May Honey Logo May Honey
Previous Next

၇၄။ အိပ်ရာပေါ်သို့ ပစ်တင်ခြင်း

“အိပ်ရာပေါ်မှာ တကယ် မအိပ်နိုင်ဘူးလား?”
မော့ဟန်က အသက်ဝဝရှုပြီးသည့်အခါ မေးလိုက်သည်။

“တကယ်အိပ်မရတာ။ အိပ်ပျော်ခဲ့ရင်တောင် အိပ်မက်ဆိုးတွေ မက်နေမှာ”
ဒီလိုပြောပြီးသည့်အခါရှုချင်းရီ၏မျက်နှာတွင် ဝမ်းနည်းမှုက ပေါ်လာသည်။ သူမက မော့ဟန်ကို သူမခနခနမက်နေသည့် အိပ်မက်ဆိုးတွေအကြောင်း မပြောဖြစ်ပေ။

“ဒါပင်မယ့် အခုကစပြီး မင်းအိပ်ရာပေါ်မှာပဲ အိပ်ရမယ်”
ရှုချင်းရီကို မော့ဟန်က တည့်တည့်ကြည့်ကာ ရုပ်တည်ကြီးဖြင့် ပြောသည်။

မော့ဟန်၏သူမကို ကြည့်လိုက်သည့်အကြည့်ကြောင့် ရှုချင်းရီက ဘာကြောင့်မှန်းမသိ ကြက်သီးထလာသည်။
“ဘာလဲ?”

“အိပ်ရာပေါ်တက်”
မော့ဟန်က လွတ်နေသည့် အိပ်ရာကို ကြည့်သည်။

ရှုချင်းရီက အနည်းငယ်ကြောက်သွားသည်။
“ဘာလုပ်မလို့လဲ?”

“အိပ်ရာပေါ်မှ ဘာဖြစ်လို့ အိပ်သင့်သလဲဆိုတာကို နားလည်အောင် လုပ်မလို့”
မော့ဟန်၏ အကြည့်တွေမှာ အေးစက်သွားသည်။
“ရှန်ယို့ အရင်ထွက်သွား။ သူအိပ်ပါစေ”

ရှန်ယို့က ဘာတွေဖြစ်နေလဲ ဆိုသည်ကို နားမလည်နိုင်သော်လည်း ကောင်းတာမဟုတ်ဆိုသည်ကိုတော့ သူမပြောနိုင်သည်။ သူမက မော့ဟန်ကို သွားတွဲကာ ခပ်ဖွဖွဆွဲရင်း
‘ကြမ်းပြင်ပေါ်မှာ အိပ်တက်တဲ့ အကျင့်ကို ပြင်ဖို့ဆိုတာက ခက်ပါတယ်။ ဘာဖြစ်လို့ နင်သူ့ကို တွန်းအားပေးပြီး ပြောင်းဖို့ပြင်နေတာလဲ?”

မော့ဟန်၏သဘောထားမှာ ခိုင်မာလွန်းသည်။
“မဟုတ်ဘူး။ သူအိပ်ရာပေါ်မှာ ဘယ်လိုအိပ်ရမလဲဆိုတာ သင်ယူရမယ်”

ရှုချင်းရီက ထပြေးချင်နေသောကြောင့် ရပ်လိုက်သည်။ သူမကိုယ်တိုင်လည်း ကောင်းတာတော့ ဖြစ်မည်မဟုတ်ဟု ခံစားရသည်။ ဒါပင်မယ့် သူမထလိုက်ရုံပဲရှိသေးသည်။ မော့ဟန်က သူမခါးကနေ ဆွဲဖက်ကာ အိပ်ရာပေါ်သို့ ပစ်တင်လိုက်သည်။ ရှုချင်းရီက မော့ဟန်ကို ကြောက်လန့်တကြား သူမလက်နှစ်ဖက်ဖြင့် တွန်းထုတ်နေသည်။ သူမက ထွက်သွားချင်နေပြီ။

“လွှတ်! ဘယ်မှာအိပ်အိပ် ကိုကြီးနဲ့ဘာဆိုင်လို့လဲ? ဘာဖြစ်လို့ လာရှုပ်နေတာလဲ? လွှတ်ပေး!”
ရှုချင်းရီက မော့ဟန်၏လက်များကို ကြိုးစားဖယ်နေရင်း အော်သည်။

“ငါကဘယ်သူမလို့လဲ? ငါကမင်းအကိုကြီးကွ!”
မော့ဟန်က ပြောသည်။

ရှန်ယို့ကလည်း မော့ဟန်ကို ဘေးကနေ ဝင်ဆွဲသည်။
“မော့ဟန် သွားရအောင်။ ဘာဖြစ်လို့ အတင်းလုပ်ယူနေတာလဲ? မနက်ဖြန်ကျမှ အချိန်ယူပြီး သေချာဆွေးနွေးကြပါတော့”

မော့ဟန်က ရှုချင်းရီကို အိပ်ရာပေါ်တွင် အတင်းလှဲချနေသည်။ သူ့အကြည့်များက ရှုချင်းရီဆီကမခွာဘဲ သူ့ဘေးက ရှန်ယို့ကို ပြောလိုက်သည်။
“ရှန်ယို့ နင်အရင်ထွက်သွား။ ငါသူ့ကို ဒီနေ့သေချာဆုံးမပြီးမှ အခန်းထဲလာအိပ်မယ်”

“ဆုံးမဖို့မလိုဘူး! နှာဘူးကောင်ကြီး!”
ရှုချင်းရီက မော့ဟန်ဖမ်းချုပ်ထားသည်မှ ရုန်းရင်း ပြန်အော်သည်။

ရှန်ယို့က အခန်းထဲကနေ မထွက်ရသေးပေ။ မော့ဟန်က ရှန်ယို့ကို ဒေါသတကြီး အသံအကျယ်ကြီးဖြင့်
“အရင်ထွက်သွား!”

မော့ဟန်က သူတို့ရန်ဖြစ်ကြရင်တောင် သူမကိုဒီလိုမျိုးမအော်ဖူးပေ။ သူကရန်ဖြစ်လျှင် သူမကို အဆက်အသွယ်ဖြတ်ကာ ခနတဖြုတ်နေခြင်းပဲရှိသည်။ ရှန်ယို့က အခုမြင်နေရသည့် မော့ဟန်မှာ သူမအရင်တုန်းက မသိခဲ့သလို မရင်းနှီးသလို ရုတ်တရပ် ခံစားလာရသည်။

သူမအခန်းထဲကထွက်မလာခင် ရန်ဖြစ်နေကြသည့် နှစ်ယောက်ကို တစ်ချက်ကြည့်လိုက်သည်။ သူမထွက်သွားသော်လည်း အခန်းအရှေ့တွင်ရပ်ကာ မော့ဟန်နှင့် ရှုချင်းရီတို့၏ ရန်စကားများကို ဆက်နားထောင်လိုက်သည်။ ထိုအခိုက်အတန့်တွင်ပဲ တစ်စုံတစ်ခုကို ရုတ်တရပ် သူမနားလည်သွားသည်။ ထိုအတွေးမှာ တဖြည်းဖြည်းကြီးလာကာ သူမစိတ်တစ်ခုလုံးကို ကြီးစိုးသွားသည်။
‘ငါဘယ်လောက်ပဲ လက်မခံဘဲနေချင်ပါစေ မော့ဟန်ကတော့ ငါ့လူမဟုတ်တော့ဘူး’

မော့ဟန်နှင့် ရှုချင်းရီတို့မှာ ရှန်ယို့အခန်းထဲက ထွက်သွားသော်လည်း ရန်ဆက်ဖြစ်နေဆဲ ဖြစ်သည်။ ရှုချင်းရီက အစောကြီးကကတည်းက ခေါင်းမူးနေသည်ကို မော့ဟန်က ပစ်ချလိုက်သည့်အခါ ပိုဆိုးလာတော့သည်။ သူမအသက်ရှုရသည်တောင် ခက်ခဲလာသောကြောင့် အသက်ကို မနည်းရှုနေရတော့သည်။ တစ်ဖက်တွင် မော့ဟန်က ရှုချင်းရီကို လွှတ်လိုက်ကာ ခနရပ်နားလိုက်သည်။ ထို့နောက် တံခါးသွားပိတ်ကာ မီးပိတ်ဖို့ ပြင်တော့သည်။

မော့ဟန်က သူမလက်ကိုလွှတ်လိုက်သည်နှင့် ရှုချင်းရီက ဒီနေရာကနေ ထပြေးတော့သည်။ မမျှော်လင့်မိသည်မှာ သူမတံခါးနားကို ရောက်ခါနီးတွင် မော့ဟန်က သူမခါးကနေ ဖမ်းထားလိုက်ခြင်းဖြစ်သည်။ မော့ဟန်က နောက်လက်တစ်ဖက်ဖြင့် မီးပိတ်လိုက်သောအခါ တစ်ခန်းလုံးမှောင်ပိန်းသွားသည်။

သူ့အပြုအမူတွေက ရှုချင်းရီအတွက် ကျိုးကြောင်းစီလျော်မှု မရှိပေ။
“ဘာလုပ်မလို့လဲ!”

“ဘယ်လိုအိပ်ရမလဲဆိုတာကို သင်ပေးမလို့”

ရှုချင်းရီက ထပ်ရုန်းသည်။
“ဟင့်အင်း! မအိပ်ချင်ဘူး! အိပ်ချင်တဲ့နေရာမှာအိပ်မှာ! ဒါကညီမလေးလွတ်လပ်ခွင့်ပဲ။ ဒါကကိုကြီးကိုထိခိုက်နေလို့လား? ဘာဖြစ်လို့ လာနှောင့်ယှက်နေရတာလဲ!”

မော့ဟန်က သူမကိုရှင်းပြကာ ဆက်ရန်ဖြစ်မနေချင်တော့တာကြောင့် မင်းသမီးလေးကို ချီသလိုမျိုး အိပ်ရာပေါ်သို့ သယ်သွားသည်။ သူပွေ့ထားသည် ရှုချင်းရီကတော့ ခုန်ချတော့မတက် ရုန်းနေရင်းကနေ ဆက်အော်နေဆဲဖြစ်သည်။
“ချပေး! အိပ်ရာပေါ်မှာ မအိပ်ချင်ပါဘူးဆို!”

Previous Chapter 74 of 75 Next