May Honey Logo May Honey
Previous Next

၆၂။ ငါနင့်ကိုချစ်တယ်

မော့ဟန်က သူ့အခန်းထဲကို ပြန်ဝင်လာသောအခါ ရှန်ယို့က မအိပ်သေးပေ။ သူမက အိပ်ရာပေါ်တွင် ဖုန်းသုံးနေရင်း စိတ်ကြည်နေပုံရသည်။

“အခုမှ ဘာဖြစ်လို့လာတာလဲ?”
ရှန်ယို့က ဖုန်းကိုချကာ နှုတ်ခမ်းဆူရင်း ပြောသည်။

မော့ဟန်က သူ့အိပ်ရာဘေးတွင် ထိုင်လိုက်ကာ နာရီကို သူ့စားပွဲပေါ်တွင်ချလိုက်ရင်း
“တချို့အလုပ်လေးလုပ်ဖို့ သတိရသွားလို့”

ရှန်ယို့က နောက်ကနေ သူ့လည်ပင်းကို သိုင်းဖက်ကာ သူ့ပါးကို ရွှတ်ခနဲ နမ်းလိုက်ရင်း
“နင်ဘာဖြစ်လို့ အမြဲတမ်း မပြောင်းလဲတာလဲ? နင်သိတာဆိုလို့ အလုပ်တစ်ခုပါပဲ”

မော့ဟန်၏အမှုအယာမှာ ပင်ပန်းနေပုံပေါ်ကာ သူ့ကိုယ်သူသတိမထားမိဘဲ ဘေးကိုရွေ့လိုက်မိပြီး
“နင်မအိပ်သေးဘူးလား?”

“ငါနင့်ကိုစောင့်နေတာ”

ရှန်ယို့ကပြုံးပြီး သူနှုတ်ခမ်းကိုနမ်းဖို့တိုးလာသောအခါ မော့ဟန်က အမြန်ရှောင်လိုက်ပြီး
“ငါဒီနေ့ပင်ပန်းနေတယ်။ စောစောအိပ်”

ရှန်ယို့က နည်းနည်းစိတ်မကောင်းဖြစ်သွားကာ သူ့ကိုလွှတ်ပေးလိုက်ပြီး ခေါင်းအုံးကိုမှီထိုင်ကာ
“ငါအမေရိကန်ကနေ ပြန်လာရတာတောင် နင်ကဒီလို ငါ့ကိုဆက်ဆံနေတာလား?”

“နင်ခုနတုန်းက အဲ့လိုမလုပ်သင့်ဘူး”
မော့ဟန်က ပြောလိုက်သည်။

ရှန်ယို့က မှီထိုင်နေရင်းကနေ လက်ပိုက်လိုက်ပြီး မျက်မှောင်ကျုံကြည့်ကာ
“ငါသူ့ကို တောင်းပန်ပြီးသားလေ။ နင်ကဘာလုပ်စေချင်သေးလို့လဲ?”

ရှန်ယို့က မော့ဟန်ကို စိတ်ရှုပ်စွာဖြင့် ကြည့်ကာ
“ငါသိချင်တာတစ်ခုက နင့်မွေးစားညီမအကြောင်းပြောတာ ဘာဖြစ်လို့ ငါမကြားဘူးတာလဲ?”

“ငါလည်း အခုတလောလေးမှ သိတာလို့ ပြောပြီးသားမလား”
မော့ဟန်က ထူးမခြားနားလေသံဖြင့်
“ဟိုကနေ ငါ့ကိုရှာဖို့ သူ့ဟာသူလေယာဉ်စီးပြီး ရောက်လာတာ”

“ပြီးတော့ နင်ကသူ့ကို အိမ်ပေါ်ခေါ်တင်ထားတယ်ပေါ့။ မော့ဟန်က ဒီလိုနွေးနွေးထွေးထွေးရှိမှန်း ငါမသိခဲ့ပါလား? နင့်အတွက် သူကသူစိမ်းပဲလေ။ နင့်ညီမအရင်းလို သဘောထားနေတယ်လို့တော့ ငါ့ကိုမပြောပါဘူးနော်?”

“ငါ့ညီမပဲ!”
မော့ဟန်လေသံက ပြန်ဖြေသည့်အခါ ဒေါသသံပါလာသည်။

“နင့်ညီမဆိုတော့လည်း ဘာဖြစ်လဲ? အခုမှပြန်ရောက်လာတဲ့ငါနဲ့ နင်ကစကားများချင်နေတာလား?”
ရှန်ယို့က သူမပြန်လာရတာ မှားပြီလို့တောင် နည်းနည်းခံစားလာရသည်။

မော့ဟန်က တိတ်ဆိတ်စွာ အကြာကြီးနေပြီးမှ သက်ပြင်းကြီးချလိုက်ကာ ထရပ်လိုက်ပြီး
“အခုငါရေသွားချိုးလိုက်ဦးမယ်။ နင်အိပ်ချင်ရင် အရင်အိပ်”

မော့ဟန်က ရေချိုးခန်းကို ထွက်သွားသော်လည်း ရှန်ယို့က မအိပ်ချင်သေးပေ။ သူမကို အရင်လိုပဲ မလှုပ်မယှက်ထိုင်နေကာ ထွက်သွားသည့် မော့ဟန်၏ကျောပြင်ကို ကြည့်နေသည်။

မော့ဟန်က ပြန်ရောက်လာသောအခါ မီးပိတ်ပြီး သူ့အိပ်ရမည့်ဘက်ခြမ်းတွင် စောင်ခြုံကာ ဝင်အိပ်သည်။ ရှန်ယို့က သူဝင်လှဲသောအခါ သူ့ကိုလာဖက်လေသည်။ မော့ဟန်က နည်းနည်းလှုပ်လိုက်ရင် သူမက တင်းကြပ်စွာ ဖက်ထားမည်ဖြစ်သည်။ ထို့ကြောင့် မော့ဟန်က မလှုပ်နိုင်ပေ။

“မော့ဟန် ငါတို့ရန်မဖြစ်ဘဲ နေရအောင် ဟုတ်ပြီလား?”
ရှန်ယို့က အမှောင်ထဲတွင် တီတိုးပြောသည်။

“ငါနင့်ကိုချစ်တယ်။ ငါတို့တစ်ယောက်ကို တစ်ယောက် မထားခဲ့ဘဲ နေရအောင်။ ထပ်ပြီးတော့လည်း မခွဲတော့ဘူးနော်”
ရှန်ယို့က မော့ဟန်၏ရင်ခွင်ထဲသို့ဝင်ကာ ကနွဲ့ကလျှဖြင့် ပြောသည်။

လူသားတွေက သူတို့မဖြစ်စေချင်သည့် အခြေအနေကနေ ရှောင်ပြေးကြရန် ကိုယ့်ကိုကိုယ်လိမ်ရန်ရွေးချယ်ကြသည်။ အရာအားလုံးဟာ အဆင်ပြေနေပါသည်ဟု သူတို့ကိုယ်သူတို့ပြောရန် အကောင်းဆုံး ထင်ယောင်ထင်မှားတွေကို တည်ဆောက်ကြသည်။ ဤအရာမှာ ဘာဆက်ဖြစ်မလဲဆိုသည်ကို သူတို့မသိ၍မဟုတ်ပေ။ လက်တွေ့ကို မရင်ဆိုင်ချင်လို့သာ ဖြစ်တော့သည်။

ရှန်ယို့က သူမနှင့် မော့ဟန်၏ ဆက်ဆံရေးမှာ အရင်အချိန်အကြာကြီးတည်းက ပျက်စီးနေခဲ့ပြီဆိုသည့် အချက်ကနေ ထွက်ပြေးနေခြင်း ဖြစ်သည်။ သူမက ဤအချက်ကို မရင်ဆိုင်လိုခြင်းသာ ဖြစ်သည်။ ဘာကြောင့်လဲဆိုတော့ ဒီလိုလုပ်ခဲ့ရင် မော့ဟန်က သူမကို တစ်သက်လုံး ထားခဲ့တော့မှာ ဖြစ်သောကြောင့် ဖြစ်သည်။ မော့ဟန်က တစ်ခါ ဆုံးဖြတ်ချက်ချပြီးရင် ဘယ်တော့မှ မပြင်တော့မည့်လူမျိုး ဖြစ်သည်ကို သူမသေချာလည်းသိသည်။

နောက်နေ့မနက်တွင် မော့ဟန်နိုးလာ၍ အိပ်ခန်းမှ ထွက်လာသည့်အခါ ရှုချင်းရီက ထမင်းစားခန်းထဲတွင် အဝတ်လဲပြီးကာ မနက်စာတောင် စားနေလေပြီ။

“ဘာဖြစ်လို့ အစောကြီးနိုးနေတာလဲ?”
မော့ဟန်က ခေါင်းတောင်မဖြီးရသေးဘဲ အိမ်နေရင်းဝတ်စုံကြီးဖြင့် ရှုချင်းရီဆီကို လျှောက်သွားကာ မေးသည်။

“ဒီမနက်ပိုင်းနိုးလာပြီး ပြန်အိပ်မရတော့လို့”
ရှုချင်းရီက မော့ဟန်ကို တစ်ချက်လေးပင် မော့မကြည့်ဘဲ သူမsandwichကို စားရင်းပြောသည်။

Previous Chapter 62 of 75 Next