် ကောင်လေးတစ်ယောက်ရှိသည်။ သူက တံခါးဘက်နားတွင် တိတ်ဆိတ်စွာရပ်နေကာ ပြောနေသည့်စကားများကို စိတ်မဝင်စားပုံပေါက်သည်။ နောက်ဆုံးဆယ်စက္ကန့်တွင် ရုပ်မပါတော့ဘဲ အသံပဲထွက်နေသည်။ အခွေအရည်အသွေးမကောင်း၍လား ဒါမှမဟုတ် ရိုက်နေသည့်ကင်မရာမကောင့်၍ကြောင့်လားတော့ မသိရပါ။ ဒါပင်မယ့်လည်း ဒီဗီဒီယိုက ဥက္ကဋ္ဌကျန်းရန်ပုံငွေကို လာဘ်စားနေသည့် သက်သေပင်ဖြစ်သည်။
ရှုချင်းရီက ဗီဒီယိုကို ထပ်ခါထပ်ခါကြည့်သည်။ မော့ဟန်က ရှုချင်းရီမျက်နှာအမူအယာကို အကြာကြီးစိုက်ကြည့်နေသည်။ သူမမျက်နှာအမူအယာက သိပ်အပြောင်းအလဲမရှိပါ။ သူမက မျက်မှောင်ကျုံကာ တစ်ခုခုကိုတွေးနေပုံရသည်။
“ဘာထူးလဲ?”
မော့ဟန်က မေးသည်။
ရှုချင်းရီလက်က mouseကိုလွှတ်လိုက်သည်။ သူမက ဗီဒိုယိုအလည် တစ်နေရာတွင်ရပ်ထားကာ ဘာမှမပြောဘဲ screenကို ကြည့်နေသည်။ ခနအကြာတွင် သူမတစ်ခုခုကို သိသွားသည့်အလား တခစ်ခစ်ရယ်သည်။
“ဒီဗီဒီယိုကအတုကြီး။ နည်းပညာသုံးပြီး ပြောင်းထားတာ”
မော့ဟန်က နေ့လည်တုန်းက ITဌာနလူတွေကို လာကြည့်ခိုင်းပင်မယ့် သူတို့က Photoshopလုပ်ထားတာ ပြင်ထားတာမရှိဘူးဟု ပြောသည်။ ရှုချင်းရီက မြင်နိုင်နေတော့ မော့ဟန်က စိတ်ဝင်စားစွာ သူမကိုငေးကြည့်သည်။
“သဘာဝကျမနေဘူး။ တစ်မိနစ်ကျော်ကျော်လောက် ဗီဒိုယိုလေးကို တစ်ချိန်လုံး ရန်ပုံကွေအလွဲသုံးစားလုပ်မယ့် အကြောင်းပဲ ပြောနေတာ။ ပြစ်ချက်မရှိဘဲ အရမ်းတိကျနေလွန်းတယ်”
“အဲ့တော့?”
မော့ဟန်က မေးသည်။
“ထူးဆန်းတယ် မထင်ဘူးလား? တရားမဝင်တဲ့ကိစ္စကိုပြောနေတဲ့ သာမန်လူတစ်ယောက်ဆိုရင် သတိထားပြီးထိရှလွယ်တဲ့ စကားလုံးတွေကို ရှောင်မှာပဲ။ ဒါပင်မယ့် ဒီဗီဒီယိုထဲမှာ သူတို့ကသတိထားပဲ ဒါကိုပဲထပ်ခါတစ်လဲလဲ ပြောနေကြတာ။ နောက်ဆုံး ဆယ်မိနစ်မှာ screenကအမှောင်ကျသွားတယ်။ ရှေ့အပိုင်းမှာ သက်သေခိုင်လုံနေပင်မယ့် ဘာဖြစ်လို့ ဒီနောက်အပိုင်းကျမှ အသုံးမဝင်တဲ့ ဆူညံသံတွေပါနေတာလဲ?”
“အဖြေက နှစ်ခုပဲရှိတယ်။ ပထမတစ်ခုက ဟန်ဆောင်ပြီး မလိုအပ်တာတွေ လုပ်နေလို့။ ဒုတိယတစ်ခုက ဒီဗီဒီယိုတစ်ခုလုံးက အတုဖြစ်နေလို့ မဟုတ်ရင်တောင် တစ်ဝက်လောက်က ပြုပြင်ထားတာမလို့ပဲ”
“ITဌာနလူတွေက ဒိဗီဒီယိုက ပြင်ထားတာမဟုတ်ဘူးလို့ ပြောတယ်”
မော့ဟန်က သူမကို ဇဝေဇဝါဖြင့် ကြည့်သည်။
ရှုချင်းရီက ပြုံးလိုက်သည်။
“ကိုကြီးရဲ့ ITဌာနက လူတွေက ညံ့နေလို့နေမှာပေါ့။ ဘာဖြစ်လို့ အပြင်က ဗီဒီယိုပိုင်းတော်တဲ့သူတစ်ယောက်ရှာပြီး မမေးတာလဲ?”
မော့ဟန်က သူတစ်နေ့လုံးခေါင်းခဲနေသည့် ဒီပြဿနာမှာ ရှုချင်းရီပြောသလို လွယ်လွယ်လေး ရှင်းသွားသည်။ သူပထမဆုံးအကြိမ် သူမကိုတွေ့တုန်းလည်း အန္တရာယ်များလွန်းသည့် လူဝကြီးလက်ထဲမှ ‘ဆာလဖျူရစ်အက်စစ်’ကို လွယ်လွယ်ပင် ဖြေရှင်းသွားသည်။
နှစ်ခါတောင်ရှိပြီ။ သူမကံကောင်းသည်ဟု ပြောရမည်ထက် ဖြစ်နိုင်သည်မှာ သူမက . . .
ရှုချင်းရီက ပြဿနာကို သူမရှင်းပေးလိုက်နိုင်ပြီဟု ခံစားရသည်။ မော့ဟန်က သေချာချင့်ချိန်နေသည်ကို မြင်သောအခါ သူမဝမ်းသာသွားပြီး သူ့ပုခုံးလေးကိုပုတ်ကာ
“ကိုကြီး! အခု ညီမလေးကို တော်တယ်လို့ မထင်ဘူးလား?”