May Honey Logo May Honey
Previous Next

၄၆။ နောက်ထပ်သားကောင်

ကျောင်းတွင်ဖြစ်ခဲ့သည့်ကိစ္စကြောင့် ကျောင်းသားအများစုမှာ ထိပ်ထိပ်ပျာပျာဖြစ်ကန်ကြလေသည်။ လူတိုင်း မုဒိန်းကျင့်ကာ လူသတ်သွားသည့်အမှုအကြောင်းကို ပြောနေကြသည်။ အမှုနေရာကို ပိတ်ထားကာ မည်သူမျှဝင်ခွင့် မရှိတော့ပေ။ ကျောင်းသူအများစုမှာ ကြောက်လွန်းသောကြောင့် အပြင်တောင် သိပ်မထွက်ရဲကြတော့ပေ။ ကျောင်းဝင်းကြီးမှာ ၈နာရီလောက်ဆိုရင် ခြောက်ကပ်သွားတော့သည်။

ရှုချင်းရီကတော့ များသောအားဖြင့် တည်ငြိမ်နေသည်။ သူမက အတ်န်းချိန်ရှိလျှင် ကျောင်းသို့လာကာ အတန်းဖော်များနှင့်လည်း စကားပြောခဲသည်။ အတန်းမရှိလျှင် သူမက မော့ဟန်ရုံးမှာ သို့မဟုတ် အိမ်တွင် ရှိနေတက်သည်။

သူမက အတန်းမတက်ခင်သာ အလုပ်များနေပင်မယ့် အတန်းပြီးသွားလျှင် သူမက စိတ်သက်သောင့်သက်သာဖြစ်သွားပြီ။

ရှုချင်းရီ မမျှောင့်လင့်ခဲ့သည့်အရာဟူ၍ ကျန်းယန်က သူမကို မေးမြန်းရန် နောက်တစ်ခါလာရှာခြင်းပင် ဖြစ်သည်။

“တဆိတ်လောက် ခွင့်ပြုပါ။ ဒီအတန်းထဲမှာ ရှုချင်းရီဆိုတဲ့ ကျောင်းသူရှိလား မသိဘူခင်ဗျ”
ကျန်းယန်က စာသင်နေချိန်တွင် ရဲဝတ်စုံအပြည့်အစုံဖြင့် သူမအတန်းရှေ့သို့လာကာ မေးခြင်းဖြစ်သည်။

တစ်ခန်းလုံးတိတ်ဆိတ်သွားကာ စာအုပ်ပေါ်တွင် တောင်ခြစ်မြောက်ခြစ်လုပ်နေသည့် ရှုချင်းရီဆီသို့ အကြည့်များရောက်လာသည်။

ရှုချင်းရီက သူမနာမည်ကြားသောအခါ လန့်သွားပြီး ရဲဝတ်စုံဖြင့်လူကို လှမ်းကြည့်လိုက်သည်။ ထို့နောက် သူမခေါင်းလေးငုံရင်း လက်တစ်ဖက်မြှောက်ပြလိုက်ကာ
“ဟုတ်ကဲ့ ရှိပါတယ်”

ကျန်းယန်က သူမကိုကြည့်ကာ
“အပြင်မှာ စကားခနလောက် ပြောကြရအောင်လား?”

ရှုချင်းရီမျက်နှာတွင် လုပ်ပြုံးတစ်ခုပေါ်လာပြီး နောက်တံခါးမှ အတန်းအပြင်သို့ ထွက်သွားလိုက်သည်။

သူမထွက်သွားသည်နှင့် အတန်းထဲရှိ ကျောင်းသားများမှာ ဘာဖြစ်နေသလဲကို ခန့်မှန်းပြောကြတော့သည်။ တစ်ချို့ဆိုရင် ကျောင်းသူအသစ်မှာ စိတ်ရောဂါရှိနေသည့် ကွင်းဆက်လူသတ်သမားဟု ထင်ကြေးပေးကြသည့်အထိ ဆိုးဆိုးဝါးဝါးတွေးနေကြသည်။

သာမန်လူတစ်ယောက်၏ထင်ကြေးမှာ မသေချာပင်မယ့်လည်း ရဲလိုမျိုးလူရောက်လာသည့်အခါ သူတို့အမြင်မှာ ၈၀ရာခိုင်နှုန်းလောက် မှန်သည်ဟု ထင်ကုန်ကြသည်။ ဒီလိုကောလဟာလများက အမှန်လိုဖြစ်လာသည်။

ရှုချင်းရီက ကျန်းယန်ကို စိတ်ခံစားချက်မဲ့စွာဖြင့် တန်းမေးလိုက်သည်။
“ဘာဖြစ်လို့ ကျွန်မကို လာရှာတာလဲ?”

ကျန်းယန်က အလေးအနက်ဖြစ်နေသည့်ရုပ်ဖြင့်
“အနှောင့်အယှက်ဖြစ်မိရင် တောင်းပန်ပါတယ်။ ဒါပင်မယ့် ကျွန်တော်နောက်ကို ကျေးဇူးပြုပြီး လိုက်လာခဲ့ပေးပါ”

ရှုချင်းရီက အချေအပြုံးဖြင့်
“ဘာလဲ? ကျွန်မကို လူသတ်သမားလို့ ရှင်သံသယဝင်နေသေးတာလား?”

“ဟာ မဟုတ်ပါဘူးဗျာ။ ဆွေးနွေးစရာရှိလို့ပါ”

ထိုအခါမှ ရှုချင်းရီက စိတ်ဝင်စားစွာ ကြည့်တော့သည်။

“ဒီနေ့မနက် အရှေ့ခရိုင်က လမ်းမကြီးပေါ်မှာ အလောင်းတစ်ခုတွေ့တယ်။ သေဆုံးပုံက ဒီကျောင်းကအမှုအတိုင်းပဲ”

အရင်အမှုတုန်းက ကျန်းယန်က ရှုချင်းရီသုံးသပ်ပြသည်နှင့် မှုခင်းဆရာဝန်ဆီမှ အဖြေကို ယှဉ်ကြည့်ရာတွင် တူညီနေသည်။ သေဆုံးသူ၏ လည်ပင်းမှ ဒဏ်ရာသည် ခွဲစိတ်ခန်းသုံးဓားကြောင့်ဖြစ်သည်။ ဒါတင်မဟုတ်သေးဘဲ သူမမသေခင် လိင်ပိုင်းဆိုင်ရာ စော်ကားခံထားရသည့်လက္ခဏာများလည်း ရှိနေသည်။

အထူးရဲအဖွဲ့က ဒီအမှုကို စုံစမ်းကြပြီး သူ့ကိုလည်း အကူအဖြစ်တာဝန်ပေးအပ်ခံရသည်။ သို့သော် လူသတ်သမားမှာ အခင်းနေရာတွင် သက်သေအနည်းငယ်ပဲ ချန်ခဲ့သည်။ အခင်းနေရာမှာ အကွယ်ဖြစ်သောကြောင့် CCTVတွင်လည်း ဖမ်းမိခဲ့သည် မရှိပေ။

သွေးပူနေသည့် ကျန်းယန်မှာ ရှုချင်းရီကို ရုတ်တရပ် သတိရသွားသည်။ ထိုကောင်မလေးအပေါ် သူ၏ပထမဆုံးအမြင်မှာ မကောင်းသော်လည်း ထိုညက စစ်မေးပြီးသော်အခါ သူ့စိတ်ထဲတွင် ဒီကောင်မလေးမှာ အရေးကြီးသည့် အချက်များကို ထောက်ပြနိုင်သည်ဟု ခံစားရသည်။ ထို့ကြောင့် ဒီမနက်တွင် အမှုထပ်ဖြစ်သောအခါ ကျန်းယန်က ရှုချင်းရီနှင့် ဆွေးနွေးဖို့ခေါ်သွားရန် ရောက်လာခြင်းဖြစ်သည်။

သို့သော် ရှုချင်းရီကလည်း ဘာကြောင့်မှန်းမသိ ရဲစခန်းကို မသွားချင်ပေ။ ထို့ကြောင့် ကျန်းယန်မှာ သူမအမြင်ကိုကြားရန်အတွက် ကျောင်းနားက ကော်ဖီဆိုင်တစ်ခုတွင်ပဲ ထိုင်လိုက်ရတော့သည်။

Previous Chapter 46 of 75 Next