May Honey Logo May Honey
Previous Next

၇၀။ နတ်ဘုရားကိုကို

“နင်တို့ သူ့အကိုဆိုတာကို မြင်ဖူးလိုက်လား? ကားအကောင်းစားကြီးကို မောင်းလာပြီး အနောက်တိုင်းဝတ်စုံအပြည့်နဲ့ အရမ်းချောတာပဲ။ ငါဓာတ်ပုံခိုးရိုက်ထားပြီး သူငယ်ချင်းတွေကိုပြတော့ အဲ့ဒါငါတို့မြို့က နာမည်ရှိတဲ့ အကောင်ကြီးကြီးတဲ့”
ကောင်မလေးတစ်ယောက်က ပါးစပ်ကိုအုပ်ရင်း ပြောသည်။

“ငါမြင်လိုက်တယ်! သူတို့က ရုပ်ချင်းလည်း မတူကြဘူး။ သူအပြင်မှာ တွေ့လာတဲ့ နတ်ဘုရားကိုကိုများလား? အဲ့တစ်ယောက်က သူ့ကိုတော့ ကောင်းကောင်းဆက်ဆံသားပဲ!”

“ဟုတ်တယ်! အိပ်ရာပေါ်မှာ နတ်ဘုရားကိုကိုလို့ ခေါ်နေလောက်တယ်”
ဘေးကကောင်မလေးမှာ လှောင်ရင်းပြောသည်။

(နတ်ဘုရားကိုကိုဆိုသည်မှာ ငွေချူစားသည့်သူအား ပေးနေသူနှင့်တူသည့် တရုတ်အသုံးအနှုန်းတစ်ခု ဖြစ်ပါသည်။)

ရှုချင်းရီက ထိုနောက်ဆုံးပြောသည့် စကားများကို ကြားသည့်အခါ ရပ်သွားသည်။ သူမသည်းမခံနိုင်တော့သောကြောင့် လက်သီးကို ကျစ်ကျစ်ဆုပ်လိုက်သည်။ သူမအသက်ပြင်းပြင်းရှုကာ စိတ်ငြိမ်ရန်ထိန်းသော်လည်း ထိုစကားများကြောင့် ဒေါသမှာ ဘယ်လိုမှ ထိန်းမရတော့ပေ။

ထိုစကားပြောလိုက်သည့် ကောင်မလေးတစ်ယောက်၏ခေါင်းကို နောက်ကနေ သူမဆေးပုလင်းဖြင့် ချိန်ကာ ရိုက်ချပစ်လိုက်သည်။

“အား!!!”
ထိုကောင်မလေး၏ အော်သံနှင့်အတူ ဆေးပုလင်းမှာ ကြမ်းပြင်ပေါ်သို့ကျကွဲသွားသည်။ သူမနောက်ကို လှည့်ကြည့်သောအခါ ရှုချင်းရီကို မြင်သည်နှင့် သူမလန့်သွားကာ ဘာစကားမှ ထွက်မလာတော့ပေ။

ရှုချင်းရီက ထိုကောင်မလေးဆီလျှောက်သွားကာ အားပါပါဖြင့် ပါးရိုက်ချလိုက်သည်။ အမျက်ခြောင်းခြောင်းထွက်ရင်း
“နင်စကားကိုကြည့်ပြော!”

သူတို့မှာ ရှုချင်းရီဒေါသထွက်သည်ကို တစ်ခါမှ မမြင်ဘူးပေ။ သူမမျက်လုံးတွေက သူတို့ကို ရှင်လျှက်လှီးပစ်နိုင်သည့် ဓားထက်ထက်လို ခိုင်မာကာ စူးရှနေသည်။ သူတို့မှာ ကြောက်လန့်နေကြပြီဖြစ်သော်လည်း ရိုက်ခံလိုက်ရသည့်တစ်ယောက်မှာ တည်ငြိမ်ချင်ယောင်ဆောင်ကာ ပြန်ရန်တွေ့သည်။
“ငါကနင့်ကိုတောင်းပန်စရာလား? ငါပြောတာက အမှန်ပဲ!”

ရှုချင်းရီ မျက်နှာလေးတွင် အချေအပြုံးတစ်ပွင့်ပေါ်လာကာ နောက်တစ်ချက် ထပ်ရိုက်လိုက်သည်။
“နင်ပြောသမျှထဲမှာ အမှန်တစ်ခုမှ ပါမနေတာကို နင်သိသင့်တယ်!”

နှစ်ခါရိုက်ခံလိုက်ရသည့် ကောင်မလေးမှာ ဒေါသများ ပေါက်ကွဲလာတော့သည်။ သူမက ထကာ ရှုချင်းရီကို ကြမ်းပြင်ပေါ်သို့ လဲကျရန်တွန်းလိုက်သည်။ သူမဘေးကသူများကလည်း ရှုချင်းရီအား ဝိုင်းဆွဲသလိုနှင့် ချုပ်ထားကြတော့သည်။ လမ်းဘေးက ဖြတ်သန်းဖြတ်လာများမှာ ရန်ပွဲကို မြင်သောအခါ ဝိုင်းကြည့်လာကြသည်။ သူတို့က ဝင်ဆွဲလျှင် သူတို့ပါ ထိခိုက်သွားမည်ကို စိုးရိမ်ကြသော်လည်း ထွက်သွားမကြဘဲ ရပ်ကြည့်နေကာ ထင်ကြေးအမျိုးမျိုးပေးကြသည်။

ရှုချင်းရီက သူမဆံပင်သူမ လက်တစ်ဖက်ဖြင့် ကာကွယ်ရင်း ထိုကောင်မလေး၏ လက်ကိုဖမ်းလိုက်ကာ ခြေထောက်ကို ပိတ်ကန်လိုက်သည့်အခါ ထိုတစ်ယောက်မှာ ကြမ်းပြင်ပေါ်သို့ လဲကျသွားသည်။ ကျန်တဲ့သူများက ထိုတစ်ယောက်ကို ဝိုင်းထူကြသည်။

“လူဆိုတာ ကိုယ့်စကားကို တာဝန်ယူမှပေါ့!”
ရှုချင်းရီက ထိုကောင်မလေးကို စိုက်ကြည့်ကာ ပြောသည်။

သူတို့ဆက်ဆံရေးမှာ ပျက်ဆီးသွားပြီဖြစ်သောကြောင့် ကြောက်လန့်စိတ်မရှိတော့ပုံရသည်။ ထိုကောင်မလေးက ထရပ်ကာ သူ့ကိုယ်သူလက်ညိုးထိုးရင်း
“ငါကဘာကိုတာဝန်ယူရမှာလဲ? နင်ကသာ ကိုယ့်ကိုကိုယ် ချမ်းသာတဲ့သူဆီကို ရောင်းစားနေတဲ့ xxမ! ဒါတောင် နင်ကသူ့ကို ကိုကြီးလို့ ခေါ်နေသေးတယ်လား? နင်မရှက်ဘူးလား? ငါတို့အကုန်လုံးက အစတည်းက နင့်အကိုမဟုတ်မှန်း သိနေတာ! သူကမော့ဟန်လေ။ မြို့ထဲကလူတိုင်း သူ့ကိုသိကြတယ်။ နင်က သူနဲ့ဘာတော်ရမှာလဲ? နင်မျိုးရိုးနာမည်ကလည်း သူနဲ့တူတာမှ မဟုတ်တာ! နင်က သူ့ဆီကို အတင်းဝင်လုံးတဲ့ဟာမပဲ!!!”

ရှုချင်းရီက သူတို့ကို မော့ဟန်အကြောင်းလည်း မပြောဘူးသလို သူမတွင် အကိုရှိပါသည်ဟုတောင် ယောင်လို့မပြောဘူးပေ။ သူမအမြဲတမ်းထင်ခဲ့မိတာက သူတို့ဖြစ်တည်မှုမှာ မတူကြသောကြောင့် သူမသူငယ်ချင်းဖွဲ့ရင်းလည်း သူ့ကြောင့် ဘာမှဖြစ်မှာမဟုတ်ဟု ထင်ခဲ့မိသည်။ သို့သော် သူမအထင်မှားခဲ့သည်။ ဒီအရာအားလုံးမှာ မတော်တဆမှုဖြစ်ပြီးနောက် မော့ဟန်က သူမကို ကျောင်းလိုက်ပို့ရာတွင် သူတို့တွေမြင်သွားရာမှ ဒီလိုပြဿနာတက်ခြင်း ဖြစ်သည်။

“ဘာဖြစ်လို့ နင်ကိုယ်နင်ပြောနေသလို ငါခံစားနေရပါလိမ့်?”
ရှုချင်းရီက ပြောလိုက်သည်။

“နင်ဘာပြောတာလဲ?”
ထိုကောင်မလေးမှာ စိတ်ရှုပ်သွားပုံပေါ်သည်။

“ငါဘာပြောနေတာလဲဆိုတာ နင်နားမလည်သေးဘူးလား? နင့်အိတ်ထဲမှာ ရှိနေတဲ့ဟာက နင့်လူကြီးပေးထားတာမလား?”

ထိုကောင်မလေးမှာ သူမအကြည့်ကိုရှောင်ကာ အသံပျော့သွားပြီး
“နင်ဘာတွေလာပြောနေတာလဲ? ငါဘာမှမသိဘူး”

Previous Chapter 70 of 75 Next